Saturday, December 9, 2017

🚩 မိတ်ကပ်ပြင်ချင်သူများ အတွက် ဆော့ဝဲလ်

ဖုန်းထဲမှာမိတ်ကပ်ပြင်ချင်သူများအတွက် အကောင်းဆုံးဆော့ဝဲလ်လေးကို
တင်ပေးလိုက်ပါတယ်။
မိတ်ကပ်အပြင် ဆံပင်အရောင်တွေ ဆံပင်အတုတွေပါ
ပြောင်းတာ တပ်တာတွေလုပ်ဆောင်နိုင်ပါတယ်။
ဒီ YouCam Makeup ဆော့ဝဲလ်လေးကို တော်တော်များများသိကြမှာပါ။
အခုက ၂၀၁၈ အတွက်ဗားရှင်းအသစ် 5.27.5 လေးမို့ အရင်တုန်းကထက်
လုပ်ဆောင်ချက်တွေပိုစုံပါတယ်။
လုပ်ဆောင်ချက်အသစ်တွေရော အများကြီးပါလာပါတယ် ;)

🚩 ဆော့ဝဲလ်ဒေါင်းရန်
https://www.blogger.com/blogger.g?blogID=4878143457817701424#allposts

🚩 ဖုန်းလာရင် အသံသွင်းထားပေးမယ့် ဆော့ဝဲလ်



ချစ်သူလေးနဲ့ ဖုန်းပြောထားတာတွေ မိတ်ဆွေတွေနဲ့ ဖုန်းပြောထားတာတွေကို တချိန်သတိရလို့ ပြန်နားထောင်ချင်တဲ့ သူတွေ ဆောင်ထားသင့်တဲ့ ဆော့ဝဲလေးပါ။ ဒီဆော့ဝဲလေးက ဖုန်းလာတာနဲ့ ပြောသမျှအသံတွေကို သူ့အလိုလို အော်တိုသွင်းပေးပါတယ်။ လိုအပ်နေသူများ အောက်မှာ ဒေါင်းလုပ်ရယူနိုင်ပါတယ်။

Crd: ဆော့ဝဲလမ်းညွှန်

🚩 ဆော့ဝဲလ်ဒေါင်းရန်

🚩 ဖုန်း အထားမှားရင် လက်ခုတ်တီးပီ ရှာတဲ့ ဆော့ဝဲလ်



တခါတလေသင့်ဖုန်းကိုဘယ်နားထားမိမှန်းမသိတဲ့အခါ
ရှာရတာအတော်လေးအချိန်ကုန်တယ်။
ဒီလိုမဖြစ်ရအောင်လက်ခုပ်လေးတီးလိုက်တာနဲ့
ဖုန်းကဘယ်နားရှိနေလဲသိရအောင်
ဒီဆော့ဝဲလ်လေးကကူညီပေးပါလိမ့်မယ်။
အသုံးပြုရတာလည်းအရမ်းလွယ်ကူပါတယ် ;)



🚩 ဆော့ဝဲလ်ဒေါင်းရန်

🚩 B612 ဗားရှင်းအသစ်


ဓာတ်ပုံကောင်းကောင်း ရိုတ်ချင်သူများအတွက်..
ဖုန်း Camera မကြည်လို့ စိတ်ညစ်နေတဲ့သူတွေ ဆောင်ထားသင့်တဲ့ဆော့ဝဲလေးပါ။ b612 ဗားရှင်းအသစ်လေးဖြစ်ပါတယ်..အရင်ထပ် ဓာတ်ပုံရိုတ်ရတာ အလွန်ကြည်လင်လာပါတယ်။
 စိတ်ကျေနပ်ဖွယ် အလွန်ကောင်းတဲ့ ချစ်စရာ Sticker လေးတွေ အများအပြားလည်းပါဝင်လာပါတယ်။ ဓာတ်ပုံကောင်းကောင်း ရိုတ်ချင်သူများ ဗားရှင်းအသစ်လေးကို ဒေါင်းယူလိုက်ရအောင်..

🚩 ဆော့ဝဲလ်ဒေါင်းရန်

🚩 Offline နေရာစုံကြည့်နိုင်တဲ့ ဆော့ဝဲလ်

မြန်မာအပါအဝင် တစ်ကမ္ဘာလုံးကိုအင်တာနက်မလိုပဲ လျှောက်ကြည့်ရအောင် ;)
ဒီတခါတော့အင်တာနက်မလိုပဲ တစ်ကမ္ဘာလုံးကိုကြည့်လို့ရမယ့်မြေပုံလေးကို
တင်ပေးလိုက်ပါတယ်။
လမ်းကြောင်းတွေရော အကုန်အသေးစိတ်ကြည့်နိုင်ပါတယ် :)


🚩 ဆော့ဝဲလ်ဒေါင်းရန်

🚩 ဓါတ်ပုံတွေကို အကောင်းဆုံးပြုပြင်နိုင်တဲ့ ဆော့ဝဲလ်



ဒီ Snapseed ဆော့ဝဲလ်လေးက ဖုန်းပေါ်မှာဓာတ်ပုံပြင်ဖို့အကောင်းဆုံးလို့ပြောလို့ရပါတယ်။
ဘာလို့လဲဆိုတော့ ဒီကောင်ကို Google ကနေဖန်တီးပေးထားတာပါ။
ဒါကြောင့်ကိုယ်အိုင်ဒီယာရှိရင် ရှိသလို လိုသလိုဖန်တီးနိုင်မှာပါ။



🚩 ဆော့ဝဲလ်ဒေါင်းရန်

Friday, December 8, 2017

🚩 အသဲပုံ ဒီဇိုင်းလေးနဲ့ App တွေကို Lock ချထားနိုင်တဲ့ ဆော့ဝဲလ်



ဆော့ဝဲတွေကို ကိုယ်မသိဘဲ သုံးလို့မရအောင် အသဲပုံဒီဇိုင်းအလန်းလေးနဲ့ Lock ချထားနိုင်မှာဖြစ်ပါတယ်။ ဒီဆော့ဝဲလေးက Easy Touch ကိုပါထည့်သွင်းပေးထားပါတယ်။ File Size, 5.85MB အသုံးပြုချင်သူများ အောက်မှာဒေါင်းယူနိုင်ပါတယ်။


🚩 ဆော့ဝဲလ်ဒေါင်းရန်

🚩နည်းပညာ စာအုပ်ပေါင်း ၃၀၀ ကျော်စုစည်းထားတဲ့ ဆော့ဝဲလ်



နည်းပညာပိုင်းစိတ်ဝင်စားတဲ့သူများ လေ့လာနေတဲ့သူများအတွက်
အထောက်အကူဖြစ်စေမယ့် စာအုပ်ပေါင်း ၃၀၀ ကျော်ကိုတင်ပေးလိုက်ပါတယ်။


🚩 ဆော့ဝဲလ်ဒေါင်းရန်

🚩 ကျော်ကြားထင်ရှားသူများ၏ အကောင့်များ ထိန်းချူပ်ခံရမူ ဖြစ်ပွားပီးနောက် အကောင့်များ လုံချုံဖို့


ထင်ရှားကျော်ကြားသူများ၏ အကောင့် ထိန်းချုပ်ခံရမှုများ ဖြစ်ပွားပြီးနောက် Facebook အနေဖြင့် မြန်မာနိုင်ငံမှ တစ်ကိုယ်ရေသုံး အကောင့်များ လုံခြုံရေးအတွက် အသိပေးချက် ထုတ်ပြန်လိုက်ကြောင်း သတင်းရရှိသည်။

ယင်းထုတ်ပြန်ချက်တွင် ပါဝင်သော အကြောင်းအရာများမှာ Facebook သုံးစွဲသူတိုင်း အခြေခံသိထားရမည့် အချက်များ ဖြစ်သော်လည်း သတိမပြုမိသူများစွာ ရှိနေကြောင်း သိရသည်။

ယင်းအသိပေးချက်တွင် “မျှဝေထားတဲ့ ပို့စ်တွေကို စီမံခန့်ခွဲပါ၊ Apps: မပြန့်ပွားပါစေနဲ့၊ လွယ်ကူတဲ့ ပစ်မှတ် မဖြစ်ပါစေနဲ့၊ လုံခြုံမှုစစ်ဆေးခြင်း၊ အကောင့်မှထွက်ခြင်း (နေရာငါးခုမှာ တစ်ချိန်တည်းရှိနေဖို့ မလိုအပ်ပါဘူး)၊ အကောင့်ဝင်ခြင်း သတိပေးချက် ပထမဆုံး သိသူဖြစ်ပါစေ၊ စကားဝှက်ကို လျှို့ဝှက်ထားပါ လုံခြုံအောင်ထားပါ” စသည့်အချက်များ ပါဝင်ကြောင်း သိရသည်။

“မျှဝေထားတဲ့ ပို့စ်တွေကို စီမံခန့်ခွဲပါ” တွင် “သင်က ပို့စ်တစ်ခုစီကို ပုံစံတစ်မျိုးစီနဲ့ မျှဝေချင်တယ်ဆိုရင် အများပြည်သူ၊ မိတ်ဆွေ သက်သက်၊ သီးသန့်အုပ်စု သို့မဟုတ် ကိုယ်နှစ်သက်သလို ပြောင်းထားနိုင်ပါတယ်။ တကယ်လို့ သင်က တချို့ပုံတွေ၊ ဇာတ်ကားတွေ ဒါမှ မဟုတ် အချက်အလက်သစ်တွေကို သင်နှစ်သက်ရာ လူတချို့ကိုပဲ မျှဝေချင်ပြီးတော့ တခြားသူတွေကို မမြင်စေချင်တဲ့ အခါမျိုးမှာ ဒီအချက်ဟာ အရေးကြီးပါတယ်။ ဥပမာအားဖြင့် သင့်ရဲ့အလုပ်နဲ့ ပတ်သက်တဲ့ကိစ္စတွေကို လူအများကို သိစေပေမယ့် မိသားစု ဓာတ်ပုံတွေကိုတော့ သီးသန့်အနေနဲ့ ထားတာမျိုးပါ”ဟုဖော်ပြထားသည်။

“ Apps: မပြန့်ပွားပါစေနဲ့ ” တွင် Apps: များအသုံးပြုရာ၌ Facebook ဖြင့် ၀င်ရောက်ရခြင်းများရှိပြီး App တစ်ခုချင်းစီကို တွေ့မြင်နိုင်သူများနှင့် Apps များက တင်ပေးလာမည့် ပို့စ်များကို ပြုပြင်ပြောင်းလဲခြင်း၊ အသုံးမပြုတော့သော Apps များကို ဖျက်ပစ်ခြင်းမျိုး ပြုလုပ်နိုင်ကြောင်း Facebook က ဖော်ပြထားသည်။

အကောင့်ကို ခိုးယူရန် အလွယ်ဆုံးနည်းလမ်းမှာ သိသာထင်ရှားသော အချက်အလက်များဖြစ်သည့် အိမ်လိပ်စာ၊ အီးမေးလ်၊ မွေးနေ့နှင့် အခြားလူစိမ်းများကို မပြောပြသင့်သော အချက်အလက်များဖြစ်ကြောင်း၊ ယင်းအချက်အလက်များမှာ လူတိုင်းကို ပြောပြသင့်သော အချက်အလက်များ မဟုတ်ကြောင်း Facebook က ဆိုသည်။

ထို့ပြင် မိမိ၏လူမှုကွန်ရက်အကောင့်ကို မည်သည့်နေရာများမှ မည်သည့်စက်ပစ္စည်းများဖြင့် ၀င်ရောက်နေသည်ကို စုံစမ်းစစ်ဆေးမှုများ jပုလုပ်နိုင်ကြောင်း၊ သင်ထိန်းချုပ်နိုင်ခြင်း မရှိသော ပစ္စည်းများဖြင့် ၀င်ရောက်ထားသည်ကို တွေ့ရပါက မိမိထွက်လိုသော ထုတ်ကုန် တစ်ခုချင်းစီကို ရွေးချယ်နိုင်ပြီး “အကောင့်အားလုံး ထွက်ပါ”လုပ်ဆောင်ချက်ဖြင့်လည်း ပြုလုပ်နိုင်ကြောင်း ဖော်ပြထားသည်။

မိမိ၏အကောင့်ကို ပစ္စည်းအသစ် တစ်ခုခုဖြင့် စစချင်း ၀င်ရောက်အသုံးပြုပါက သတိပေးချက်ပြုလုပ်ခြင်းကိုလည်း ချိန်ညှိထားနိုင်ပြီး မိမိကိုယ်တိုင် ၀င်ရောက် အသုံးပြုခြင်း ဟုတ် မဟုတ် စစ်ဆေးနိုင်မည်ဖြစ်ကြောင်း Facebook က အကြံပြုထားသည်။

မိမိအကောင့်၏ စကားဝှက်ကိုလည်း ခန့်မှန်းရလွယ်ကူသော စကားဝှက်အစား ရှုပ်ထွေးရှည်လျားသော စကားဝှက်ကိုပေးခြင်းဖြင့် လုံခြုံရေးကို အဆင့်မြှင့်တင်နိုင်ကြောင်း စသည်ဖြင့် ဖော်ပြထားသည်။

Source: eleven

🚩 ညဘက်မှာ ဓါတ်ပုံရိုက်လေ့ရှိသူတွေအတွက် Night Camera



အလင်းရောင်နည်းပါတဲ့ အချိန်မှာ ဓာတ်ပုံရိုတ် လေ့ရှိသူတွေတွက် အလွန်အဆင်ပြေတဲ့ ဆော့ဝဲလေးပါ။ ဒီကောင်းလေးရဲ့ ကင်မရာဖြင့် ညဘက်မီးအရောင်နည်းပါးတဲ့ အမှောင်ထဲမှာဓာတ်ပုံရိုတ်ရင် Original ကင်မရာထက်ကြည့်လင်ပြတ်သားတဲ့ပုံရိပ်ကိုရရှိမှာဖြစ်ပါတယ်🚩 ဆော့ဝဲလ်ဒေါင်းရန်

မြန်မာ အင်္ဂလိပ် ဘာသာပြန်ဆော့ဝဲလ်



မြန်မာစာသားများကိုရိုက်ထည့်ပြီး အင်္ဂလိပ်လိုဘာသာပြန်နိုင်တဲ့ ဆော့ဝဲလေးပါ။ အသုံးပြုရန် အပေါ်အကွက်တွင် မြန်မာဘာသာကို ရိုတ်ထည့်ပြီး Translator ကိုနှိပ်လိုက်ရင် အောက်အကွက်တွင် အင်္ဂလိပ်ဘာသာပြန်ကို မြန်မာစာမှန်မှန်နဲ တွေ့ ရမှာဖြစ်ပါတယ်။ အသုံးဝင်မယ်ဆိုရင်တော့ ဗားရှင်းအသစ်လေးကို ဒေါင်းယူနိုင်ပါတယ်။

🚩 ဆော့ဝဲလ်ဒေါင်းရန်

🚩 TubeMate Version အသစ်

Youtube က ဗီဒီယိုတွေကို အမြန်ဆန်ဆုံး ဒေါင်းယူနိုင်မယ့် TubeMate ဗားရှင်းအသစ်
ဒီနေ့ ဘဲထွက်လာတဲ့ ဗီဒီယိုတွေကို အမြန်ဆုံးဒေါင်းယူနိုင်တဲ့ TubeMate ဗားရှင်းအသစ်လေးပါ။ 
Yutube က ဗီဒီယိုပေါင်းစုံကို Mp3 Mp4 စိတ်ကြိုက်ဒေါင်းယူနိုင်ဖို့ ဗားရှင်းအသစ်လေးကို စမ်းသုံးနိုင်ပါပြီ။ 5MB ထဲပါ..


🚩 ဆော့ဝဲလ်ဒေါင်းရန်

🚩 Adobe After Effects CS6 အသုံးပြုနည်း Ebook



Adobe After Effects CS6 ကို စတင်လေ့လာနေသူများအတွက် Adobe After Effects CS6 စာအုပ်လေးမျှဝေပေးလိုက်ပါတယ် 

ဆော့ဝဲလ်ဒေါင်းရန်

🚩 အမေရိကန် စစ်တိုက်ဂိမ်း

အမေရိကန် ကွန်မန်ဒိုအထူးတပ်သားတစ်ယောက်အဖြစ် ဒုတိယ ကမ္ဘာစစ်မှာ တိုက်ခိုက်ရမယ့်ဂိမ်း

ဒေါင်းပြီးတန်းဆော့ပါ _ ဖိုင်ထပ်ထည့်ရန်မလိုပါဘူး

Call of duty တို့ brother in army  ပုံစံ ဆင်​တူတဲ့ သနပ်​ပစ်​ ဂိမ်း​ကောင်း​လေးပါ
ရုပ်​ထွက်​ပိုင်း​လေး သ​ဘောကြတယ်​ ...
90 mb နဲ့ ဒီ​လောက်​လာရင်​ မဆိုးဘူးလို့ ဆိုရမယ့်​ဂိမ်းပါ ...

Via - ဂိမ်းဝါသနာရှင်🚩 ဆော့ဝဲလ်ဒေါင်းရန်

🚩 Samsung ဖုန်း အတုအစစ် ရွေးခြယ်နည်း


Samsaung Phone ပိုင်ရှင်တွေအတွက် မိမိတို့ ဖုန်းဟာ ဘယ်နိုင်ငံကထုတ်ပါလဲ... အတုလားအစစ်လားဆိုတာ အနီးစပ်ဆုံး စမ်းသတ် နိုင်မဲ့ နည်းလမ်းလေးတွေ ကို သိသလောက်ပြန်လည် တင်ပြ ဝေမျှလိုက်ပါတယ်...
ဖုန်းဝယ်တော့မယ်ဆိုရင် ဖုန်းဆိုင်မှာပဲ Original စစ် မစစ်၊ ဖုန်းရဲ့ Quality အရည်သွေး ကောင်း မကောင်း မိမိကိုယ်တိုင် စစ်ဆေးနိုင်ဖို့ အလွယ်ကူဆုံးနဲ့ အထိရောက်ဆုံးနည်းလမ်းလေးတွေကို သိထားဖို့ အမှန်တကယ်လိုအပ်ပါတယ်.. ဒါကြောင့် အောက်မှာ လေ့လာလိုက်ပါနော်...
မိမိဝယ်လိုက်တဲ့ ဖုန်းဟာ Quality ပြည့်ပြီး Original ဖုန်းစစ်မစစ်ကို မျက်လုံးနဲ့ ကြည့်ရုံနဲ့ မသိနိုင်ပါဘူး။ အခုခေတ်မှာ ပုံတူပွားပြီး ထုတ်ထားတဲ့ Clone ဖုန်းတွေကလည်း အများသားပဲလေ။ ဒါ့ကြောင့် ကိုယ့်ရဲ့ဖုန်းဟာ Original ဖုန်းစစ်မစစ်ကို စမ်းသပ်ကြည့်နိုင်ဖို့ ဖော်ပြပေးလိုက်ပါတယ်။
ပထမဆုံးအနေနဲ့ *#06# ကို ရိုက်ပြီး Call လုပ်လိုက်ပါ။ အဲဒီမှာ နိုင်ငံတကာ မိုဘိုင်းဖုန်း တပ်ဆင်ခြင်းဆိုင်ရာခွင့်ပြုချက်အမှတ် (International Mobile Equipment Identity - IMEI) ဂဏန်း ၁၅ လုံး ထွက်ပေါ်လာတာကို မြင်တွေ့ ရမှာပါ။ ဥပမာအားဖြင့်ပေါ့ 4 3 4 5 6 6 1 0 6 7 8 9 4 3 5 ဆိုပါစို့။ အဲဒီ ဂဏန်း ၁၅ လုံးထဲက (၇) ကြိမ်မြောက်နဲ့ (၈) ကြိမ်မြောက်ဂဏန်းဟာ-ထုတ်လုပ်တဲ့ နိုင်ငံကို ဖေါ်ပြထားခြင်းဖြစ်ပါတယ်.. အောက်မှာ ဖေါ်ပြလိုက်ပါတယ်.....။

မိမိတို့ဖုန်းကို call ကနေ *#06# ဆိုတာရေးလိုက်ပါ ကျလာတဲ့ IMEI နံပါတ်တွေကိုကြည့်ပါ...။

(၁) 02 (သို့မဟုတ်) 20 ဖြစ်မယ်ဆိုရင် သင့်ရဲ့ဖုန်းက တရုတ်နိုင်ငံထုတ် အနိမ့်ဆုံး Quality ရှိတဲ့ ဖုန်းတစ်လုံးဖြစ်တယ် ဆိုတာ ဖော်ပြနေတာပါပဲ။

(၂) 08 (သို့မဟုတ်) 80 ဖြစ်မယ်ဆိုရင် သင့်ရဲ့ ဖုန်းကို ဂျာမနီမှာ ထုတ်လုပ်ထားတယ်ဆိုတာ ပြသနေပါတယ်။ Quality ပိုင်းမှာတော့ အသင့်အတင့်ရှိနေပါတယ်။ အဆိုးဆုံးတော့ မဟုတ်ပါဘူး။

(၃) 01 (သို့မဟုတ်) 10 ဖြစ်မယ်ဆိုရင် သင့်ရဲ့ ဖုန်းကို ဖင်လန်နိုင်ငံမှာ ထုတ်လုပ်ထားတယ်ဆိုတာ ပြသနေပါတယ်။ Quality ပြည့်တဲ့ ဖုန်းတစ်လုံးလို့ သတ်မှတ်နိုင်ပါတယ်။

(၄) 00 ဖြစ်မယ်ဆိုရင်တော့ သင့်ရဲ့ဖုန်းက မူရင်းစက်ရုံမှာ ထုတ်လုပ်တယ်ဆိုတာကို ဖော်ပြနေပါတယ်။ အကောင်းဆုံး Quality ရှိတဲ့ဖုန်းလို့ သတ်မှတ်နိုင်မှာ ဖြစ်ပါတယ်။

(၅) 05 (သို့မဟုတ်) 50 ဖြစ်မယ်ဆိုရင် ကိုရီးယားနိုင်ငံထုတ်ဖြစ်ပြီး၊ 03 (သို့) 30၊ 04 , 40၊ 06 , 60 ဖြစ်မယ်ဆိုရင် ဗီယမ်နမ်၊ စင်္ကာပူ၊ ထိုင်ဝမ် တို့မှာထုတ်လုပ်ပြီး Quality အတော်ကောင်းတဲ့ဖုန်းဖြစ်နေပါပြီ။

(၆) 13 သို့မဟုတ် 31 ဖြစ်မယ်ဆိုရင်တော့ သင့်ရဲ့ဖုန်းဟာ အဆိုးရွားဆုံး Quality ရှိတဲ့ ဖုန်းတစ်လုံးလို့ သတ်မှတ်နိုင်ပါတယ်။ အဆိုးဆုံးကတော့ အဲဒီဖုန်းဟာ သင့်ရဲ့ကျန်းမာရေး အတွက် အန္တရာယ်အရှိဆုံး ဖုန်းတစ်လုံးဖြစ်တာကြောင့် စွန့်လွှတ်ဖို့ ၀န်မလေးနေပါနဲ့။
နောက်ထပ် ဆက်လက် စမ်းသတ်လိုပါက.. မိမိတို့ဖုန်းမှာ *#0*# ကို call ပါ။ Original
စစ်ရင် colour လေးတွေပေါ်လာမယ်။ font camera တို့ speaker တို့အစရှိသဖြင့် ဖုန်းတလုံးရဲ့ အရေးကြီးအစိတ်ပိုင်းတွေပါ စမ်းသပ်နိုင်ပါတယ်။

ဆက်လက်ပြီး sensor ကိုနှိပ်ဝင်ပြီး image test နှိပ်ပေးရင် ခွေးပုံလေး
ပေါ်လာလိမ့်မယ် အတုဆိုရင် မပေါ်ပါဘူး ဒါကလည်း စစ်ဆေးဖို့ လွယ်ကူပါတယ်...

နောက်ဆုံး မဖြစ်မနေ စစ်ဆေးရမဲ့ နည်းလမ်းကတော့ မိမိတို့ ၀ယ်မဲ့ဖုန်ူးက Font Style ဆိုတာပါကိုပါရပါမယ် Samsaung Phone အစစ်မှန်ရင်ပါရမှာဖြစ်ပါတယ်.. ဒါကြောင့်
Phone Seting >> Display >> Font >> Font Style ဆိုတဲ့တိုင်း ၀င်ကြည့်လိုက်ပါ...မပါဘူးဆို ဆမ်ဆောင်းဖုန်း မစစ်ပါဘူးဗျာ..

နောက်ဆုံး စမ်းသတ်ဖို့လိုအပ်တာကတော့ မိမိတို့ ဖုန်းကို Download Mode သာဝင်ကြည့်လိုက်ပါ ဖုန်းအတုတွေမှာ လုံးဝ မပါပါဘူး… ဖုန်းအစစ်တွေမှသာလျှင် Download Mode ဆိုတာပါတာဖြစ်ပါတယ်…

အထက်မှာ ဖော်ပြထားတဲ့ ကိန်းဂဏန်းတွေအပြင် အခြားနိုင်ငံတွေရဲ့ ကုဒ်နံပါတ်တွေရှိပါသေးတယ်။ ဖော်ပြထားတဲ့ ကုဒ်နံပါတ်တွေက ထင်ရှားတဲ့ နံပါတ်တွေကိုပဲ ဖော်ပြထားတာဖြစ်ပါတယ်။ ဒါဆိုရင် သင့်ရဲ့ဖုန်းက Quality ပြည့်မပြည့် Original စစ်မစစ်ဆိုတာ စမ်းသပ် စစ်ဆေးနိုင်ပြီလို့ မျှော်လင့်မိပါတယ်။ အားလုံး စစ်မှန်၊ အရည်သွေးမြင့်ဖုန်းတလုံးပိုင်ဆိုင်နိုင်ပါစေ။ သည်နည်းလမ်းလေးကို ကျွန်တော် အမြဲ Note Pad နဲ့သိမ်းထားပါတယ်.. မေးတဲ့သူရှိတိုင်း ကိုယ်တိုင်ဝယ်တိုင်းလည်း သည်နည်းလေးနဲ့ စမ်းသပ်ခဲ့ပါတယ်

Credit / (  ..... )






🚩ြ မန်မာတီဗီလိုင်း အပါအဝင် Skynet ကဘောပွဲတွေကြည့်နိုင်တဲ့ ဆော့ဝဲလ်

Sky Net ဘောလုံးပွဲလိုင်းများနဲ့ အခြားမြန်မာတီဗွီလိုင်းအစုံကို ဖုန်းထဲမှာအလွယ်တကူကြည့်နိုင်တဲ့ဆော့ဝဲ
Skynetကို လစဉ်ကြေး နှစ်စဉ်ကြေးပေးစရာမလိုပါဘူး
ဒီဆော့ဝဲကို ဖုန်းထဲမှာထည့်ထားရင် ကိုယ်ကြည့်ချင်တဲ့လိုင်းကို အလွယ်တကူရွေးချယ်ကြည့်လို့ရပါတယ်

အောက်မှာကျွန်တော်နမူနာကြည့်ထားတဲ့ ပုံတွေပါ
တကယ်ကြည့်ရလို့ တင်ပေးထားပါတယ်

တကယ်ကြည့်လို့ရတဲ့ ဆော့ဝဲဖြစ်ကြောင်း သေချာစမ်းသုံးပြီးမှတင်ပေးတာပါ

ကျေးဇူးတင်ပါတယ်ခင်ဗျာ
🚩 ဆော့ဝဲလ်ဒေါင်းရန်

Thursday, December 7, 2017

🚩 ဖုန်းထဲကနေ နေရာစုံသွားနိုင်တဲ့ ဆော့ဝဲလ်

ဖုန်းထဲကနေထိုင်ရာကမထပဲ ကမ္ဘာပတ်ကြမယ် ;)
ကိုယ်တိုင်ရောက်ရှိနေရသလို သွားရမှာပါ။
တစ်ကမ္ဘာလုံးကိုလှည့်ပြီး ကိုယ်ကြိုက်တဲ့နေရာ လျှောက်ပတ်ကြည့်လို့ရပါတယ်။
ရုပ်ထွက်ကလည်း တကယ့်အပြင်မှာမျက်လုံးနဲ့ကြည့်ရသလို လုံးဝကြည်လင်နေမှာပါ ;)
ကျနော်ကတော့ အားတိုင်းဒီကောင်လေးနဲ့ နိုင်ငံပေါင်းစုံ
ကိုယ်သွားချင်တဲ့နေရာလေးတွေ လျှောက်ကြည့်တတ်ပါတယ် :P
ဖိုင်ဆိုဒ်ကလည်း 10 MB သာရှိပြီး ဒေါင်းတဲ့အခါ Bill နည်းနည်းပဲကုန်မှာပါ :)




🚩 ဆော့ဝဲလ်ဒေါင်းရန်

🚩 စွန့်စားပီး တိုက်တွေပေါ်က ခုံကစားရမယ့်ဂိမ်း



စွန့်စားပြီးတိုက်ပေါ်တွေက ခုံကစားရမယ့်ဂိမ်းလေးပါ... အချိန်အကန့်သက်ထားပြီး အလျင်မြန်ဆုံးကစားရမှာဖြစ်ပါတယ်... ရုပ်ထွက်ကောင်းပြီး ဒေါင်းပြီးတန်းဆော့ရုံပါ File Size, 87.24 MB


<iframe scrolling="no" frameborder="no" clocktype="html5" style="overflow:hidden;border:0;margin:0;padding:0;width:120px;height:40px;"src="http://faq.clocklink.com/html5embed.php?clock=004&timezone=GMT0630&color=green&size=120&Title=&Message=&Target=&From=2017,1,1,0,0,0&Color=green"></iframe>

🚩 Line ဗားရှင်းအသစ်



Line အသုံးပြုသူများအတွက် ဒီဇင်ဘာ ၆ ရက်နေ့မှာ ထွက်ရှိလာတဲ့
Line ဗားရှင်းအသစ် 7.16.3 လေးပါ။
ထူးခြားချက်အနေနဲ့ ကိုယ်ပြောထားတဲ့ Message တွေကို
ပြန်လည်ရှာဖွေနိုင်တဲ့ Search လေးပါဝင်လာပါတယ်။
ပြီးတော့ Facebook မှာလို Live လွှင့်လို့ရပါပြီ ;)
အခြားလုပ်ဆောင်ချက်အလန်းတွေိကိုတော့ ကိုယ်တိုင်ပဲသုံးကြည့်ကြပေါ့နော် ;)

#LineUpdate
🚩ေ ဆာ့ဝဲလ်ဒေါင်းရန်

🚩 Messenger Version - 146.0.0.33.136


☑☑☑☑☑☑☑☑☑☑☑☑☑

File size / 33.92mb

လိုအပ်ရင် အောက် မှာ ဒေါင်းပါ ...
http://play.google.com/store/apps/details?id=com.facebook.orca

🚩 Facebook Version - 152.0.0.42.136


☑☑☑☑☑☑☑☑☑☑☑☑☑

File size / 53.98mb

လိုအပ်ရင် အောက် မှာ ဒေါင်းပါ ...

Wednesday, December 6, 2017

🚩 ဗီဒီယို ( ၃ ) ခုကို တစ်ပြိုင်ထဲကြည့်နိုင်တဲ့ ဆော့ဝဲလ်



အခုတင်ပေးလိုက်တဲ့ App က မိမိတို့ဖုန်းထဲမှာ ဗီဒီယို (၃) ခုကို တစ်ပြိုင်နက်ထဲကြည့်ရှုခံစားနိုင်ပါတယ်။ ဒီ App လေးထဲကနေဘဲ ဗီဒီယို (၃) ခုလုံးကို ဖွင့်ပေးရမှာဖြစ်ပါတယ်။ လိုအပ်တဲ့ ဘော်ဒါတွေဆောင်ထားနော်...

🚩 ဆော့ဝဲလ်ဒေါင်းရန်

🚩 ဓါတ်ပုံတွေကို အမိုက်စား ပြုပြင်နိုင်တဲ့ ဆော့ဝဲလ်


ပုံတွေကို လှပတဲ့ပုံလေးတွေကို ကိုယ်တိုင်ဖန်တီးနိုင်တဲ့ ဆော့ဝဲလေးပါ။ စိတ်ကူးရှိသလို အလန်းစားပုံတွေကို  ဖန်တီးလိုတဲ့ ဘော်ဒါတွေအတွက်ပါ။ နမူနာပုံလေးတွေကြည့်ပြီး စမ်းသုံးကြည့်နိုင်ပါတယ်။ File Size, 21.1 MB
🚩 ဆော့ဝဲလ်ဒေါင်းရန်.

🚩 ယာဉ်စည်းကမ်း လမ်းစည်းကမ်းတွေ လေ့လာနိုင်တဲ့ ဆော့ဝဲလ်



ယဉ်စည်းကမ်း လမ်းစည်းကမ်း စံပြအမေးအဖြေနှင့် လမ်းညွှန်များ၊ လမ်းအမှတ်အသားများကို အတူတကွလေ့လာနိုင်မှာဖြစ်ပြီး ယာဉ်မောင်းလိုင်စင် စာမေးပွဲအတွက် ကြိုတင်ပြင်ဆင်နိုင်မှာဖြစ်ပါတယ်။ လိုအပ်တဲ့ ဘော်ဒါတွေ ဆောင်ထားကြအုံးနော်...

🚩 ဂိမ်းကစားရင်း ဖုန်းလာရင် အလွယ်တကူ ဖြေရှင်းနိုင်တဲ့ ဆော့ဝဲလ်



ဖုန်းလာတဲ့အခါ Game ကစားနေရင် အလွယ်တကူဖုန်းကိုင်လို့ရမယ့် ဆော့ဝဲလေးပါ။ ဖုန်းအ၀င်လာရင် ​​ဗားတန်း​ပေါ်ကကျလာမှာဖြစ်ပြီး ဖုန်းကိုင်မည်ဆိုပါက Amswer ကိုနှိပ်ပေးရမှာဖြစ်ပြီး Reject နှိပ်ပါက ဖုန်းချသွားမှာဖြစ်ပါတယ်။ ဆော့ဝဲလ်လေးကိုဒေါင်းပြီးတာနဲ့ သုံးနိုင်ပါပြီ။

ဆော့ဝဲလ်ဒေါင်းရန်

🚩 ( Hacker ) ဟက်ကာလမ်းညွှန် ဆော့ဝဲလ်

ဆော့ဝဲလ်ဒေါင်းရန်

ဟက်​ကာပိုင်းကို​လေ့လာ​နေသူများအတွက်​အသုံးဝင်​ပါမယ်​။ အသုံးပြုရာတွင်​လဲ အင်​တာနက်​ ဖွင့်​ထားစရာမလိုအပ်​ပဲ နည်းလမ်းများကို တိုက်​ရိုက်​​လေ့လာနိုင်​မည်​ဖြစ်​သည်​။ မိမိ​ကောင်းကျိုးကိုကြည့်​ပြီး အခြားသူဒုက္ခ​ရောက်​​အောင်​မလုပ်​ဖို့ ​မေတ္တာရပ်​ခံပါတယ်​ ...

Developer - Netso
App Size - 9MB
Version - 3.0



🚩 XAPK ဖိုင်တွေကိုဘယ်လို Install လုပ်ရမလဲ ?



ဖိုင်ဆိုဒ်ကြီးတဲ့ Game ဖိုင်အများစုကို Play Store ကနေမဒေါင်းပဲ
APKPure ကနေဒေါင်းတဲ့အခါ XAPK ဖိုင်အနေနဲ့ရလာပါတယ်။
ဒီ XAPK ဖိုင်တွေကို ရိုးရိုး APK အတိုင်းချက်ချင်း Install လို့မရပါ။
သူက APK ဖိုင်ရယ် သက်ဆိုင်ရာ Obb,data cache ဖိုင်တွေကို တစ်ခုတည်းအဖြစ်ပေါင်းပြီး
XAPK အနေနဲ့လုပ်ပေးလိုက်တာပါ။
ဒါကို Zip ဖြည်ပြီး Manual Install ရင်လည်းရပါတယ်။
obb, data တွေကိုလည်း သူ့နေရာနဲ့ Package name အလိုက်
Copy/Move/Cut ပေးရတာ တော်တော်လေးအလုပ်ရှုပ်ပါတယ်။
ဒါကြောင့် ကျနော် XAPK Installer ဆိုတဲ့ App တခုလုပ်ပြီး
XAPK တွေဖိုင်တွေကို တစ်ချက်နှိပ်ရုံနဲ့ Install လုပ်ပေးအောင်လုပ်ပေးထားပါတယ်။
အသေးစိတ်ကိုတော့ Video ထဲမှာပဲကြည့်လိုက်ကြပါ။

#XAPKInstaller

🚩 Offline သုံးနိုင်တဲ့ ရန်ကုန်မြေပုံ ဆော့ဝဲလ်



ရန်ကုန်နေတဲ့ ဘော်ဒါတွေအတွက် လမ်းကြောင်းတခုနဲ့ တခုဘယ်လောက်ကွာဝေးသလဲ အင်တာနက်မလို ရှာဖွေကြည့်ရူနိုင်တဲ့ ဆော့ဝဲလေးပါ။ ရန်ကုန်မှာနေတဲ့ ဘော်ဒါတွေ တနေရာနဲ့တနေရာ လမ်းမသိမှာကိုလည်း စိတ်ပူစရာမလိုတော့ပါဘူး... File Size, 22.38MB

🚩 Mobile Legends: Bang Bang 1.2.35.2235 Apk



Mobile Legend ချစ်သူများအတွက် နောက်ဆုံးဗာရှင်းအသစ် 1.2.35.2235 ထွက်ရှိလို့လာပါပြီ 😍
ထူးခြားချက်များစွာနဲ့ ဒီဗားရှင်းအသစ်ကိုဒေါင်းယူပြီး Update ပေးလိုက်ကြပါဦးနော် 😎
အောက်ပါလင့်ကနေဒေါင်းယူနိုင်ပါတယ်။


ဆော့ဝဲလ်ဒေါင်းရန်

🚩 ကြက်တိုက်တဲ့ဂိမ်း

အရမ်းကြိုက်သွားစေမယ့် ကြက်ဖခွပ်တဲ့ ဂိမ်း
ကြက်ဖတိုက်ကြမယ်.. ;)
ဖိုက်တာ ကြက်ဖကြီးတွေနဲ့ကြက်တိုက်ရမယ့် ဂိမ်းအလန်းစားလေးပါ။
ရုပ်ထွက်ကတော့ ပြောစရာမလိုအောင် လန်းပြီး ဆော့ရတာလည်း အရမ်းလည်ပါတယ်။

ဆော့ဝဲလ်ဒေါင်းရန်

🚩ြ မန်မာဘာသာစကားကို ဘာသာပေါင်း ၇ မျိုးနဲ့ ဘာသာပြန်နိုင်တဲ့ ဆော့ဝဲလ်



 စာကြောင်း အရှည်ကြီးတွေလည်း ဘာသာပြန်နိုင်ပါတယ်။
အခုTranslator ကတော့ တခြား Translator တွေလိုမဟုတ်ဘဲ မြန်မာဘာသာတွက်ဇော်ဂျီဖောင့်ကို အသုံးပြုထားတဲ့အတွက် မြန်မာစာကိုတော့လုံးဝမှန်ကန်စေပါတယ်။
အင်္ဂလိပ် တရုတ် ဂျပန် ကိုးရီးယား ထိုင်း မလေးရှား အင်ဒိုနီးရှာ စတဲ့ နိုင်ငံတွေရဲ့ ဘာသာစကားတွေကို မြန်မာလိုပြန်နိုင်အောင် အကောင်းဆုံးဖန်တီးထားတဲ့ ဆော့ဝဲလေးပါ။ စမ်းသုံးကြည့်ကြပါ အရမ်းတန်ဖိုးရှိပါတယ်။ ဖိုင်ဆိုဒ် 2MB
 အောက်ကလင့်မှာဒေါင်းပြီး အားပေးကြပါနော်...

မည်သူမဆို လွှတ်လပ်စွာ Share သွားနိုင်ပါတယ်။
ဆော့ဝဲလ်ဒေါင်းရန်

🚩 ဖုန်းတစ်လုံးကို ပေါ့ပါးသွက်လက်အောင် ဘယ်လိုလုပ်မလဲ



ကျွန်တော်တို့ ဖုန်းတစ်လုံးကို အင်တာနက်သုံးတဲ့နေရာမှာ တစ်နေ့တစ်ခြား Data တွေ တက်လာတာ တွေ့ရပါတယ်။ Facebook တို့ Viber တို့ကအစ ကွန်ပျူတာနဲ့သုံးရင် Log Out လုပ်လေ့ရှိကြပေမယ့် ဖုန်းနဲ့သုံးရင် ပုံမှန်အားဖြင့် Log Out လုပ်လေ့မရှိကြပါဘူး။ သုံးတာကြာလာတာနှင့်အမျှ Data တွေ တဖြည်းဖြည်းတက်လာပြီး Storage တက်လာပါတယ်။ အဲဒီလို Storage တက်လာတာနှင့်အမျှ စမတ်ဖုန်းဟာ လေးလံလာတော့တာပါပဲ။ ဒီတစ်ပတ်ဆောင်းပါးမှာတော့ စမတ်ဖုန်းတစ်လုံးကို ပေါ့ပါးအောင် ဘယ်လိုလုပ်မလဲဆိုတာကို အသေးစိတ်ဖော်ပြပါမယ်။

၁။ မကြာခဏ Restart ချပါ။

တော်တော်များများက ဖုန်းကို သုံးကြပေမယ့် Restart ချတဲ့အလေ့အကျင့်မရှိကြပါဘူး။ ဖုန်းတွေဟာ သုံးတာကြာလာတာနှင့်အမျှ အပူတွေတက်လာပြီး လေးလံတာမျိုးတွေ ဖြစ်တတ်ပါတယ်။ ဖြစ်နိုင်ရင် တစ်နေ့ကို Restart ၂ကြိမ် ၊ ၃ကြိမ်ခန့် ချပေးပါ။ လူတွေတောင် အိပ်စက်အနားယူရသလို ဖုန်းတွေအတွက်လည်း ရေရှည်ခိုင်မြဲဖို့အတွက် အနားပေးသင့်ပါတယ်။ အကောင်းဆုံးကတော့ လူအိပ်ပြီဆိုလျင် ဖုန်းကိုလည်း စက်ပိတ်ထားသင့်ပါတယ်။

၂။ Software အားလုံးကို နောက်ဆုံး Version တင်ထားပါ။

စမတ်ဖုန်းတွင် Software များအားလုံး Version အသစ်ထွက်တိုင်း Update လုပ်ထားသင့်ပါတယ်။ Latest Version Software များသည် စွမ်းဆောင်ရည်မြင့်မားရုံသာမက ဘတ္ထရီသက်တမ်းကိုလည်း ကြာရှည်စေပါတယ်။

၃။ မလိုအပ်တဲ့ Data ၊ Application တွေကို ဖျက်ပစ်ပါ။

စမတ်ဖုန်းတွေမှာ Application တွေ Run ရတာ များလာရင် (သို့မဟုတ်) ဗီဒီယိုဖိုင်တွေ ၊ သီချင်းတွေ ၊ ဓာတ်ပုံတွေ စသဖြင့် Data တွေထည့်ထားတာ များလာရင်တော့ ဖုန်းဟာ လေးလံလာပါတယ်။ ကိုယ် အသုံးမပြုတဲ့ Application များကို Uninstall လုပ်ထားခြင်း ၊ ကိုယ်အသုံးမလိုတော့တဲ့ Data တွေကို Delete လုပ်ခြင်း စသည်တို့ လုပ်ထားတာက အကောင်းဆုံးပါ။

၎။ Cache ကို Clear လုပ်ပါ။

စမတ်ဖုန်းတွေဟာ အင်တာနက်သုံးတာများလာတာနှင့်အမျှ Cache File တွေ ဝင်ရောက်လာပြီး စက်လေးလာတွေ ဖြစ်လာပါတယ်။ စမတ်ဖုန်းရဲ့ Setting မှတဆင့် Clear Cache လုပ်ကာ Cache File များကို ရှင်းလင်းနိုင်ပါတယ်။ ထို့အပြင် အခြား Cache Cleaner Application များမှလည်း ရှင်းလင်းနိုင်ပါတယ်။

၅။ Live Wallpaper များကို ပိတ်ထားပါ။

စမတ်ဖုန်းများမှာ Live Wallpaper Application များအသုံးပြုထားလျင် အချိန်တိုင်း အလုပ်လုပ်နေရသောကြောင့် စက်လေးခြင်း ၊ အားကုန်မြန်ခြင်းများ ဖြစ်တတ်ပါတယ်။ ဒါကြောင့် ဖြစ်နိုင်ရင် Live Wallpaper တွေကို အသုံးမပြုဘဲ ရိုးရိုး Wallpaper ကိုသာ အသုံးပြုသင့်ပါတယ်။

#Credit

Tuesday, December 5, 2017

🚩 စမတ်ဖုန်းမှာ မလိုအပ်တဲ့ ( App ) ၅ မျိုး

စမတ်ဖုန်းမှာ မလိုအပ်တဲ့ Apps များထည့်ထားခြင်းဟာ Storage ကုန်စေသလို ဖုန်းရဲ့ စွမ်းဆောင်ရည်နဲ့ ဘက်ထရီ သက်တမ်းကိုလည်း ထိခိုက်စေပါတယ်။ ဘက်ထရီနဲ့ မိုဘိုင်းဒေတာ ကုန်ကျခြင်း Apps များရဲ့ ဆိုးကျိုးများစွာ ရှိပါတယ်။ အဲဒီအတွက် မသုံးသင့်တဲ့ App များကို အခုပဲ သင့်ဖုန်းကနေ Uninstall လုပ်ပါ။

၁။ RAM သက်သာစေမယ်ဆိုတဲ့ Apps များ

နောက်ကွယ်မှာ Run နေတဲ့ Apps များက RAM နဲ့ ဘက်ထရီကို စားသုံးပါတယ်။ Memory ကို Boost လုပ်ပေးတဲ့ App များက နောက်ကွယ်မှ App များကို ပိတ်ပေးတာပါ။ ဒါဟာ ကောင်းတယ် ထင်ရပေမယ့် တကယ်တော့ ပိုဆိုးသွားစေပါတယ်။

နောက်ကွယ်မှာ Run နေတဲ့ App များကို သတ်လိုက်ပြီးနောက် သူတို့ကို ပြန်ဖွင့်ရင် Memory နဲ့ ဘက်ထရီက ထပ်မံ အလုပ်လုပ်ရပါတယ်။ ဒါဟာ သင့်ဖုန်းကို မတည်ငြိမ်စေပါဘူး။ အဲဒီအတွက် Memory သက်သာစေတဲ့ Apps များဟာ ဆိုးကျိုးကိုသာ ဖြစ်စေပါတယ်။

၂။ Clean Master လို သန့်ရှင်းရေး App များ

Cleaning Apps များက ဖုန်းရဲ့ စွမ်းရည်ကို တိုးတက်စေတယ်လို့ ဆိုကြပါတယ်။ သူတို့က Cached Data လို့ ခေါ်တဲ့ အမှိုက်ဖိုင်များကို ရှင်းလင်းပေးကြပါတယ်။ ဒါပေမယ့် သူတို့မှာ အခြားစွမ်းဆောင်ချက်များစွာ ပါရှိတဲ့အတွက် ဖုန်းကို လေးလံစေပါတယ်။ အမှိုက်ဖိုင်များ ရှင်းဖို့အတွက်တော့ သူတို့ကို မလိုအပ်ပါဘူး။ Android မှာ ပါရှိပြီးသားပါ။ Settings> Storage ထဲသွားပြီး Cached data ကို နှိပ်ပါ။ Ok နှိပ်ပါ။

၃။ Antivirus များ မလိုအပ်ပါ။

သင့် Android Device နဲ့ Play Store တို့က Antivirus Apps များရဲ့ အလုပ်အားလုံးကို လုပ်နိုင်ကြပါတယ်။ Play Store က Apps များမှ Virus များကို အမြဲ စစ်ဆေးပေးနေပါတယ်။ သင့်ဖုန်းမှ Android Device Manager မှာလည်း Antitheft စွမ်းဆောင်ချက်များ ပါပါတယ်။ သင်ဟာ Play Store ပြင်ပမှ Apps များကို ဒေါင်းလုပ်လုပ်မှသာ Antivirus များ သုံးဖို့လိုအပ်ပါတယ်။

၎။ Battery Savers

Battery Savers များဟာလည်း RAM Booster များလိုပဲ နောက်ကွယ်မှ Apps နဲ့ Services များကို ပိတ်ပေးခြင်းဖြင့် ဘက်ထရီ သက်သာစေတာ ဖြစ်ပါတယ်။ RAM Booster များမှာလိုပဲ ပိတ်သွားတဲ့ Apps များကို ပြန်ဖွင့်ရင် ဖုန်းရဲ့ စွမ်းအင်ကို ပိုမို အသုံးပြုရတဲ့အတွက် Battery Savers များရဲ့ ဘက်ထရီ သက်တမ်း တိုးမြှင့်ပေးတဲ့ အလုပ်ဟာ အရာမရောက်ပါဘူး။ Battery Savers များကို မသုံးဘဲ ဖုန်းရဲ့ Settings> Battery ထဲသွားပြီး ဘက်ထရီ အများဆုံး အသုံးပြုတဲ့ App များကို ပိတ်ပါ။

၅။ Bloatware

စမတ်ဖုန်း ထုတ်လုပ်သူများက ဖုန်းများမှာ Apps များစွာကို အင်စတောလုပ်ပေးထားတတ်ကြပါတယ်။ အဲဒီ Apps များဟာ Storage မှာ နေရာယူထားကြပါတယ်။ အဆိုးဆုံးကတော့ ဘက်ထရီ ကုန်စေတာပါ။ အဲဒီ Apps များကို Uninstall လုပ်လို့မရအောင်လည်း သူတို့က ဖန်တီးထားပါတယ်။ ဒါပေမယ့် အဲဒီ System Apps များကို Uninstall လုပ်ပေးနိုင်တဲ့ System App Remover များစွာ Play Store မှာ ရှိနေပြီးသားပါ။


Source: Internet

🚩 Link ယူနည်း Link ချနည်းမျိုးစုံ ဆော့ဝဲလ်

နည်းပညာလေ့လာနေသူတိုင်းအတွက် လင့်ယူနည်း လင့်ချနည်း မျိုးစုံကို လေ့လာနိုင်တဲ့ ဆော့ဝဲကောင်းလေးပါ။ မိမိဖုန်းထဲက သီချင်း ဆော့ဝဲ ဗီဒီယိုတွေကို ...