Saturday, December 16, 2017
🚩 Phone အတွက် အကောင်းဆုံး File Manager
ES File Manager ဆိုတာသာမန် ဖိုင်မန်နေဂျာတွေထက် ပိုမိုထူးခြားပြီး
ပြည့်စုံကောင်းမွန်လွန်းလှတဲ့ ဖိုင်မန်နေဂျာတခုပါ။
ဖုန်းတွေလေးလံတာအတွက် Cleaner လည်းပါဝင်ပါတယ်။
Zip/Upzip နဲ့အခြား FTP တွေ Zapya လို File Remote တွေပါဝင်တာကြောင့်
တစ်ယောက်နဲ့တစ်ယောက်ဖိုင်တွေအပြန်အလှန် အမြန်မျှဝေနိုင်ပါသေးတယ်။
သုံးနေတဲ့သူတွေအများကြီးရှိတာမို့ ကျနော်တကူးတက မိတ်ဆက်မနေတော့ပါဘူး။
အခုကဗားရှင်းအသစ်ထွက်ရှိလို့ တင်ပေးလိုက်တာပါ :D
ဒီဗားရှင်းမှာအဓိကထူးခြားလာတဲ့လုပ်ဆောင်ချက်ကတော့ ဖုန်းမျက်နှာပြင်ကို
Video ပြန်ရိုက်လို့ရတဲ့ Screen Cast ပါဝင်လာပါပြီ ;)
အခြားလုပ်ဆောင်ချက်တွေကိုတော့ ကိုယ်တိုင်ပဲဒေါင်းယူအသုံးပြုကြည့်ကြပေါ့နော် :)
🚩 ဆော့ဝဲလ်ဒေါင်းရန်
🚩 APK Editor Pro - V1.6.12
Play Store မှာ ပိုက်ဆံပေးဝယ်ရတဲ့ ဆော့ဝဲ
ဒီမှာ free ဒေါင်းနိုင်ပါတယ်
Apk ပြင်ခြင်း
Software တွင်း သီချင်းပြောင်းခြင်း
Apk မြန်မာမှုပြုခြင်း
Codeပြင်ခြင်း အစရှိတဲ့ featureတွေကို
Root မလိုပဲ ကလိလို့ရတဲ့ softwareလေးပါ
Free version မဟုတ်ပါ
Pro version ဖြစ်ပါတယ်။
Free version သမားတွေလည်း pro ပြောင်းပြီးကလိကြည့်
မရှိတဲ့သူတွေလည်း ဒေါင်းပြီး ကလိကြည့်ကြပါ ။
🚩 ဆော့ဝဲလ်ဒေါင်းရန်.
Thursday, December 14, 2017
🚩 ဖုန်းအားပြည့်သွားရင် အချက်ပေးမယ့် ဆော့ဝဲလ်
ဖုန်းအား 100% ပြည့်ပြီးသား ဖုန်းကိုဆက်သွင်းထားမယ်ဆိုရင် ဖုန်း Battery ကရေရှည်မှာပျက်ဆီးနိုင်ပါတယ်။ ဒါကြောင့် ဖုန်းအား 100% ပြည့်တိုင်း Alarm ပေးတဲ့ဆော့ဝဲလေးကို ဆောင်ထားသင့်ပါတယ်။ File Size, 8.06MB
🚩 ဆော့ဝဲလ်ဒေါင်းရန်
🚩 ကိုယ့် အကောင့်ကို ဘယ်သူဝင်ကြည့်နေတာလဲ
သင့်အကောင့်ထဲကို ဘယ်သူတွေအများဆုံးဝင်ကြည့်ကြလဲ ဖော်ပြပေးမယ့် ဆော့ဝဲလ် 😉
သင့်ရဲ့ Facebook အကောင့်ထဲကိုဘယ်သူတွေဘယ်နှစ်ကြိမ်ထိဝင်ကြည့်ကြလဲဆိုတာ
ဖော်ထုတ်ပေးမယ့်ဆော့ဝဲလ်လေးပါ။( သင့်ကို Crush နေတဲ့သူကိုသိရတာပေါ့ :P )
အောက်ပါလင့်ကနေဒေါင်းယူနိုင်ပါတယ်။

Wednesday, December 13, 2017
🚩 Video to Gif - V.2.4 ( Premium )
ဖုန်းကနေ ဗီဒီယိုဖိုင် ဆိုဒ်အမျိုးအစားတွေကို ပုံအရှင် GIF များ အလွယ်ဆုံး ပြုလုပ်နိုင်မယ့် ဆော့ဝဲလေးပါ။
အသုံးပြုရတာတော့ အရမ်း ကောင်းပါတယ်။
မိမိ ဗီဒီယိုဖိုင် တွေကို ပုံအရှင် GIF ပြုလုပ်တတ်သူများ အောက်ကလင့်မှာ ဒေါင်းယူပြီး ကလိကြည့်ပေါ့ ။။
🚩 ဆော့ဝဲလ်ဒေါင်းရန်
🚩 Messenger - Version [ 147.0.0.25.86 ]
Messenger ဗားရှင်းအသစ် 147.0.0.25.86 Official ထွက်ရှိလို့လာပါပြီ :D
အခု Update ဗားရှင်းအသစ်ကိုသုံးချင်သူများအောက်ပါလင့်ကနေဒေါင်းယူအသုံးပြုနိုင်ပါတယ်။
ဘာတွေထူးခြားလာလဲ ဘာလုပ်ဆောင်ချက်အသစ်တွေပါဝင်လာလဲဆိုတာတော့
ကိုယ်တိုင်ပဲဒေါင်းယူအသုံးပြုကြည့်ကြပေါ့နော် ;)
အခု Update ဗားရှင်းအသစ်ကိုသုံးချင်သူများအောက်ပါလင့်ကနေဒေါင်းယူအသုံးပြုနိုင်ပါတယ်။
ဘာတွေထူးခြားလာလဲ ဘာလုပ်ဆောင်ချက်အသစ်တွေပါဝင်လာလဲဆိုတာတော့
ကိုယ်တိုင်ပဲဒေါင်းယူအသုံးပြုကြည့်ကြပေါ့နော် ;)
🚩 HD Wallpaper ဆော့ဝဲလ်လေးပါ
HD Wallpaper လေးတွေအသုံးပြုချင်တဲ့ ဘော်ဒါတွေအတွက် Wallpapers HD, 4K Backgrounds ဆော့ဝဲလေးကိုတင်ပေးလိုက်ပါတယ်။ စမ်းသုံးပြီး သုံးရလွယ်ကူပေါ့ပါးတာကြောင့် ကိုယ်တိုင်ပဲ စမ်းသုံးကြည့်နိုင်ပါတယ်... အောက်ကလင့်မှာ ဒေါင်းယူနိုင်ပါတယ် Size, 9.0MB
🚩 ဆော့ဝဲလ်ဒေါင်းရန်
🚩 Message ရဲ့တန်ဖိုး
ချစ်သူတွေကြားမှာဖြစ်စေ " လင်မယားတွေကြားမှာဖြစ်စေ
ကိုယ်ဘယ်ရောက်နေတယ် ဘာလုပ်နေတယ်ဆိုတဲ့
massage လေးတစ်ကြောင်းက တစ်ဦးအပေါ်တစ်ဦး
ဘယ်လောက် အလေးနက်ထားတယ်ဆိုတာကို သိသာစေပါတယ် ။
တကယ်တော့လူတွေပြောနေကြတဲ့ " ချစ်တယ် " ဆိုတဲ့
စကားဟာ လူတစ်ဦးနဲ့ တစ်ဦးပိုပြီးနီးစပ်စေတာကလွဲပြီး
ရင်ဘတ်ထဲကိုတော့ မထိရောက်စေပါဘူး ။
ချစ်တယ် ဆိုတဲ့စကားကို ကြိုက်သလောက်ပြောပါစေ
သူငါ့ အပေါ်တကယ်ချစ်ပါလား " သူ ငါ့ကိုတကယ်ချစ်တာပါ "
ဆိုတဲ့ အသိကလွဲပြီး ကိုယ့်အပေါ် ဂရုတစိုက်နဲ့ အလေးအနက်
ထားတဲ့ အပြုမူလိုတော့ ရင်ဘတ်ထဲမှာ မလေးနက်တာတော့
အမှန်ပါ ။
ဂရုစိုက်ခြင်း ' ကြင်နာယုယခြင်း ' နွေးထွေးတဲ့မေတ္တာတရား
စသဖြင့် အကြောင်းတရားတွေဟာ " အချစ် " ဆိုတဲ့
ပေါင်းကူးတံတားက စတင်ခဲ့တာမှန်ပါတယ် ။
ဒါပေမဲ့ တချို့ တွေက အချစ်ဆိုတဲ့ ပေါင်းကူးတံတာကိုတော့
ကျော်လွှားခဲ့ပါရဲ့ တဖက်ကမ်းလည်းရောက်ရော ရှေ့ ဆက်
မသွားတော့ဘူး ရပ်တန့် နေခဲ့တယ် ။
ကိုယ့်ရဲ့ အဖော်မွန်ကို ဘယ်လို ဂရုစိုက်ပေးရမလည်း !
ဘယ်လိုထိန်းသိမ်းရမလည်း ! သူ့ ဖက်က ကိုယ့်အပေါ်
ဘယ်လိုနေစေချင်လည်း တစ်ခုမှ မလုပ်တော့ဘူး သိဖို့ 
လည်း မကြိုးစားကြတော့ဘူး ။
ငါ သူ့ အပေါ်သစ္စာရှိနေတာပဲ ငါ့ အချစ်တွေကို အားလုံးပေး
ထားတာပဲ ဒီလောက်ဆို ပြည့်စုံပြီလို့  ခံယူထားကြပါတယ် ။
ဒါဟာ လုံးဝ လွဲမှားတဲ့အယူဆပဲ ဖြစ်ပါတယ် ။
လူတစ်ယောက်ကို ကိုယ့်ရဲ့ထာဝရအဖော်မွန်အဖြစ်ရွေးချယ်
ထားပြီးသားဆို ဖာသိဖာသာ လုပ်ရပ်မျိုးရှောင်ကျဉ်ပါ ။
- ကိုယ့်ဖက်က ဘယ်လိုအကြောင်းပဲရှိရှိ
ကိုယ့်လက်တွဲဖော်ကို ပွင့်ပွင့်လင်းလင်းပြောပြပါ . - ကိုယ်ဘယ်လို အခက်ခဲဖြစ်နေတယ်ဆိုတာ
ယုံကြည်စွာနဲ့  တိုင်ပင်ပါ .
- ကိုယ့်ဖက်က သူ့ အပေါ် အချစ်ပိုတယ်ဆိုပြီး
အရင်လို နေမြဲအတိုင်း နေတဲ့ အကျင့်ကိုပြုပြင်ပါ .
- ကိုယ်ဘယ်ရောက်နေတယ်ဆိုတာကို
လှမ်ပြီး အသိပေးတဲ့ အကျင့်လုပ်ပါ ။
မိမိအရင် တစ်ကိုယ်ထဲဘဝကလို နေမြဲအတိုင်းနေမိလို့ 
မရတော့ပါဘူး ။
ကိုယ့်ဘေးက အဖော်မွန်အတွက် ထည့်စဉ်းစားပေးရပါမယ် ။
အရင်းနှီးဆုံးလူဖြစ်သွားရင် " ချစ်တယ် " ဆိုတဲ့စကားကို
ထပ်ခါပြောနေမဲ့အစား ဂရုတစိုက်နဲ့  အလေးနက်ရှိကြောင်း
သာ ပြပါ ။
မိမိချစ်သူအပေါ် ဂရုတစိုက်နဲ့ အလေးနက်ထားရမယ်ဆိုတာ
တစ်ဘဝစာရွေးချယ်ထားတဲ့သူတိုင်း အကြွင်းမဲ့ လိုက်နာ
သင့်တဲ့ လုပ်ရပ်ဖြစ်ပါတယ် ။
တစ်ဦးနဲ့ တစ်ဦး အချစ်က စတင်လာပြီး မေတ္တာတွေ အပြန်
အလှန်ထားမိလာမယ် ! နွေးထွေးကြင်နာတဲ့ဆက်ဆံရေး
တွေ တည်ဆောက်မယ် ! အပြန်အလှန်နားလည်မှုနဲ့ 
တစ်ယောက်အပေါ်တစ်ဦးက အလေးနက်ထား ဖို့ ပဲလိုအပ်
တော့တာပါ ။
အချစ်ဆိုတဲ့စကားထက်လေးနက်စေတဲ့ အခြေအနေကို
ရယူကြဖို့ ပဲ လိုအပ်တော့တယ်လို့ မြင်ပါတယ် ။
ဥပမာ - မိမိဘယ်လောက်အလုပ်ရှုပ်နေပါစေ messageလေး
တစ်ကြောင်းနဲ့  အသိပေးဖို့  ဝန်မလေးပါနဲ့  ။
အမှန်တကယ် အချစ်စစ်စစ်နဲ့ ချစ်ကြပြီး တစ်ယောက်အပေါ်
တစ်ယောက် ဘယ်လောက် သစ္စာရှိပါတယ် ပြောပြော
တစ်ဘဝစာ လက်တွဲဖော်အဖြစ် ရွေးချယ်ထားသည် ဖြစ်စေ …
…………
…………………
တဖက်လူက လေးနက်တဲ့ ဆက်ဆံရေးပေးပြီး နားလည်မှု
အပြည့်ရှိပေမဲ့ ကိုယ့်ဖက်က အချစ်အားလုံး ပေးထားတယ်
သူ့ အချစ်အားလုံး ငါပိုင်ထားတယ် ဆိုတဲ့ စိတ်နဲ့  ဖာသိဖာသာ
နေတာများရင် လမ်းခွဲရဖို့ က ရာခိုင်နှုန်းများသွားပါလိမ့်မယ် …………
………………
တဖက်က တွေးလာပါလိမ့်မယ် " ငါ့အပေါ် ချစ်တော့ချစ်တယ်
အလေးအနက်ကျ မရှိပါလား " ဆိုတဲ့အတွေး
အဲ့ဒီအချိန် အချစ်ဆိုတဲ့အရာက ဘာမှအရေးမပါတော့ပါဘူး
မှန်ပါတယ် ရင်ဘတ်ကိုရင်းထားရင် ရင်ဘတ်ကသိလာပြီး
ဦးနှောက်နဲ့  ဆုံးဖြတ်တတ်လာတာ သဘာဝပါ ……
…………………………
………
ဖြစ်ရတဲ့ အကြောင်းရင်းက တဖက်ကလေးနက်သလောက်
တဖက်က အသိမှတ်မပြုရင် ပေါ့လျော့သွားတာ ထုံးစံပါ ။
ဒါကြောင့် ဟိုအရင်ခေတ်တွေတုန်းကလို စာတစ်တန်
ပေတစ်တန် ခေတ်မဟုတ်တော့တဲ့ ယနေ့ ခေတ်ကြီးမှာ
မိမိချစ်သူ / အိမ်ထောင်ဖက်တွေအပေါ် တန်ဖိုးထား
မြတ်နိုးတယ်ဆို ……
မိမိဘာလုပ်နေတယ် ' ဘယ်ရောက်နေတယ်
သာကြောင်းမာကြောင်းလေးကို ဖုန်းဆက်ပြောဖို့ 
အခြေနေမပေးရင်တောင် message တစ်ကြောင်းလေးနဲ့ 
အလေးနက်ထားကြောင်း ပြဖို့  ဝန်မလေး ကြပါနဲ့  ။
ကိုယ်ပို့ လိုက်တဲ့ message လေးတစ်ကြောင်းဟာ
တဖက်လူအပေါ် ပိုပြီးလေးနက်လာစေနိုင်သလို
ဝေးရမဲ့အကြောင်းအရာတွေကိုတောင် ချေဖျက်နိုင်ပါတယ် ။
တဖက်လူရဲ့ မျက်ရည်ကိုတောင် message လေး
တစ်ကြောင်းနဲ့ သုပ်ပေးနိုင်စွမ်းရှိတယ် ဆိုတာလည်း
မမေ့ ပါနဲ့  ။
ချစ်သူတိုင်း အလေးနက်တန်ဖိုးထားတတ်ကြပါစေ ။
Credit to Maynoe
🚩 မှားဖျက်မိတဲ့ Photo/Call Log/Contacts/Message တွေပြန်ယူမယ်
မိမိဖုန်းထဲက မှားဖျက်မိသွားတဲ့
ဓာက်ပုံတွေ၊ Messageတွေ၊ Contactတွေ၊ Call Logsတွေ၊ Messengerမှာပို့ထားတဲ့ စာတွေကို ပြန်လည် ရယူပေးနိုင်တဲ့ ဆော့ဝဲ။
အသုံးပြုရတာ လွယ်ကူရိုးရှင်းပြီး အသုံးဝင်တဲ့ ဆော့ဝဲလေးပါ။
File sizeက 5MBပဲ ရှိပါတယ်။
Root လိုအပ်ပါတယ် ခင်ဗျာ။
🚩 ဆော့ဝဲလ်ဒေါင်းရန်
🚩 ပရိတ်ကြီး ( ၁၁ ) သုတ် ဆော့ဝဲလ်
လူအများသည် ဘေးအန္တရာယ်ကင်းဝေးစေရန်နှင့်၊ အကျိုးများဖြစ်ပေါ်စေရန်“ပရိတ်”တရားတော်များ ကိုရွတ်ဖတ်၊ နာယူကြပါသည်၊၊
အမှန်တကယ်လည်း ပရိတ်ရွတ်ဖတ်၊ နာယူခြင်းသည် ဘေးအန္တရာယ်များမှ ကာကွယ်ပေးနိုင်ပြီး၊ လို အပ်သည့်အကျိုးများစွာကို ရရှိနိုင်ပါသည်၊၊
“ပရိတ်”ဟောဝါရသည်“ပရိတ္တ”ဟူသော ပါဠိပုဒ်မှဆင်းသက်လာသော ပါဠိသက်ဝေါဟာရဖြစ်ပါသည်၊၊
“ကာကွယ်ပေးခြင်း၊ တားဆီးပေးခြင်း”ဟု အဓိပ္ပါယ်ရပါသည်၊၊ ဘေးအန္တရာယ်များနှင့်၊ မလိုလားအပ် သည့်ရလာဘ်များမှ အကာအကွယ်နှင့်၊ အတားအဆီးကိုပြုပေးနိုင်သည့် မြတ်စွာဘုရားရှင် ဟော တော်မူထားသော ပါဠိတော်(၁၁)သုတ်ကို “ပရိတ်”ဟုခေါ်ပါသည်၊၊
🚩 ဆော့ဝဲလ်ဒေါင်းရန်
🚩 မြန်မာ Developer တွေရေးတဲ့ မြန်မာဖေါင့်များ
#Android Version Font Changer Pro
=============================
Andriod ဖုန်းတွေအတွက် မြန်မာ Developer မှ ရေးထားခဲ့ကြသော
မည်သည့်ဖုန်း ဗားရှင်းမဆို လက်ရှိအချိန်အထိ အသုံးပြုဖို့သလောက် အဆင်ပြေဆုံး ချိန်းဖောက် တွေအတွက် Changer Font Pro App တွေ စုစည်းပြီးတင်ပေးလိုက်ပါတယ်ဗျာ။ App Developer တွေကို တစ်ဦးချင်းကို #Credit မပေးနိုင်ကို နားလည်ပေးကြလိမ့်မယ် ထင်ပါတယ်။
အသုံးပြုကြသော သူငယ်ချင်းတွေ အတွက် ဟိုမှာ ဒီမှာ လိုက်ရှာနေစရာမလို့အောင် ပြန်တင်ပေးလိုက်ရခြင်းသာ ဖြစ်ပါတယ်။
ဖောက်ချိန်းနည်းတွေကိုတော့ မိမိနှစ်သက်ရာ
ဖောက်တွေဖြင့် စမ်းသပ်အသုံးပြုနိုင်ပါတယ်။
(App Developer Myanmar)
MMSD Smart Zawgyi
MMSD Sony Font
Myanmar Zawgyi Changer
Android.Font.myanmar
New_Zawgyi
Zawgyi FlipFont
Smart Zawgyipro
Zawgyi Font Changer ( Z.F.C )
Zawgyi Installer (Root)
မုန်းတိုင်း.ZawgyiChanger
MM-Fonts
MMComplex V1.0 Upload-DjjoeMan(MMF)
MMAS Zawgyi Changer 2
MM_FONT_INSTALLER
MM Aio Font Changer Pro
MM Aio Font Changer 1.0
MI Font
ICS_MM_Font-_Installer
Huawei Font
Huawei G730 MM Font
GG10S Zawgyi Font One Click Install
G730_MM_Fonts_Installer
FlipFont_v1.0_No_Need_Root
EUI_Fonts_Installe
MMZ Font.
COC_Myanmar_Tool
Myanmar Font Installer
All Easy Font
Lolli Fonts
MIUI 8 Font Changer
TT Fontchanger
MPPG Font Tool
All Easy Font App
Myanmar Font Installer
Lolli Zwaper v1.2
Flipfont Zawgyi Myanmar
Mi Fonts Change
MM App Fonthelper
EUI_Fonts_Installer
Myanmar 3 in 1 Font Changer
Sam MMF
Samsung All In One Font
Zawgyi Myanmar Fonts

🚩 Android ဖုန်းတွေအတွက် All Easy Font
ပြုလုပ်နိုင်တာတွေကတော့ –
Huawei(emui)/Samsung/Xiaomi/Vivo/Oppo ဖုန်းတွေအတွက် Root
Access မလိုပဲ Theme/Font Styleတို့ဖြင့် မြန်မာဖောင့်သွင့်ပေးခြင်း Xiaomi တွေအတွက် MIUI 7ရောMIUI 8
Vivo တွေအတွက်တော့ i Theme ထဲမှာ Font ချိန်းလိုက်တာနဲ့C OC မှပါမြန်မာလို့အသုံးပြု နိုင်ခြင်း
Samsung တွေအတွက် Version 2.3 မှ 2016 Lollipop တွေအတွက်မြန်မာစာအသုံးပြုနိုင်ခြင်းAndroid Phone တွေအတွက် Root Acces ရရှိပြီး မြန်မာစာ သွင်းရန် တစ်နေရာထဲမှ စုံစုံလင်လင်ရရှိနိုင်သောကြောင့်တော်
တော် လေးအဆင်ပြေစေမယ့် App လေးဖြစ်ပါတယ်။
🚩 ဆော့ဝဲလ်ဒေါင်းရန်
Tuesday, December 12, 2017
🚩 အသစ်ထွက်ရှိလာတဲ့ FiFA Mobile Soccer V8.2.01 Apk
ဘောလုံးချစ်သူ ရင်းနှီးပြီးသားဖြစ်တဲ့ FIFA Mobile Soccer v8.2.01 ဗားရှင်းအသစ်ကို Update ပြုလုပ်နိုင်ပါပြီး။ ဗားရှင်းအသစ်အသုံးပြုချင်သူများတွက် အောက်ကလင့်မှာ ဒေါင်းယူနိုင်ပါပြီး...File Size, 48.88MB
🚩 ဆော့ဝဲလ်ဒေါင်းရန်
🚩 Computer တစ်လုံးဝယ်ရင် ဒါတွေသိထားဖို့လိုတယ်
အဆင်ပြေကိုက်ညီသော ကွန်ပျုတာတစ်လုံး ရွေးချယ်ရာတွင် motherboard နှင့် Processor ၊ motherboard နှင့် RAM ၊ motherboard နှင့် video adapter(VGA) တို့ကိုက်ညီဖို့က အရေးကြီးအဆုံးဖြစ်ပါတယ်..။ monitor, Hard disk Drive, Floppy Drive, CD/DVD Drive တို့ကတော့ မိမိအဆင်ပြေသလို စိတ်ကြိုက်အရွေးချယ် ၀ယ်ယူနိုင်ပါတယ်။ အခုအပိုင်းမှာ motherboard နှင့် Processor ၊ motherboard နှင့် RAM ၊ motherboard နှင့် video adapter(VGA) တို့ကို ဘယ်လို ကိုက်ညီအောင် ရွေးချယ်မလဲ ဆိုတာကို ရှင်းလင်းပြောပြ ပေးသွားပါမယ်။ processor တွင် Intel processor နှင့် AMD processor ဆိုပြီး နှစ်မျိုး ရှိပါတယ်။ အသုံးအများဆုံး ဖြစ်သော Intel processor အခြေခံ ကွန်ပျုတာ အတွက် အစိတ်အပိုင်း ရွေးချယ်မှုကိုသာ ဖော်ပြပေးပါသွားပါမယ်။
(1) Motherboard
Motherboard ကို ရွေးချယ်ရာတွင် Processor Pin socket အရေအတွက်၊ memory RAM slot အရေအတွက်၊ HDD နှင့် CD drive အတွက် IDE/ SATA slot အရေအတွက်၊ VGA slot အမျိုးအစား နှင့် expansion slot ( Network card, sound card စသည့်တို့အတွက်) အရေအတွက် တွေကို အကြမ်းဖျင်း ကြည့်ရှုကာ ရွေးချယ်ကြပါတယ်။ Motherboard မှာ Intel Processor အတွက် motherboard နဲ့ AMD processor အတွက် AMD processor board ဆိုပြီး နှစ်မျိုးရှိပါတယ်.။ အသုံးများတာကတော့ Intel processor ပါ။ Intel processor board တွေမှာ Processor Pin Socket အနေနဲ့ LGA478 နဲ့ LGA775 ဆိုပြီး နှစ်မျိုးနှစ်စား ရှိပြီး အခုနောက်ပိုင်းမှာ LGA775 တွေသာ အများဆုံး ထုတ်လုပ်အသုံပြုနေကြပါတယ်.။
(2) Motherboard နှင့် Processor
Motherboard နှင့် processor ကို ကိုက်ညီအောင်ရွေးချယ်ရာတွင် အောက်ဖော်ပြပါ အချက်တွေကို ကြည့်ရှုရွေးချယ်ရပါမယ်။
Processor Pin socket အတွက် (LGA775 / LGA478 ) ဆိုတာကို ကြည့်ရပါမယ်။ motherboard မှာ LGA775 ဆိုရင် processor socket 775 ကိုဝယ်ရပါမယ်.။ LGA478 ဆိုရင်တော့ processor socket 478 မှကိုက်ညီပါမယ်.။
Motherboard က ဘယ် processor အမျိုးအစားကို support လုပ်နိုင်တယ်ဆိုတာ ကြည့်ရှုရပါမယ်။ Pentium 4, Pentium D, Celeron, Duo Core, Core 2 Duo, Quad Core, Core 2 Quad, i3, i5, i7 စသည့် ကိုယ်အသုံးပြုချင်သော processor ကို support လုပ်လားဆိုတာ သေချာ ကြည့်ရှုရပါမယ်.။
Front Side Bus(FSB) အတွက် motherboard front side bus MHz နဲ့ processor front side bus ရဲ့ MHz တို့ တူညီမှု ရှိမရှိကို ကြည့်ရပါမယ်.။ Front side bus ကို MHz နဲ့ဖော်ပြပြီး 533/800/1066/1333 MHz ဆိုပြီးတော့ အမျိုးမျိုးရှိပါတယ်.။ Processor FSB ဟာ 1066 MHz ရှိမယ်ဆိုရင် motherboard ကလည်း 1066 MHz support ဖြစ်တာကို ရွေးချယ်ရပါမယ်.။
Processor ကိုရွေးချယ်ရာတွင် OEM နဲ့ BOX ဆိုပြီး နှစ်မျိုးနှစ်စား ရှိပါတယ်.။ OEM ဆိုရင် Processor fan (CPU cooler) မပါပဲ processor အလုံးလိုက် ရောင်းချတာ ဖြစ်ပါတယ်။ BOX ဆိုရင်တော့ Processor နဲ့ Fan ပါ တစ်ခါထဲ ပါပြီးသား ဖြစ်ပါတယ်.။ OEM ကိုဝယ်မယ်ဆိုရင်တော့ Processor Fan( cooler) ကို ထပ်မံဝယ်ယူရန် လိုအပ်ပါတယ်.။
(3) Motherboard နှင့် RAM
MotherBoard နဲ့ RAM အမျိုးအစား ကိုက်ညီမှု ရှိမရှိ ရွေးချယ်နိုင်ရန်အတွက် motherboard က RAM က ဘာအမျိုးအစားလဲ ဆိုတာ အရင်ကြည့်ရပါမယ်။ DDR လား၊ DDR II လား၊ DDR III အမျိုးအစားလား ဆိုတာ အရင်ကြည့်ရပါမယ်။ RAM အမျိုးအစားကို အများအားဖြင့် DDR PC 3200(400Mhz), DDR II PC2 4200(533Mhz), DDR II PC2 5300 (667Mhz) စသည်ဖြင့် ဖော်ပြတတ်ကြပါတယ်။ Capacity ကိုတော့ Mhz ဖြစ်နဲ့ ဖော်ပြထားပါတယ်.။ Motherboard မှာ Support ဖြစ်တဲ့ RAM ကိုတော့ ဥပမာ- DDR II DIMM (400/533/667) Mhz ဆိုပြီးဖော်ပြတတ်ပါတယ်။ motherboard support ဖြစ်တဲ့ RAM Mhz နဲ့ ရွေးချယ်မဲ့ RAM Mhz တို့ကိုက်ညီ တူညီမှု ရှိရပါမယ်။ တစ်ချို့ Board တွေမှာ memory slot (2) ခုသာပါပြီး တစ်ချို့မှာတော့ memory slot (4) ခုအထိ ပါပါတယ်။ Memory ကိုထပ်ပြီး upgrade လုပ်ဖို့ အစီအဉ်ရှိတယ် ဆိုရင်တော့ slot များတာကို ရွေးပါ။ motherboard က dual channel support လားဆိုတာ သေချာ ဖတ်ကြည့်ပါ။ Dual Channel Motherboard ဆိုရင် RAM ကို နှစ်ချောင်းတပ်ပြီး သုံးစွဲရမှာ ဖြစ်ပါတယ်။ ဥပမာ RAM ကို 1GB တပ်မယ်လို့ စိတ်ကူးထားရင် Dual Channel board မှာ 512 MB RAM နှစ်ချောင်း စိုက်ပေးမှ စက် ရဲ့လုပ်ဆောင်မှု့ ကောင်းမွန် အဆင်ပြေမှာဖြစ်ပါတယ်။ Dual Channel Board တွေမှာ အများအားဖြင့် Memory Slot လေးချာင်းပါ တတ်ပြီး 4GB အထိ အများဆုံး ထည့်လို့ရပါတယ်။ တွဲသုံးရမဲ့ slot တွေကို အနီ အ၀ါ စသည်ဖြင့် တွဲပြီး သတ်မှတ်ပေးထားပါတယ်။
(4) Motherboard နှင့် vedio adapter(VGA)
Motherboard နှင့် vedio adapter(VGA) ကိုက်ညီမှု ရှိမရှိ ရွေးချယ်ရမှာ ဖြစ်ပါတယ်။ VGA card slot တွင် AGP slot type နဲ့ PCI x 16 slot type ဆိုပြီး နှစ်မျိုးရှိပါတယ်။ motherboard support မှာ AGP slot type ဆိုရင် AGP type အမျိုးအစား VGA ကို ရွေးချယ်ရပါမယ်။ motherboard က PCIx16 slot type ဆိုရင် PCI type အမျိုးအစား VGA ကို ရွေးချယ်ဝယ်ယူရပါမယ်။ Graphic Card မှာ active cooling ဆိုတဲ့ ပန်ကာသုံးတဲ့ VGA အမျိုးအစားနဲ့ passive cooling ဆိုတဲ့ ပန်ကာ မသုံးသော အအေးခံတဲ့ VGA ဆိုပြီးနှစ် မျိုးနှစ်စား ရှိပါတယ်။ မိမိကြိုက်နှစ်သက်ရာ ကို ရွေးချယ်အသုံးပြု နိုင်ပါတယ်။
(5) Hard disk Drive(HDD)
HDD ကို ရွေးချယ်ဝယ်ယူရာတွင် 40GB,80 GB, 120GB,160GB, 200GB, 250 GB, 320 GB, 500 GB, 1000 GB စသည့်ဖြင့် မိမိစိတ်ကြိုက် capacity ကို ရွေးချယ်ဝယ်ယူ နိုင်ပါတယ်။ HDD မှာ IDE cable သုံးတဲ့ IDE Hard disk နဲ့ SATA cable သုံးတဲ့ SATA Hard disk ဆိုပြီး နှစ်မျိုးရှိပါတယ်။ HDD cache အနေနဲ့ 8Mb, 16Mb, 32Mb စသည့်ဖြင့် အမျိုးအစားအမျိုးမျိုးရှိပြီး Mb များလေး ကောင်းလေပါပဲ။
(6) Casing ပုံး
Casing မှာ Tower (ပုံးအကြီး) နဲ့ miniTower (ပုံးအသေး) ဆိုပြီး နှစ်မျိုးနှစ်စား ရှိပါတယ်။ ပုံးအကြီးမှာ ATX motherboard ကို တပ်နိုင်တဲ့အပြင် microATX motherboard အသေးကိုပါ တပ်ဆင်လို့ရပါတယ်။ ပုံးအသေး (mini tower) မှာတော့ microATX motherboard အသေး တစ်ခုတည်း ကိုသာ တပ်ဆင်လို့ရပါတယ်။ ပုံးအသေးဝယ်မယ်ဆိုရင် နောက်ထပ် hardware တွေထပ်ထည့်ပြီး upgrade လုပ်ဖို့ အတွက် အခက်အခဲ ၇ှိတတ်ပါတယ်။ ပုံးအကြီးကတော့ upgrade လုပ်ဖို့ရာ အဆင်ပြေ ပါတယ်။ ပုံးဝယ်ယူမယ်ဆိုရင် အဓိကကျတာ power supply ပါ။ 350 watt, 400 watt, 450 watt, 500 watt, 550 watt စသည်ဖြင့် watt အပေါ်လိုက်ပြီး အမျိုးအစား ကွဲကြပါတယ်.။ watt များတာ ၀ယ်လေလေ စိတ်ချ ရလလေပါ။ အများအားဖြင့် watt 450 ဆိုရင် လုံလောက်ပါတယ်။
င်္(7)Floppy Drive, DVD/CD Drive နဲ့ Monitor
Floppy Drive, DVD/CD Drive နဲ့ Monitor တွေကိုတော့ မိမိစိတ်ကြိုက် ကြိုက်နှစ်သက်ရာ ကို ရွေးချယ်ဝယ်ယူ လို့ရပါတယ်။ Floppy Drive ကတော့လူတိုင်း မသုံးသလောက် ဖြစ်သွားပါပြီ။ အဓိက အားဖြင့် motherboard, processor, RAM, VGA card ကိုက်ညီမှု ရှိမယ်ဆိုရင် အဆင်ပြေကောင်းမွန် သွက်လက်သော ကွန်ပျုတာ တစ်လုံးကို ရရှိမှာဖြစ်ပါတယ်။
ဒါဆိုအားလုံးအဆင်ပြေ လောက်ပါပြီ။
ဒီ post လေးရဲ့ မူရင်းပိုင်ရှင် ဖြစ်တဲ့ ကိုဇင်ယော်စိုး ကိုလည်း ကျေးဇူးတင်ပါတယ်။
မောင်မြန်မာ
🚩 Facebook ပေါ်မှ သက်ဆိုင်သူများသို့
Fbခေတ်စားလာသည်နှင့်အမျှ…
=================
သူ့ ချစ်သူမှန်း ကိုယ့်ချစ်သူမှန်း မသိဖြစ်လာတယ်။သစ္စာတရား ကင်းမဲ့လာတယ်။
မြန်မာ့ယဉ်ကျေးမှု့ ပျောက်ကွယ်လု ဖြစ်လာတယ်။
အိမ်ထောင်သည်တွေက လူပျို/အပျို လုပ်လာတယ်။
အဖိုးကြီး အဖွားကြီးတွေ ကျောင်းကန်ဇရပ်အသွားနည်းလာတယ်။
စကားတွေ မပီကလာပီကလာ ပြောမှ ခေတ်မှီတယ်ထင်လာတယ်။
အသက်လေးဆယ်ကျော်တွေက အသက်သုံးဆယ်ပြောလာတယ်။
ဘာသာရေးစာပေ အဖတ်နည်းပြီး ခပ်ပေါပေါစာပေတွေ လူကြိုက်များလာတယ်။
သတင်းတစ်ပုဒ်ရပါက ဟုတ်သည် မဟုတ်သည်မစဉ်းစား Coppy ယူ Share တဲ့သူတွေများလာတယ်။
ပါးစပ်အရသာခံ ချောချော မချောချော အသားယူပြောတဲ့သူတွေ ပေါလာတယ်။
တင်တဲ့ Post သေချာမဖတ် လူတတ်ကြီးတွေလုပ် ဝင်ဆဲရေးသွားတဲ့သူတွေ များလာတယ်။
ရေးချင်ရာရေး Fbပေါ်တင်ချင်ရာတင် အသိစိတ်တွေ ကင်းမဲ့လာကြတယ်။
ဆဲရေးပြောမှ လူရာဝင် ခေတ်မှီတယ် ထင်လာကြတယ်။
က္ကုနြေ္ဓရှင်တွေက Fb ပေါ် ခေတ်နောက်ကျလာတယ်။
သစ္စာတရားတန်ဖိုးထားတဲ့လူတွေက ပြတိုက်ရောက်ကုန်တယ် ။
ဘဝတန်ဖိုးထားတဲ့သူတွေက အပစ်ခံရတယ်။
တည်တည်ငြိမ်ငြိမ်လူတွေက ဒိတ်အောက်ကုန်တယ်။
သူဌေးဆိုက်တွေ ဖမ်းလာကြတယ်။
အိမ်တွင်းရေးတွေ အကုန်တင်လာကြတယ်။
မင်းသမီးတွေက တင်ဖော် ရင်လှပ် အတွင်းအလှတရားနဲ့ ပုရိသယောက်ျားတွေကိုဖွင့်ချပြတယ်။
ခေတ်သမီးပျိုတွေက အတုခိုးယူတယ်။
တစ်ချိန်ထဲမှာ ချစ်သူ သုံးလေးယောက်တစ်ပြိုင်ထဲထားလာကြတယ်။
Fb ပေါ်မှာ အကြင်လင်မယားတွေ ပေါလာကြတယ်။
လင်မယားအစစ်အမှန်တွေက ကျောပေးလာကြတယ်။
ချစ်သူတွေက လင်မယားဖြစ်လာကြတယ်။
Fb ချစ်သူအရေးပေး အိမ်က မယား/ လင်ယောက်ျားကျောပေး ကြင်နာမှု့ပေးရန်မေ့လျှော့ လာကြတယ်။
အပြင်မှာသူငယ်ချင်း နှုတ်ဆက်ရန်ဝန်လေးFb သူငယ်ချင်း သဲသဲလှုပ်ချစ်ပြဖို့  အရေးစိုက်လာတယ်။
အိမ်ကသားသမီး စိတ်ပူပန်မေ့လျှော့လာပြီးFb ပေါ်က သူတစ်ပါးသားသမီး စိတ်ပူပေးလာကြတယ်။
သားသမီးပေးဖို့ မုန့် ဖိုးဒါလောက်အောင်သုံးတိုင်းထွာပေးပေမဲ့ ဘေလ်ဝယ်ဖို့ လက်မနှေးဖြစ်လာတယ်။
မိတ်ဆွေ…Fbဟာ ဗဟုသုတမှီဝဲစရာတွေ အများကြီးပါ။
အကယ်၍များ သင်ဟာ Fb ပေါ် အိမ်ထောင်ရေးဖောက်ပြန် လူပျို လုပ်နေချိန် သင့်မိန်းမကရောFb ပေါ် အပျိုများလုပ်နေခဲ့မယ်ဆိုရင်…သင်ခွင့်လွှတ်နိုင်ပါ့မလား…
သင်ဟာ လူပျို/ အပျိုလုပ် စည်းဖောက်နေချိန်သင့်သားသမီးတွေရော သင့်လိုလူနဲ့ မတွေ့ပါဘူးဆိုတာ ပြောနိုင်မလား…
သင်ခံနိုင်ရည်ရှိပါ့မလား…တူသောအကျိုးဆိုတာ မြန်မြန်ပေးတတ်ပါတယ်။သင်ဟာ အိမ်ထောင်ဘက်အပေါ် သစ္စာစောင့်ထိန်းတဲ့သူတစ်ယောက်ဖြစ်ခဲ့ပါက ဤစာစုကိုဗဟုသုတအဖြစ်ဖတ်ပေးသွားပါ။
credit original uploader

🚩 မြန်မာတီဗီလိုင်း အစုံ ဆော့ဝဲလ်
ဖုန်းပေါ်မှာ မြန်မာ တီဗီလိုင်းအစုံကို ကြည့်ခြင်သူတွေအတွက်ပါ ...
Filesize လည်းနည်းပါတယ် ...
လိုအပ်ရင် ဆော့ဝဲလ်ဒေါင်းရန် ကိုနှိပ်လိုက်ရုံပါ ...
🚩 ဆော့ဝဲလ်ဒေါင်းရန်
Filesize လည်းနည်းပါတယ် ...
လိုအပ်ရင် ဆော့ဝဲလ်ဒေါင်းရန် ကိုနှိပ်လိုက်ရုံပါ ...
🚩 ဆော့ဝဲလ်ဒေါင်းရန်
Monday, December 11, 2017
🚩 Window 7 အသုံးပြုနည်း စာအုပ်
Window 7 ကိုကျွမ်းကြင်စွာ အသုံးပြုနိုင်ပါတယ် ...
အပိုမပြောတော့ဘူး စာအုပ်ကို ဒေါင်းပီးသာ လေ့လာကြည့်လိုက်ပါ ...
🚩 စာအုပ်ဒေါင်းရန်
အပိုမပြောတော့ဘူး စာအုပ်ကို ဒေါင်းပီးသာ လေ့လာကြည့်လိုက်ပါ ...
🚩 စာအုပ်ဒေါင်းရန်
🚩 ကက်ဆက်တိတ်ခွေ ဒီဇိုင်းနဲ့ Music Player
အရင်တုန်းက ကက်ဆက်နဲ့တိတ်ခွေ ထည့်ဖွင့်သလို
အမြင်ဆန်းဆန်းလေးနဲ့ လန်းနေတဲ့ Music Player လေးပါ ...
သုံးရတာလည်း အရမ်းကောင်းပါတယ် ...
ဒီဇိုင်းတွေကတော့ အစုံပဲဗျ ...
ပြထားတဲ့ ပုံတွေသာကြည့်လိုက်တော့ ...
အများကြီး ကျန်သေးတယ် သလား ...
File size / 52mb

🚩 Camera နဲ့ ငွေဖြည့်ကဒ်ကို ပြပီး ဖြည့်မယ်
ဖုန်းငွေဖြည့်ကဒ်ကို ကင်မရာရှေ့မှာပြလိုက်ရုံနဲ့ ငွေဖြည့်ပေးမည့် ဆော့ဝဲ
ဘာမှထွေထွေထူးထူးတော့ ပြောနေစရာ မလိုပါဘူး
ပုံမှာ ပြထားတဲ့ အတိုင်းပေါ့နော်။ စမတ်ကျကျ အသုံးပြုနိုင်ပါဖြစ်ပါတယ်။
ငွေဖြည့်ကဒ်နံပါတ်ရိုက်ရမှာ ပျင်းတဲ့သူတွေအတွက်လဲ ကွက်တိပဲနော် 😉

🚩 ဗီဒီယိုတွေ ဖြတ်ညှပ်ကပ် လုပ်နိုင်တဲ့ ဆော့ဝဲလ်
Video တွေကို Edit လုပ်တာ ဖြတ်ညှပ်ကပ်လုပ်တာ၊
ပုံတွေကို Video လုပ်တာ၊ နောက်ခံသီချင်းတွေဘာတွေထည့်ဖို့
အကောင်းဆုံး ဆော့ဝဲလ်လေးကိုတင်ပေးလိုက်ပါတယ်။
ရှိပြီးသား Video တွေကို Effects မျိုးစုံပြင်လို့ရပါတယ်။
နောက်ခံသီချင်းတွေလည်း ကြိုက်သလိုထည့်နိုင်ပါတယ်။
ဓာတ်ပုံတွေကိုလည်း Video အဖြစ်လုပ်လို့ရသလို ကြိုက်သလို
ဖြတ်ညှပ်ကပ်လုပ်လို့အရမ်းကောင်းပါတယ်။
အောက်ပါလင့်ကနေဒေါင်းယူနိုင်ပါတယ်

🚩 ကာတွန်း / ပန်းချီပုံ ပြောင်းနိုင်တဲ့ ဆော့ဝဲလ်
သင့်ဓာတ်ပုံတွေကို ကာတွန်းပုံ၊ ပန်းချီပုံအဖြစ်ပြောင်းပေးနိုင်တဲ့ ဆော့ဝဲလေးပါ။
တခြားစတစ်ကာအလှလေးတွေလည်း ထပ်ထည့်နိုင်ပါသေးတယ် ;)
အောက်ပါလင့်ကနေဒေါင်းယူပါ။
🚩 ဆော့ဝဲလ်ဒေါင်းရန်
တခြားစတစ်ကာအလှလေးတွေလည်း ထပ်ထည့်နိုင်ပါသေးတယ် ;)
အောက်ပါလင့်ကနေဒေါင်းယူပါ။
🚩 ဆော့ဝဲလ်ဒေါင်းရန်
🚩 ကားပြိုင်ဂိမ်း အမိုက်စား
ဒေါင်းရတဲ့ဘေနဲ့အတန်ဆုံး အသေလန်းတဲ့ ကားပြိုင်ဂိမ်း
Racing game တွေကြိုက်တဲ့လူတွေအတွက်လာပါပြီဗျာ
file size လေးကလည်း အသင့်အတင့်ပဲရှိပြီး
ဆော့ရတာလည်း အသေလန်းပါတယ်
mode တွေလည်း အများကြီးပါတော့ ရှယ်ပဲပေါ့ဗျာ(Daniel တောင် game ထဲပါသေးတယ်)
ရဲတွေလိုက်ဖမ်းနေတဲ့ကြားထဲက racing game တွေရဲ့ ထုံးစံအတိုင်း ပထမ ပန်းဝင်အောင်ဆော့ရမှာမို့ သိပ်တော့မလွယ်လှဘူး
ဆော့လို့ကောင်းစေရမယ်ဆိုတာတော့ အာမခံပါတယ်။

🚩 COC မြန်မာစာ အသုံးပြုနည်း ဆော့ဝဲလ်
COC မှာမြန်မာစာရေးချင်ဖတ်ချင်ပါသလား?
COC ကိုမြန်မာဘာသာဖြင့် အသုံးပြုချင်ပါသလား?
ဒါတွေအားလုံးကို အခုတင်ပေးလိုက်တဲ့ ဆော့ဝဲလေးနဲ့
တင်လုပ်ဆောင်နိုင်ပါပြီ။
ဆော့ဝဲက file size 4MBပဲ ရှိပါတယ်။
COC မှာမြန်မာစာရေးချင်ဖတ်ချင်သူများ၊
မြန်မာဘာသာဖြင့်အသုံးပြုချင်သူများအတွက်ပါ။
မြန်မာစာကို ဇော်ဂျီဖောင့်အသုံးပြုသူများအတွက်
ဇော်ဂျီထည့်သွင်းနိုင်သလို ယူနီကုဒ်အသုံးပြုနေသူများအတွက်လည်း
COC မှာမြန်မာယူနီကုဒ်ထည့်သွင်းလို့ရပါတယ်။
မိမိတို့အသုံးပြုတဲ့ ဖောင့်အလိုက်ရွေးချယ်ထည့်သွင်းနိုင်ပါတယ်။
App အတွင်းအသုံးပြုထားတဲ့ ဖောင့်၊ icon ရေးတဲ့သူများ
COC ကိုမြန်မာဘာသာပြန်ပေးထားသူများအားလုံးကိုကျေးဇူးတင်ပါတယ်။
ဒါနဲ့ မေ့တော့မလို့
ဖုန်းမှာ Root လဲ လိုသေးတယ်နော😃
Credit လည်းပေးပါတယ်။

🚩ြ မန်မာဂိုးစကိုး ဆော့ဝဲလ်
ဂိုးစကိုးတွေကို တိုက်ရိုက်ကြည့်ရှုနိုင်ပြီး ပွဲစဉ်ဇယား၊
အားကစားသတင်းတွေကို အချိန်နှင့်တပြေးညီ
မြန်မာလို ဖတ်ရှုနိုင်မည့် ဆော့ဝဲ
FileSize / 3MB
🚩 ဆော့ဝဲလ်ဒေါင်းရန်
အားကစားသတင်းတွေကို အချိန်နှင့်တပြေးညီ
မြန်မာလို ဖတ်ရှုနိုင်မည့် ဆော့ဝဲ
FileSize / 3MB
🚩 ဆော့ဝဲလ်ဒေါင်းရန်
🚩 ယူနီကုတ်မှဇော်ဂျီ / ဇော်ဂျီမှယူနီကုတ်
ယူနီကုတ်မှ ဇော်ဂျီဖြစ်စေ၊ ဇော်ဂျီမှ ယူနီကုတ်ဖြစ်စေ
လွယ်ကူလျင်မြန်စွာ ပြောင်းလဲ နိုင်မည့် ဆော့ဝဲ
ဒီဆော့ဝဲလေးနဲ့ ဇော်ဂျီကော ယူနီကုဒ်ကော မှန်ကန်စွာ မြင်တွေ့နိုင်မှာ ဖြစ်ပါတယ်၊
filesizeက 1MBပဲ ရှိပြီးတော့ အင်တာနက်မလိုပဲ Offlineသုံးနိုင်မှာ ဖြစ်ပါတယ်၊

Sunday, December 10, 2017
🚩နှစ်တစ်ရာ ပြက္ခဒိန် [ 2018 ] Update
📅📅📅📅📅📅📅📅📅📅📅📅📅
မြန်မာ ပြက္ခဒိန်ကို ရိုးရှင်းလွယ်ကူစွာ သုံးခြင်သူတွေအတွက်
2018 ထွက် ပြက္ခဒိန်လေး တင်ပေးလိုက်ပါတယ် ...
File size / 6.50mb
🚩 ဆော့ဝဲလ်ဒေါင်းရန်
🚩 Minion Game ( For Android )
Minion Gameလေး Android အတွက်...
Despicable Me APK 4.8.1a
.............................................................................
လူတိုင်းအရမ်းချစ်ကြတဲ့ Minion လေးတွေရဲ့ ဂိမ်းပါ..
Graphicလည်း အရမ်းကောင်းတော့ ဆော့ရတာ အရမ်းကောင်းပါတယ်။
🚩ေ ဆာ့ဝဲလ်ဒေါင်းရန်l

🚩 Racing Fever Moto ( ခိုးပီးသား )
#Racing Fever Moto ခိုးပြီးသား
နောက်ဆုံးထွက် ဗားရှင်းအသစ်လေးပါ။
Version: v1.2.7
File size: 93.09 MB
ခုဒေါင်းခုဆော့ offline ဂိမ်းပါ။
တန်းဆော့ Apk တမျိုးတည်းပါ ခင်ဗျာ။
🚩 ဆော့ဝဲလ်ဒေါင်းရန်
နောက်ဆုံးထွက် ဗားရှင်းအသစ်လေးပါ။
Version: v1.2.7
File size: 93.09 MB
ခုဒေါင်းခုဆော့ offline ဂိမ်းပါ။
တန်းဆော့ Apk တမျိုးတည်းပါ ခင်ဗျာ။
🚩 အရမ်းလန်းတဲ့ [ TTKeyboard ]
iOS ဖုန်းတွေမှာ နာမည်ကြီးတဲ့ TTKeyboard လေးပါ။
ခုတော့ Android အတွက်လည်း အသုံးပြုနိုင်ပါတယ် ။
ထွက်ခဲ့တာတော ကြာပါပြီ အသုံးမပြုဖူးသေးတဲ့ သူတွေ
အတွက် ထပ်တင်ပေးလိုက်ရခြင်းသာ ဖြစ်ပါတယ်။
ရိုးရိုးလေးနှင့် ရှင်းလင်းတယ်
#ကီးဘုတ်မှာလည်း ---
ZawGyi (with Smart ZawGyi)
• MyanSan
• UniZG (Unicode keyboard but can type just like ZawGyi)
တွေကို ချိန်းပြီး အစားထိုး အသုံးပြုနိုင်ပါသေးတယ်။
#Emojis တွေကိုလည်း များစွာ ပါဝင်ထားပါသေးတယ်။
• Dark and Light Themes ကိုလည်း ပြောင်းပြီး အသုံးပြုနိုင်ပါတယ်။
#မသုံးဖူးသေးသူတွေ စမ်းသုံးကြဖို့ တိုက်တွန်းပါရစေဗျာ။

🚩ြ မန်မာနှစ်တရာ ပြက္ခဒိန် ဆော့ဝဲလ်
🚩 ဆော့ဝဲလ်ဒေါင်းရန်
ကိုယ်ရှာချင်တဲ့ ခုနှစ်ကို မြန်မာနှစ်ရော အင်္ဂလိပ်နှစ်နဲ့ပါ အလွယ်ဆုံးရှာဖွေနိုင်ပါတယ်။
ထို့အပြင် ph screen ပေါ်မှာ widget လေးလည်း ထုတ်ထားလို့ရတော့ ပိုအဆင်ပြေတာပေါ့ဗျာ။
file size လေးကလည်း 5MB သာရှိလို့ ဒေါင်းထားသင့်ပါတယ်။

🚩 မြန်မာ အင်္ဂလိပ် ပြက္ခဒိန် [ 2018 ]
Myanmar Calendar 2018 ဆော့ဝဲလေးပါ။
ရုံးပိတ်ရက် / ကျောင်းပိတ်ရက်တွေကို အလွယ်ဆုံး ကြည့်ရှုရန်
ဖုန်းထဲ့မှာ အလွယ်ဆုံးလေး ကြည့်ရှုနိုင်ပါတယ်။
🚩 ဆော့ဝဲလ်ဒေါင်းရန်
🚩 Taxi မောင်းဂိမ်း
Taxi မောင်းပြီး ခရီးသည်တွေကိုလိုက်ပို့ ပေးရမည့်ဂိမ်း
အငှားကားမောင်းတဲ့ ဇာတ်ကောင်နေရာကနေ ခရီးသည်တွေကို လိုက်ပို့ ပေးရမယ့်ဂိမ်းပါ..
3D ရှုခင်းတွေကြောင့်ဆော့ရတာ အရမ်းရုပ်ထွက်ကောင်းပါတယ်။ အပြင်မှာကားမောင်းနေရသလိုပါဘဲ ရှုခင်းတွေကလည်း 3D ပုံရိပ်တွေပါဘဲ။ ခရီးသည်တစ်ယောက်ကို လိုက်ပို့ နိုင်ရင် အခန်းတစ်ခန်းအောင်ပါတယ်။ အခန်းတွေတတ်လာလေ မီးသတ်ကားတွေ လူတွေ လမ်းတွေရှုပ်လာလေပါဘဲ။ ဆော့ရတာ စွဲဆောင်မူရှိပါတယ်။
မြေပုံထဲအပြာရောင်းအလုံးလေးကို ကြည့်ပြီး ခရီးသည်တွေကို ကားမောင်ပြီး အကြိုအပို့ လုပ်ပေးရပါတယ်။
ကားမောင်းဖို့ ခလုတ်ကိုတော့ သုံးမျိုးရွေးချယ်ခွင့်ရှိပါတယ်။
ဖုန်းကိုဝှေးပြီးမောင်းတာ ၊ ကားလက်ကိုင်းအ၀ိုင်း ၊ ဘယ်မြှား ညာမြှားခလုတ် စတဲ့ခလုတ်သုံးခုမှာတစ်ခုကိုရွေးချယ်ပြီးမောင်းနိုင်ပါတယ်။ File Size 17 MB
Crd: ဆော့ဝဲလမ်းညွှန်

🚩 မြနိမာစာလုံးလှ ( ၁၀ ) မျိုးပါဝင်တဲ့ ဆော့ဝဲလ် 2018
ဖုန်းမှာ မြန်မာစာလုံးလှ သုံးချင်သူများတွက် စာလုံးလှ (၁၀) မျိုး ပါဝင်တဲ့ ဆော့ဝဲ
Font ချိန်းလို့မရတဲ့ ဖုန်းတွေအတွက် iFont နဲ့တွဲသုံးနည်းပါဝင်ပါတယ်...
အသုံးပြုနည်း..
ဒီဖောင့်အလှ (၁၀) မျိုးအနက် မိမိအသုံးပြုလိုသော ဖောင့်ကို တစ်ချက်နှိပ်ပြီး Install Font လုပ်ပါ။
ပြီးလျှင် Change Font ကို နှိပ်ပြီး Font Style ကနေ ခဏက ဖောင့်လေးကို ရွေးချယ်ပေးလိုက်ရင် မြန်မာစာလုံးလှလေးနဲ့ ဖုန်းမှာ မြင်တွေ့ ရပြီး ပုံတွေမှာ ကဗျာတွေစာတွေလည်း ရေးနိုင်ပါပြီ။
(မှတ်ချက်)
၂၀၁၇ ၂၀၁၈ ထွက် ဖုန်းတွေမှာ Font Change မရတဲ့ ပြသာာနာတွေ ရှိပါတယ်။ဖောင့်ချိန်းမရတဲ့ ဖုန်းတွေမှာ ဒီစာလုံးလှ (၁၀) မျိုးကို သုံးနိုင်အောင်လို့  IFont နဲ့ ဘယ်လိုတွဲသုံးရမယ် ဆိုတာကိုပါ သေချာရှင်းပြထားပါတယ်။
အသေးစိတ်ကို ဆော့ဝဲလေးဒေါင်းပြီး ကြည့်နိုင်ပါတယ်။
မူရင်း Font ဖန်တီးရှင်းများကို Credit ပေးပါတယ်ခင်ဗျာ။
အသုံးလိုသူတိုင်း Share သွားနိုင်ပါတယ်။

🚩 ဖုန်း Lock အလန်းလေး
မိမိတို့ချစ်သူပုံလေးတွေနဲ့ ဖုန်း Lock ကို ဇစ်ဖွင့်တဲ့စတိုင်လေးနဲ့ထားကြမယ် 😍😘😍
ဒီဆော့ဝဲလ်လေးက ဖုန်း Lock ကိုစတိုင်တမျိုးနဲ့ ဇစ်ဖွင့်သလိုမျိုးထားလို့ရပါတယ်။
ပိုပြီးထူးခြားသွားတာက ပေါ်နေမယ့်ပုံတွေကို ကိုယ်ကြိုက်တဲ့ပုံ ၂ ပုံ
ကောက်ထည့်ထားနိုင်တာပါပဲ ;)
Rs တွေအတွက်တော့ မိမိတို့ပုံလေးတွေ တစ်ဖက်တခြမ်းဆီထားပြီး လန်းနိုင်တာပေါ့နော် 😍
FA တွေလည်းအားကျမခံ နှစ်ခြမ်းစလုံးမိမိတို့ပုံတွေထားနိုင်ပါတယ် 😜😜
အောက်ပါလင့်ကနေဒေါင်းယူနိုင်ပါတယ် 😉😉

Subscribe to:
Posts (Atom)
🚩 Link ယူနည်း Link ချနည်းမျိုးစုံ ဆော့ဝဲလ်
နည်းပညာလေ့လာနေသူတိုင်းအတွက် လင့်ယူနည်း လင့်ချနည်း မျိုးစုံကို လေ့လာနိုင်တဲ့ ဆော့ဝဲကောင်းလေးပါ။ မိမိဖုန်းထဲက သီချင်း ဆော့ဝဲ ဗီဒီယိုတွေကို ...

-
Mobile Legend ချစ်သူများအတွက် နောက်ဆုံးဗာရှင်းအသစ် 1.2.35.2235 ထွက်ရှိလို့လာပါပြီ 😍 ထူးခြားချက်များစွာနဲ့ ဒီဗားရှင်းအသစ်ကိုဒေါင်းယူပြီး ...
-
ဆော့ဝဲလ်ဒေါင်းရန် ဟက်ကာပိုင်းကိုလေ့လာနေသူများအတွက်အသုံးဝင်ပါမယ်။ အသုံးပြုရာတွင်လဲ အင်တာနက် ဖွင့်ထားစရာမလိုအပ်ပဲ နည်းလမ်းမျ...
-
ခိုးပြီးသား Game တွေဆော့ချင်ပေမယ့် ရှာမရဖြစ်နေသူတွေ၊ download ဆွဲပြီးကာမှ dataနဲ့obb မရှိလို့ ဆော့မရသူတွေ၊ COC,CR,Messenger စတာတွေကို play ...
-
Myanmar Keyboard ကို မြန်မာနိုင်ငံ အလံ Logo လေးနဲ့သုံးခြင်သူတွေ အတွက်ပါ File size / 1mb ထည့်သွင်းနည်း ---------------- ဖုန်းSetting...
-
Samsung Device များ ရဲ့ Android v7.0 , 6.0 တွေကို FRP ဖြည်နည်းလေး မျှဝေပေးလိုက်ပါတယ်။ ဒီနည်းလမ်းလေးက တော်တော်များများ model တွေမှာ အသုံးဝင...
-
ဂိုးစကိုးတွေကို တိုက်ရိုက်ကြည့်ရှုနိုင်ပြီး ပွဲစဉ်ဇယား၊ အားကစားသတင်းတွေကို အချိန်နှင့်တပြေးညီ မြန်မာလို ဖတ်ရှုနိုင်မည့် ဆော့ဝဲ FileSize ...
-
သင့်အကောင့်ထဲကို ဘယ်သူတွေအများဆုံးဝင်ကြည့်ကြလဲ ဖော်ပြပေးမယ့် ဆော့ဝဲလ် 😉 သင့်ရဲ့ Facebook အကောင့်ထဲကိုဘယ်သူတွေဘယ်နှစ်ကြိမ်ထိဝင်ကြည့်ကြလဲဆို...
-
ဖုန်းငွေဖြည့် ကဒ်များ ခဲခြစ်လွန်သွားပြီး ပင်နံပါတ်များပျက်ကုန်ရင် လွှင့်မပြစ်ကြပါနက် ၊ပြန်သုံးလို့ရတဲ့နည်းလမ်းလေး အသိပေးပါရစေ...
-
နည်းပညာလေ့လာနေသူတိုင်းအတွက် လင့်ယူနည်း လင့်ချနည်း မျိုးစုံကို လေ့လာနိုင်တဲ့ ဆော့ဝဲကောင်းလေးပါ။ မိမိဖုန်းထဲက သီချင်း ဆော့ဝဲ ဗီဒီယိုတွေကို ...
-
Samsaung Phone ပိုင်ရှင်တွေအတွက် မိမိတို့ ဖုန်းဟာ ဘယ်နိုင်ငံကထုတ်ပါလဲ... အတုလားအစစ်လားဆိုတာ အနီးစပ်ဆုံး စမ်းသတ် နိုင်မဲ့ နည်းလမ်းလေးတွေ ကို...