Monday, December 4, 2017

🚩 ကားထဲမှာ ဖုန်းအားသွင်းခြင်း ဆိုးကျိုး

ကားထဲမှာ ဖုန်းအားသွင်းခြင်းက ကောင်းတာထက် ဆိုးတာတွေက ပိုများနေပါတယ်။ကားရဲ့ USB မှာ ဖုန်းတပ်ပြီးအားသွင်းခြင်းက အားသွင်းမှုစနစ်ကို ထိခိုက်စေနိုင်သလို အားသွင်းကြိုးကိုလည်း ပျက်စီးစေပါတယ်။ဖုန်းကိုအားသွင်းခြင်းဟာ ကားရဲ့ဘတ်ထရီအားကို ကျဆင်းစေနိုင်ပြီးတော့ တကယ်လို့ ကားကမော်ဒယ်အဟောင်းဆိုရင် ဒီထက်ပိုနိုင်ပါတယ်။အကောင်းဆုံးကတော့ အိမ်မှာရှိတဲ့ ပလပ်ပေါက်မှာပဲ အားအပြည့်သွင်းခဲ့ပါ။


သင်ဟာ တစ်နေ့တာအချိန်အတော်များများကို လမ်းပေါ်မှာ ကုန်ဆုံးရသူတစ်ယောက် ဒါမှမဟုတ် တစ်နေ့တာအတွက် မီးပွိုင့်အတော်များများကို စောင့်ပြီးဖြတ်သန်းရတဲ့သူတစ်ယောက်ဆိုရင်တော့ ဖုန်းအားနည်းခြင်းကလည်း ကားမောင်းတဲ့သူတွေအတွက် စိတ်အနှောင့်အယှက်ဖြစ်စရာတစ်ခုပဲ မဟုတ်လား။ ပျင်းစရာကြီး ဖြစ်နေမှာပေါ့။ စစချင်းကတော့ သင့်အတွက် ကားရဲ့ USB မှာ အားသွင်းခြင်းက ဘာမှမဖြစ်လောက်ဘူးလို့ ထင်ကောင်းထင်နိုင်ပါတယ်။ ဒါပေမယ့် သေချာစဉ်းစားကြည့်မယ်ဆိုရင်တော့ iPhone ကို အားသွင်းလိုက်ခြင်းက အကြီးမားဆုံးသော အမှားတစ်ခု ဖြစ်လာနိုင်ပါတယ်။ သူ့ရဲ့ ဘတ်ထရီကိုလည်း ထိခိုက်စေနိုင်ပါတယ်။

ဘာကြောင့်ပါလဲ။ အစကနဦးအနေနဲ့ ပြောရမယ်ဆိုရင်ကတော့ဖြင့် သင့်ရဲ့ကားဆီက ရရှိမယ့် လျှပ်စစ်အားဟာ သင့်ဖုန်းလိုအပ်တဲ့ပမာဏထက် နည်းပါးပါတယ်။ ဒါကြောင့် ကားထဲမှာ ဖုန်းအားသွင်းရင် ကြာတာကိုတော့ သတိထားမိကြမယ် ထင်ပါတယ်။ သင့်ရဲ့ဖုန်းကို အားနည်းတဲ့ USB ပေါက်မှာ တပ်ပြီးတော့ အားသွင်းလိုက်ခြင်းက အဲဒီ USB ပေါက် တပ်နိုင်တဲ့အားပမာဏထက် ဖုန်းကလိုချင်တဲ့ပမာဏကို အတင်းဆွဲယူသုံးလိုက်သလို ဖြစ်သွားစေပါတယ်။ ရလဒ်အနေနဲ့ အားမသွင်းပေးနိုင်တော့တာမျိုး၊ ဒီထက်ဆိုးတာမျိုးတွေလည်း ဖြစ်သွားနိုင်ပါတယ်။ ဒါကြောင့် သင့်ရဲ့ အားသွင်းကြိုးကိုလည်း ပျက်စီးစေပါတယ်။

ဘာဖြစ်နိုင်သေးသလဲဆိုတော့ လမ်းတစ်လျှောက်လုံး အားသွင်းထားခဲ့မယ်ဆိုရင်တော့ သင့်ကားရဲ့ ဘတ်ထရီကိုလည်း ကျဆင်းစေပြီး ပျက်စီးစေပါတယ်။ ပျက်စီးမှုနှုန်းက ဘယ်အပေါ်မူတည်နေလဲဆိုတော့ သင်ကိုင်တဲ့ဖုန်းအမျိုးအစားနဲ့ သူတို့ရဲ့ဘတ်ထရီတို့ပါပဲ။ ဒါတွေက ကားအသစ်နဲ့ ဘတ်ထရီအသစ်ဆိုရင်တော့ မသိသာတဲ့ဖြစ်ရပ်လေးတွေ ဖြစ်ပါတယ်။ ဒါပေမယ့် ကားအဟောင်း၊ မော်ဒယ်လ်အဟောင်းဆိုရင်ကတော့ မပြုလုပ်သင့်တဲ့အရာတွေ ဖြစ်ပါတယ်။

ဒီတော့ ဘယ်လိုလုပ်ကြမလဲ။ စိတ်ချရအောင် အိမ်ပြန်ရောက်တဲ့အထိ စောင့်လိုက်ပါ။ ပြီးတော့မှ အိမ်ကပလပ်ပေါက်မှာ အားသွင်းလိုက်ပါ။ မစောင့်နိုင်ဘူးဆိုရင်လည်း Power Bank လေးတစ်ခုတော့ ဆောင်ထားဖို့ လိုမယ်နော်။

Via.Myanmarmobileapp

Boykhai (နည်းပညာချစ်သူ)

No comments:

Post a Comment

🚩 Link ယူနည်း Link ချနည်းမျိုးစုံ ဆော့ဝဲလ်

နည်းပညာလေ့လာနေသူတိုင်းအတွက် လင့်ယူနည်း လင့်ချနည်း မျိုးစုံကို လေ့လာနိုင်တဲ့ ဆော့ဝဲကောင်းလေးပါ။ မိမိဖုန်းထဲက သီချင်း ဆော့ဝဲ ဗီဒီယိုတွေကို ...