Thursday, December 21, 2017
🚩 Root လုပ်တယ်ဆိုတာ ဘာလဲ ..?
ပထမဆုံးအနေနဲ့ Android မှာ Root လုပ်တယ်ဆိုတာဘာလဲ ဒါကို အလွယ်တကူရှင်းပြထားပါတယ်။
Root ဆိုတဲ့စကားလုံးက Linux သုံးတဲ့ User တွေကနေ ထွက်ပေါ်လာတဲ့ စကားလုံးပါ။
Android OS က Linux အသုံးပြုေ၇းသားထားတဲ့ System တစ်ခုပါ။
” Root ” ရဲ့သဘောတရားက သင့်ရဲ့ Device ကို “Superuser” ရရှိအောင်လုပ်တာဆိုလဲ မှန်ပါတယ်။
သင့်ရဲ့ Android Software မှာ Permissions ရအောင်ပြုလုပ်တာပါ။
Root လုပ်ပြီးတာတဲ့ User အတွက် အထူး မြှင့်တင်ထားတဲ့ အခွင့်အရေးနဲ့အတူ ၊ စွမ်းရည်မြင့်တင်ထားတဲ့
Custom Software (ROM) ၊Custom Themes , Performance ၊ Battery Life တွေရဲ့
အရည်အသွေးမြှင့်တင်ထားတဲ့အရသာကိုခံစားရမှာပါ။
အခြေံအားဖြင့် သင့်ရဲ့ Android device ကို ” Hacking ” ပြုလုပ်တာပါ။
Root လုပ်ပြီးတာနဲ့ မိမိဖုန်းကို Administrator အနေနဲ့ System တခုလုံးကို အပြည့်အဝ
အသုံးပြုနိုင်သလို လိုအပ်သလိုလဲပြုပြုနိုင်ပါတယ်။
ဥပမာအနေနဲ့ နိုင်းယှဉ်ပြရရင် Apple iPhone ရဲ့ ios ကို jailbreak လုပ်တဲ့ အလားအလာ ပုံစံနဲ့အတူတူပါပဲ။
Root လုပ်လိုက်တဲ့အတွက် သင့် ၀ယ်သုံးတဲ့ Android device ရဲ့ Manufacturers Or Mobile Operators
တွေက တစ်စုံတစ်ခုအတွက် အားပေးအားမြှောက်ပြီး သဘောတူညီမူမပေးပါဘူး။
ပြီးတော့ Root လုပ်ပြီးအသုံးပြုတဲ့အတွက် သူတို့က သင့်ကို တားဆီးပိတ်ပင်တာတာတွေ မလုပ်နိုင်ပါဘူး။
ဒါကြောင့် သင့်ရဲ့ Android Phone ရဲ့ တချို့ Service တွေကိုအသုံးချဖို့ သင့် Root လုပ်ချင်တဲ့ စိတ်ဆန္ဒရှိရင် သင့်ပြုလုပ်နိုင်ပါတယ်။
အခုလို Root User အနေအထားအထားရဖို့ သင့်ရဲ့ ဖုန်းကို Root ပြုလုပ်ရတဲ့ အစီအစဉ်ကို
Android Rooting လုပ်ပြုလုပ်တာလို့ခေါ်ပါတယ်။
သင့်ရဲ့ဖုန်းကို Root မလုပ်ခင် သတိထားရမဲ့အချက်
သင့်ရဲ့ဖုန်းကို Root မလုပ်ခင်မှာ အောက်မှာဖော်ပြထားတဲ့ အချက်လေးတွေဖတ်ထားဖို့လိုပါတယ်။
၁. သင့်ရဲ့ဖုန်းက Warranty Void ဖြစ်သွားပါမယ်။
၂. သင့်ရဲ့ဖုန်းကို Root လုပ်ဖို့အတွက် ဘာကြောင့်သင့်ရဲ့ဖုန်းကို Root လုပ်ချင်တာလဲစတဲ့
သင့်ကိုယ်တိုင်ယုံကြည်စိတ်ချမူရှိဖို့လိုပါပါတယ်။
၃. သင့်ရဲ့ဖုန်းကို Root လုပ်ဖို့အတွက် သေချာတဲ့ သင့်ဖုန်းနဲ့ ပတ်သက်တဲ့ root လုပ်နည်း
Guide ရှိဖို့လိုပါတယ်။
သင့်ဖုန်း မော်ဒယ်အမျိုးအစားကြည့်ဖို့အတွက် အလွယ်တကူကြည့်နည်းက ဖုန်းရဲ့
အပေါ်ယံကာဘာ (သို့မဟုတ်) အများအားဖြင့် ဘတ်ထ္ထရီအောက်မှာ ရှိပါတယ်။
၎. Root လုပ်တဲ့အခါ သေချာဂရုစိုက်ပြီး ၊ အဆင့်တွေကို ၂ ခါပြန်စစ်ပေးပါ။
၅. Root မလုပ် မိမိဖုန်းထဲမှာရှိတဲ့ အရေးကြီးတဲ့ Data တွေကို Backup လုပ်ထားပေးပါ။
Android ကို Root လုပ်လို့ရလာမဲ့ အကျိုးကျေးဇူးများ
1. Total Control Over System
root လုပ်ပြီးတဲ့ ဖုန်းတစ်လုံးက သင့်ကို Administrator အဆင့်အနေအထားနဲ့သင့်ကိုပေးနိုင်ပါတယ်။
Root လုပ်ထားတဲ့ ဖုန်းကို ၀င်ရောက်ပြီးတော့ System File လေ့လာနိုင်သလို၊ System File တွေကို
တဖန်ပြန်လည်ပြီး Modify ပြုလုပ်ပေးနိုင်ပါတယ်။
( ဥပမာ : Android phone / Tablet ကို Root လုပ်ပြီး
System File ကို Modify ပြုလုပ်ပြီး မြန်မာဖောင့်ထည့်ပြီးအသုံးပြုနိုင်ပါတယ် )
2. Remove Unwanted Apps
ကျွန်တော်တို့ ဖုန်းတွေမှာ Original ပါလာတဲ့ Applications ရှိပါတယ်။
တချို့ apps တွေက အရမ်းရေးကြီးတဲ့အပိုင်းတွေမှာပါသလို တချို့က ကျွန်တော်တို့ရဲ့
Phone Memory ကိုအလဟဿဖြစ်စေပါတယ်။
ဒါကြောင့် သင့် Phone ကို Root လုပ်ပြီးတဲ့အခါ သင့်မကြိုက်နှစ်သက်တဲ့
Applications တွေကို ပြန်ပြီး ဖြုတ်ပစ်နိုင်ပါတယ်။
3. Change Themes
ကျွန်တော်တို့ ဖုန်းက နေ့စဉ်အသုံးပြုကိုင်နေရတာပါ။
နေ့စဉ် ကြည့်နေရပြီး စတိုင် အနေအထားတွေက ရိုးအီနေပါပြီ။
ကျွန်တော်တို့ ပုံစံအသစ် ၊ စတိုင်အသစ်နဲ့ ပြောင်းလဲဖို့က တချို့ဖုန်းတွေက
ပြသာနာ အနည်းငယ်ရှိပါတယ်။ ဒါပေမဲ့ Root လုပ်ပြီးတဲ့အခါ သင့်စိတ်ကြိုက် Themes နဲ့
သင့်ဖုန်းစတိုင်ပြောင်းလို့ရပါတယ်။
4. Backup Whole System
Android မှာ Root လုပ်ပြီးလို့ မိမိ Total System ကို Backup လုပ်ပြီး SD Card မှာ
သိမ်းထားလို့ပါတယ်။ အလွယ်ပြောရင် သင်ရဲ့ Image ကို Hard Disk မှာ သိမ်းတာပါ။
အထူးသဖြင့် New ROM ကိုအစမ်းသုံးကြည့်ဖို့အတွက် System အားလုံးကို သင့် Backup လုပ်ထားပြီး
SD Card မှာ သိမ်းထားလို့ရပါတယ်။ New ROM ကိုအစမ်းသုံးကြည့်လိုက်ပါ။ ကြိုက်နှစ်သက်လား … ?
OK.. မကြိုက်နှစ်သက်တော့ဘူးဆိုရင် သင့်ရဲ့ Old System ကိုပြန်ပြီးအသုံးပြုလို့ရပါတယ်။
သင့် SD Card ထဲမှာ Backup လုပ်ပြီး သိမ်းထားတဲ့ ” Image ” ရှိလို့ပါ။
သင့်ရဲ့ မူရင်း Old System ကို ပြန်ပြီး အသုံးပြုလို့ရပါတယ်။
5. Installing Special Applications
Android Phone ကို root လုပ်ပြီးတဲ့အခါ အရမ်းအသုံးဝင်ပြီး သင်ကြိုက်နှစ်သက်တဲ့ Applications
တွေကို သင့် Install ပြုလုပ်နိုင်ပါတယ်။
( ဥပမာ : Fullversion အသုံးပြုလို့ရတဲ့ Crack Application တွေကိုဆိုလိုတာပါ )
အရမ်း လွယ်ကူပြီး ၊ Free ရတဲ့ Applications တွေကို သင့်ရှာနိုင်ပါတယ်။
6. Install New ROM , Interference
သင့်ဖုန်းမှာ Original ပါလာတဲ့ ROM ကိုသုံးလို့အားရတဲ့အခါ (သို့)
အခြား New Rom အသစ်သုံးချင်တယ်ဆိုရင်လဲ သင့်ရဲ့ Android Device ကို
ချိန်းပြီးသုံးနိုင်ပါတယ်။ ဘာကြောင့်လဲဆိုတော့ အခုဆိုရင် သင့် Android Device နဲ့
ပတ်သက်တဲ့ ROM တွေက Online မှာ အလွယ်တကူရှာဖွေနိုင်ပါတယ်။အခုဆိုရင် Android Developers တွေအများအပြားရှိပါတယ်။
ကဲ ..ဒီလောက်ဆိုရင် Android မှာ Root လုပ်ရတဲ့အကြောင်းအရင်း
အနည်းအကျဉ်းသဘောပေါက်လောက်ပါပြီ။
အားလုံးအဆင်ပြေကြလိမ့်မယ်လို့ထင်ပါတယ်။
Crd: နည်းပညာချစ်သူ
🚩 Samsung ဖုန်းအတွက် မြန်မာစာ
မြန်မာစာအဆင်မပြေတဲ့ Samsung ဖုန်းများအတွက် ဆမ်ဆောင်းမြန်မာစာဆော့ဝဲလေးကိုတင်ပေးလိုက်ပါတယ်။
ဖိုင်ဆိုဒ် 2MB သာရှိပြီးတော်တော်လေးအသုံးဝင်ပါတယ်။
ရိုးရိုး Font Style နဲ့ပြောင်းလို့မရတဲ့ဖုန်းတွေကိုလည်း Root နဲ့ထည့်သွင်းပေးနိုင်တဲ့
နည်းလမ်းလည်းပါရှိပါတယ်။
🚩 ဆော့ဝဲလ်ဒေါင်းရန်
ဖိုင်ဆိုဒ် 2MB သာရှိပြီးတော်တော်လေးအသုံးဝင်ပါတယ်။
ရိုးရိုး Font Style နဲ့ပြောင်းလို့မရတဲ့ဖုန်းတွေကိုလည်း Root နဲ့ထည့်သွင်းပေးနိုင်တဲ့
နည်းလမ်းလည်းပါရှိပါတယ်။
🚩 ဆော့ဝဲလ်ဒေါင်းရန်
🚩 3D Logo ဆော့ဝဲလ်
ဖုန်းသမားတွေ အတွက် ဖုန်းတွင်
3D Logo ပြုလုပ်ချင်သူများအတွက်
အလွယ်ဆုံး ဆော့ဝဲလေးကို တင်ပေးလိုက်ပါတယ်။
အသုံးပြုရတာ အရမ်း လွယ်ကူပြီ လိုအပ်တဲ့ ဘော်ဒါတွေ အောက်မှာ ဒေါင်းယူပါ။
🚩 ဆော့ဝဲလ်ဒေါင်းရန်
Tuesday, December 19, 2017
🚩 Android [ Recovery Mode ] ဆိုတာဘာလဲ ..?
1 – Recovery Mode ဆိုတာ ဘာလဲ။
2 – Recovery Mode ဘယ်နှစ်မျိုး ရှိသလဲ။
3 – Recovery Mode မှာ ဘာ Function တွေ ပါသလဲ။
4 – Recovery Mode မှာ ပါတဲ့ Function တွေက ဘာတွေ အသုံးဝင်ပြီး ဘယ်လို အလုပ် လုပ်သလဲ။
( 1 ) Recovery Mode ဆိုတာ ဘာလဲ။
Recovery Mode = ပြန်လည်ပြင်ဆင်ရန် နည်းလမ်း
Recovery Mode ဆိုတာ Android Phone ထုတ်လုပ်သူတွေက User တွေအနေနဲ့ Mobile ကိုအသုံးပြုရင်း လေးလာခြင်း ၊ ဟန်း ခြင်း ၊ System Appliction များ ပျောက်သွားခြင်း or Has stop ပြနေခြင်း ၊ Virus ၀င်ခြင်းများ စသဖြင့် တစ်စုံတစ်ရာ Error ကြုံလာပါက စက်ရုံထုတ် နဂိုအခြေနေအတိုင်း Mobile ကို ပြန်လည် ရောက်ရှိစေခြင်းကို အသုံးပြုနိုင်ရန် တစ်နည်း အမှားအယွင်းများကို ပြန်လည်ပြင်ဆင်ရန် နည်းလမ်းကို Recovery Mode ဟု ခေါ်ပါသည် ။
( 2 ) Recovery Mode ဘယ်နှစ်မျိုး ရှိသလဲ။
Recovery Mode (၂) မျိုးရှိပါတယ် ။
1 – Android System Recovery (or) Stock recovery ( or ) Official Recovery
2 – Clock work Mode ( CWM ) recovery (or) Custom recovery
ဟူ၍ နှစ်မျိုး ရှိပါတယ်…။
1 – Android System Recovery (or) Stock recovery ( or ) Official Recovery
Official Recovery ကေတာ့ Android Phone တော်တော်များများမှာ ဖုန်းစတင်ထုတ်လုပ်ကတည်းက ပါလာတာများပါတယ် ။ တချို့ Clone Phone တွေဆို Recovery Mode Function မပါဝင်ပါဘူး ။
2 – Clock work Mode ( CWM ) recovery (or) Custom recovery
Custom Recovery ကေတာ့ Developer နဲ့ အခြားပညာရှင်များမှ မိမိတို့ စိတ်ကြိုက် သုံးရလွယ်အောင် Official ထက် Function ပိုစုံအောင် ပြင်ဆင်ထားသော Partition တစ်နည်းအားဖြင့် Custom Recovery ပါ ။ သူကေတာ့ Official Recovery ထက် အားသာချက်တွေ များပါတယ် ။
( 3 ) Recovery Mode မှာဘာ Function တွေ ပါသလဲ။
Recovery Mode မှာ ပါဝင်တဲ့ Function တွေက ( ၂ ) မျိုးခွဲပြောမှ ပို ပြည့်စုံမှာပါ ။ ဘာကြောင့်လဲဆိုတော့ သူက Official Recovery နဲ့ Custom Recovery ဆိုပြီး ( ၂ ) မျိုး ကွဲနေလို့ပါပဲ ။
Official Recovery မှာ ပါဝင်သော Function မ်ား
1 – Reboot System now
2 – Apply update from ADB
3 – Apply update from SD card
4 – Wipe data/Factory reset
5 – Wipe cache partition
Custom Recovery မှာ ပါဝင်သော Function မ်ား
1 – Reboot System now
2 – Apply update from SD card
3 – Wide data / factory reset
4 – wipe cache partition
5 – install zip from sdcard
6 – backup and restore
Back up
Restore
7 – +++Go Back+++
( 4 ) Recovery Mode မှာ ပါတဲ့ Function တွေက ဘာတွေ အသုံးဝင်ပြီး ဘယ်လို အလုပ် လုပ်သလည်း
Function ( 1 ) Reboot System now
ဒီ Function ကေတာ့ Recovery Mode အခြေနေကနေ Reboot System now လို့ နှိပ်လိုက်တာနဲ့ Phone ဟာ Recovery Mode ကနေထွက်ပြီး Home Screen ( or ) Normal Mode အခြေနေကို တန်းရောက်စေသော Function ပါ ။
Function ( 2 ) Apply update from ADB
ဒီ Function ကေတာ့ Apply update from ADB လို့ နှိပ်လိုက်တာနဲ့ Phone ဟာ Recovery Mode ကေန adb သိစေသော adb sideload mode အခြေနေကို ရောက်ပြီး PC တွင် adb devices ဟုရိုက်သော် adb sideload ဟုပေါ်စေသော Function ပါ ။ သူက ဘာတွေအသုံးဝင်သလည်းဆိုတော့ Huawei Firmware တွေမှာ တချို့ ဆို Update.zip နဲ့ လာပါတယ် အဲ့ဖုန်းက Memory Card မကောင်းဘူးဆိုပါစို့ အဲ့ဒီအခါ Update.zip ကို PC ကနေပြီး တင်လို့ ရပါတယ် ၊ တချို့ UPDATE.APP Firmware တွေလည်း တင်လို့ရပါတယ် ။ ဘာပဲပြောပြော ဒီ adb sideload mode က Firmware တင်ရန်အသုံးဝင်တယ်ဆိုတာ တချို့ မသိသေးသူတွေအတွက် အသိအမြင် တစ်ခုတိုးသွားတယ်ဆို ကျေနပ်ပါပြီဗျာ ။
update.zip = adb sideload update.zip
UPDATE.APP = adb sideload UPDATE.APP
Function ( 3 ) Apply update from SD card
ဒီ Function ကေတာ့ Recovery Mode ကေန Update.zip ဆိုတဲ့ Firmware zip File ကို Firmware တင်လို့ရတဲ့ Function ပါ ။ Apply update from SD card — Choose zip from sdcard — update.zip ကိုရွေးလိုက်ယုံနဲ့ Firmware Install တာတွေ့မြင်ရမှာ ဖြစ်ပါတယ် ။
Function ( 4 ) Wipe data/Factory reset
ဒီ Function ကေတာ့ Phone တစ်လုံးဟာ စက်အရမ်း လေး နေတာပဲဖြစ်ဖြစ် ၊ ဟန်းနေလို့ ပဲဖြစ်ဖြစ် ၊ Game & Application တွေ Installation ကြာနေတာပဲဖြစ်ဖြစ် ၊ Internal Memory ပြည့်နေလို့ လိုခြင်တဲ့ Software တွေ ထပ်ထည့်လို့ မရတဲ့ အခါမျိုးမှာ Phone ကို စ၀ယ်လာတဲ့ ပုံစံမျိုးလို ပေါ့ပါးပြီး သုံးရအဆင်ပြေအောင် Fastory Reset ချချင်တဲ့ အခါ အသုံးပြုလို့ ရအောင် ထားတဲ့ Wipe data/Factory reset Function ပဲဖြစ်ပါတယ် ။ တစ်ခုသတိပြုရမှာက ဒီ Function ကိုအသုံးပြုမယ်ဆို Customer ရဲ့ data အကုန်ပျက်သွားမယ်ဆိုတာ ကြိုသိထားရပါမယ် ။ Internal Memory ထဲမှာ ရှိတဲ့ data တွေအကုန်လုံးကို ဖျက်ချမှာဖြစ်လို့ပါပဲ ။ ဒါကြောင့် Fastory Reset မချခင် Customer ကို အရင်မေးကြည့်ပါ အရေးတကြီး Backup ယူစရာ ရှိ မရှိ ။ ရှိတယ်ဆို ကြိုယူထားပါ ၊ မရှိဘူးဆိုရင်တော့ Fastory Reset ချလိုက်ပါ ဒါဆို အဆင်ပြေပါပြီ ။
Function ( 5 ) Wipe cache partition
ဒီ Function ကေတာ့ Phone ရဲ့ နောက်ကွယ်မှာ Run တာတွေကို ရှင်းပေးတဲ့ Function ပါ ၊ စက်ဟန်းနေရင် အနည်းငယ် ပေါ့စေသော Function ဆိုလည်းမမှားပါဘူး ။
Function ( 6 ) Backup and Restore
ဒီ Function ကို အသုံးပြုဖို့အတွက် မိမိ Phone ဟာ CWM ( Custome Recovery ) တင်ထားမှသာ အသုံးပြုနိုင်မှာ ဖြစ်ပါတယ် ။ Phone အတွင်းမှ Rom တစ်ခုလုံးကို Backup ကြိုယူထားနိုင်သလို လိုအပ်တဲ့အခါ Phone အတွင်းသို့ Rom ကို Restore ပြန်လုပ်နိုင်သော Function ပါ ။
ဒီလောက်ဆို Recovery Mode ကနေ ဘာတွေအသုံးဝင်ပြီး ဘယ်လိုအသုံးပြုရမယ် ဆိုတာ အနည်းငယ်တော့ သိလောက်မယ်ထင်ပါတယ် ကျန်တဲ့ အသုံးဝင်ပုံလေးတွေလည်း ရှိပါသေးတယ် အခါအခွင့် သင့်တဲ့အခါ တင်ပေးပါအုံးမယ်ခင်ဗျာ ။
အားလုံးပဲ ပျော်ရွှင်ချမ်းမြေ့ကြပါစေခင်ဗျာ။
credit; / မူရင်းသို့
p

Monday, December 18, 2017
🚩 Badminton ကြက်တောင်ရိုက်ဂိမ်း [ ခိုးပီးသား ]
#ရုပ်သံ အကြည်လင်ဆုံးဖြင့် ကြက်တောင်ရိုက်ရတာ ဝါသနာရှင်များ အတွက် နောက်ဆုံးထွက်ပါနော်။
🏆🏆🏆🏆🏆🏆🏆🏆🏆🏆🏆
#ဖလားယူတဲ့ အထိ ပါတယ်နော်။
File size: - 30.93 MB
ခုဒေါင်းခုဆော့ offline ဂိမ်းပါ။
တန်းဆော့ Apk တစ်ခုတည်းပါ
🚩 Color Note [ Last Version ]
Color Note APK ကတော့ တော်တော်များများ ဖုန်းတိုင်းလိုလို သုံးနေကြပါတယ်။
သူကတော့ အခြားသော Note APK တွေထက်အများကြီးသာရုံမက မတူညီတဲ့ ကိုယ့်ရဲ့
Note အမျိုးအစားလိုက် Color ကွဲခြားပြီးတော့ မှတ်လို့ရသလို ကိုယ့်ရဲ့ Note ကို အခြားသူတွေ
အလွယ်တကူဝင်ရောက်ဖတ်လို့မရနိုင်အောင် Lock ပိတ်လို့ရပါတယ်။
နောက်ပြီးတော့မှ Color Note APK မှာ ကိုယ့် Account တစ်ခုခု ( သို့ ) Gmail Account တစ်ခုခုကို
ဝင်ထားပြီး Synchronize ( Sync ) ပြုလုပ်ထားရုံနဲ့ အခြားသော ကိုယ့်ရဲ့ဖုန်းတစ်ခုမှာပဲဖြစ်ဖြစ်
Color Note Software ( For PC ) သွင်းထားတဲ့ ကိုယ့်ရဲ့ PC မှာပဲဖြစ်ဖြစ် ၎င်း Account ကို ဝင်ပြီး
Sync လုပ်လိုက်တာနဲ့ ကိုယ်သိမ်းထားတဲ့ Note Data အချက်အလက်တွေ အကုန်လုံးကို မတူညီတဲ့
Device အမျိုးအစား အားလုံးကနေ Control လုပ်နိုင်သလို Note Data ကို Edit or Delete ပြုလုပ်နိုင်ပါတယ်။
လွန်ခဲ့တဲ့ရက်ပိုင်းခန့် 15.12.2017 ရက်နေ့က 3.11.16 Version နဲ့ ထွက်ရှိလာတဲ့ Color Note APK မှာတော့
WiFi ချိတ်တဲ့ ဘယ် Printer အမျိုးအစားမဆို Color Note APK ရဲ့ နောက်ဆုံး Version ကနေ Print လှမ်းထုတ်လို့ရပါတယ်။
🚩 ဆော့ဝဲလ်ဒေါင်းရန်
🚩 USB Stick ထဲမှာ File များပြောက်နေလျင် ရှာဖွေနည်း
အဆင့် ၁- My Computer ကိုသွားပြီးတော့ မိမိ USB ရဲ့ Drive Name ကိုမှတ်ထားပါ( ဆိုလိုတာက c လား d လား e လား f လားဆိုတာကိုပါ USB မှာကိုယ်ပေးထားတဲ့ အမည်မဟုတ်ပါဘူး computer driver letter ကိုပြောတာပါ ) မသိရင် comment မှာလားမေးပါ
အဆင့် ၂ -Windows Key နှင့် r ကို တပြိုင်တည်းနှိပ်ပါ
အဆင့် ၃ - Run Box ပေါ်လာမည် cmd ဟုရိုက်ထည့်ပြီး Enter ခေါက်ပါ.
အမည်းရောင် Windows တစ်ခုပေါ်လာလာလိမ့်မည်
အဆင့် ၄- အောက်ပါ Command များကို copy လုပ်ပြီး ပေါ်လာတဲ့ အမည်းရောင် windows အထဲမှာ Rick click ထောက်ပြီး Paste ကို နှိပ်ပါ Enter ခေါက်ပါ
မှတ်ချက် မိမိ usb drive letter နဲ့သက်ဆိုင်တဲ့ command ကိုသာ copy လုပ်ပါ ။ နားမလည်ရင် comment မှာလာမေးပါ ခင်ဗျာ
အချိန်ပေးပြီး လုပ်ထားရတဲ့အတွက် ဆန္ဒရှိရင် Page ကို Like လုပ်ပေးပါ ကျေးဇူးပါ။
Letter A အတွက် attrib -r -a -s -h "a:\*" /s /d
Letter B အတွက် attrib -r -a -s -h "b:\*" /s /d
Letter D အတွက် attrib -r -a -s -h "d:\*" /s /d
Letter E အတွက် attrib -r -a -s -h "e:\*" /s /d
Letter Fအတွက် attrib -r -a -s -h "f:\*" /s /d
Letter G အတွက် attrib -r -a -s -h "g:\*" /s /d
Letter H အတွက် attrib -r -a -s -h "h:\*" /s /d
Letter I အတွက် attrib -r -a -s -h "i:\*" /s /d
Letter J အတွက် attrib -r -a -s -h "j:\*" /s /d
Letter K အတွက် attrib -r -a -s -h "k:\*" /s /d
Letter L အတွက် attrib -r -a -s -h "l:\*" /s /d
Letter M အတွက် attrib -r -a -s -h "m:\*" /s /d
Letter N အတွက် attrib -r -a -s -h "n:\*" /s /d
Letter O အတွက် attrib -r -a -s -h "o:\*" /s /d
Crd: မူရင်းရေးသူသို့
🚩 Apple device အကြောင်း သိသလောက်
ကိုယ့်ဖုန်းဟာဘာ region လည်းဆိုတာကိုသိနိုင်ရန် တင်ပေးလိုက်ပါတယ်။
ဖုန်းရဲ့ Settion >>> about ကနေ region code ကိုကြည့်ပြီးအောက်
region list မှာ မိမိဖုန်းဟာဘယ်နိုင်ငံ အမျိုးအစားလဲဆိုတာကို လေ့လာကြရအောင်
======================
AB - Egypt, Jordan, Saudi Arabia, United Arab Emirates
B - Ireland, UK, also used for some replacement units
BR - Brazil (Assembled in Brazil)
BZ - Brazil (Assembled in China)
C - Canada
CL - Canada
CH - China
CZ - Czech Republic
D - Germany
DN - Austria, Germany, Netherlands
E - Mexico
EE - Estonia
FB - France, Luxembourg
FD - Austria, Liechtenstein,Switzerland
GR - Greece
HN - India
IP - Italy
HB - Israel
J - Japan
KH - Korea
KN - Norway
KS - Finland, Sweden
LA - Colombia, Ecuador, El Salvador, Guatemala, Honduras, Peru
LE - Argentina
LL - USA, Canada, also used for some replacement units
LZ - Chile, Paraguay, Uruguay
MG - Hungary
MO - Macau, Hong Kong(?)
MY - Malaysia
NF - Belgium, France, Luxembourg
PL - Poland
PO - Portugal
PP - Philippines
RO - Romania
RS - Russia
SL - Slovakia
SO - South Africa
T - Italy
TA - Taiwan
TU - Turkey
TY - Italy
VC - Canada
X - Australia, New Zealand
Y - Spain
ZA - Singapore
ZP - Hong Kong, Macau
credit : မူရင်းသို့
🚩 ဖုန်းမှာနေရာအနှံ့ နှင်းကျအောင်လုပ်နိုင်တဲ့ ဆော့ဝဲလ်
အရမ်းအေးတဲ့ဒီဇင်ဘာလည်းရောက်နေပြီ မကြာခင်ခရစ်စမတ်လည်းရောက်တော့မှာဆိုတော့
သင့်ဖုန်းထဲမှာလည်းနှင်းတွေကျအောင် လုပ်လိုက်တော့လေနော်
ဒီဆော့ဝဲလေးက 2MB သာရှိပြီးအရမ်းမိုက်ပါတယ်။
နှင်းတွေကိုအဖြူရောင်အပြင်အခြား ကြိုက်တဲ့အရောင်ပြောင်းထားနိုင်ပါသေးတယ်။
🚩 ဆော့ဝဲလ်ဒေါင်းရန်
🚩 ဖုန်း Battery အားပြည့်ရင် ဆက်ပီးအားမဝင်အောင် ထိန်းချုပ်ပေးမယ့် ဆော့ဝဲလ်
မိမိဖုန်းကို အားသွင်းထားစဉ် ဘတ်ထရီးအား ၁၀၀ % ပြည့်သွားပါက ဖုန်းအတွင်း ဆက်ပြီး ဘတ်ထရီအားမ၀င်စေရန် ထိန်းချူပ်ပေးမည့် ဆော့ဝဲဖြစ်ပါတယ်။
အခု App ကိုအသုံးပြုသူဟာ ဘတ်ထရီးအားသွင်းထားစဉ် မိမိဖုန်း၏ဘတ်ထရီပိုင်းကို စိတ်ပူစရာမလိုဘဲ အားသွင်းထားစဉ် အိပ်ပျော်ခြင်း သတိမေ့ခြင်းများကို ပူပင်စရာမလိုတော့တာ အမှန်ပါဘဲ။
ဖုန်း၏ Notification တွင်လည်းဘတ်ထရီ၏ ကျန်ရှိရာခိုင်နှုန်းကို ပြသပေးယုံသာမက wifi အဖွင့်/အပိတ် , Mobile Data အဖွင့်/အပိတ် /Bluetooth နှင့် Sound အသံအဖွင့်/အပိတ် , Screen Brightness အလင်း/အမှောင် , ဖုန်း၏ဓာတ်မီး စတဲ့ အချက်အလက်များကို လွယ်လင့်တကူအသုံးပြုနိုင်မှာလည်းဖြစ်ပါတယ်။
ယင် App ကို Google Play Store တွင် $ ဖြင့်ဝယ်ယူရမှာဖြစ်ပြီး ပေးထားတဲ့လင့်မှာတော့ အခမဲ့ဒေါင်းလုပ်ရယူနိုင်ပါတယ်။
Crd: ဆော့ဝဲလမ်းညွှန်
🚩 ဆော့ဝဲလ်ဒေါင်းရန်
Sunday, December 17, 2017
🚩 Snap Tube [ Last Version ]
Video / Mp4 / Mp3 အလွယ်ဆုံး ဒေါင်းယူနိုင်ပါတယ် ...
Youtube
Facebook အကုန် ဒေါင်းနိုင်ပါတယ် ...
File size ကိုလည်း ကိုယ့်စိတ်ကြိုက် ပြုပြင် ဒေါင်းနိုင်ပါတယ် ...
🚩 ဆော့ဝဲလ်ဒေါင်းရန်
Youtube
Facebook အကုန် ဒေါင်းနိုင်ပါတယ် ...
File size ကိုလည်း ကိုယ့်စိတ်ကြိုက် ပြုပြင် ဒေါင်းနိုင်ပါတယ် ...
🚩 ဆော့ဝဲလ်ဒေါင်းရန်
Subscribe to:
Posts (Atom)
🚩 Link ယူနည်း Link ချနည်းမျိုးစုံ ဆော့ဝဲလ်
နည်းပညာလေ့လာနေသူတိုင်းအတွက် လင့်ယူနည်း လင့်ချနည်း မျိုးစုံကို လေ့လာနိုင်တဲ့ ဆော့ဝဲကောင်းလေးပါ။ မိမိဖုန်းထဲက သီချင်း ဆော့ဝဲ ဗီဒီယိုတွေကို ...

-
Mobile Legend ချစ်သူများအတွက် နောက်ဆုံးဗာရှင်းအသစ် 1.2.35.2235 ထွက်ရှိလို့လာပါပြီ 😍 ထူးခြားချက်များစွာနဲ့ ဒီဗားရှင်းအသစ်ကိုဒေါင်းယူပြီး ...
-
ဆော့ဝဲလ်ဒေါင်းရန် ဟက်ကာပိုင်းကိုလေ့လာနေသူများအတွက်အသုံးဝင်ပါမယ်။ အသုံးပြုရာတွင်လဲ အင်တာနက် ဖွင့်ထားစရာမလိုအပ်ပဲ နည်းလမ်းမျ...
-
ခိုးပြီးသား Game တွေဆော့ချင်ပေမယ့် ရှာမရဖြစ်နေသူတွေ၊ download ဆွဲပြီးကာမှ dataနဲ့obb မရှိလို့ ဆော့မရသူတွေ၊ COC,CR,Messenger စတာတွေကို play ...
-
Myanmar Keyboard ကို မြန်မာနိုင်ငံ အလံ Logo လေးနဲ့သုံးခြင်သူတွေ အတွက်ပါ File size / 1mb ထည့်သွင်းနည်း ---------------- ဖုန်းSetting...
-
Samsung Device များ ရဲ့ Android v7.0 , 6.0 တွေကို FRP ဖြည်နည်းလေး မျှဝေပေးလိုက်ပါတယ်။ ဒီနည်းလမ်းလေးက တော်တော်များများ model တွေမှာ အသုံးဝင...
-
ဂိုးစကိုးတွေကို တိုက်ရိုက်ကြည့်ရှုနိုင်ပြီး ပွဲစဉ်ဇယား၊ အားကစားသတင်းတွေကို အချိန်နှင့်တပြေးညီ မြန်မာလို ဖတ်ရှုနိုင်မည့် ဆော့ဝဲ FileSize ...
-
သင့်အကောင့်ထဲကို ဘယ်သူတွေအများဆုံးဝင်ကြည့်ကြလဲ ဖော်ပြပေးမယ့် ဆော့ဝဲလ် 😉 သင့်ရဲ့ Facebook အကောင့်ထဲကိုဘယ်သူတွေဘယ်နှစ်ကြိမ်ထိဝင်ကြည့်ကြလဲဆို...
-
ဖုန်းငွေဖြည့် ကဒ်များ ခဲခြစ်လွန်သွားပြီး ပင်နံပါတ်များပျက်ကုန်ရင် လွှင့်မပြစ်ကြပါနက် ၊ပြန်သုံးလို့ရတဲ့နည်းလမ်းလေး အသိပေးပါရစေ...
-
နည်းပညာလေ့လာနေသူတိုင်းအတွက် လင့်ယူနည်း လင့်ချနည်း မျိုးစုံကို လေ့လာနိုင်တဲ့ ဆော့ဝဲကောင်းလေးပါ။ မိမိဖုန်းထဲက သီချင်း ဆော့ဝဲ ဗီဒီယိုတွေကို ...
-
Samsaung Phone ပိုင်ရှင်တွေအတွက် မိမိတို့ ဖုန်းဟာ ဘယ်နိုင်ငံကထုတ်ပါလဲ... အတုလားအစစ်လားဆိုတာ အနီးစပ်ဆုံး စမ်းသတ် နိုင်မဲ့ နည်းလမ်းလေးတွေ ကို...