Wednesday, December 6, 2017
🚩 ဖုန်းတစ်လုံးကို ပေါ့ပါးသွက်လက်အောင် ဘယ်လိုလုပ်မလဲ
ကျွန်တော်တို့ ဖုန်းတစ်လုံးကို အင်တာနက်သုံးတဲ့နေရာမှာ တစ်နေ့တစ်ခြား Data တွေ တက်လာတာ တွေ့ရပါတယ်။ Facebook တို့ Viber တို့ကအစ ကွန်ပျူတာနဲ့သုံးရင် Log Out လုပ်လေ့ရှိကြပေမယ့် ဖုန်းနဲ့သုံးရင် ပုံမှန်အားဖြင့် Log Out လုပ်လေ့မရှိကြပါဘူး။ သုံးတာကြာလာတာနှင့်အမျှ Data တွေ တဖြည်းဖြည်းတက်လာပြီး Storage တက်လာပါတယ်။ အဲဒီလို Storage တက်လာတာနှင့်အမျှ စမတ်ဖုန်းဟာ လေးလံလာတော့တာပါပဲ။ ဒီတစ်ပတ်ဆောင်းပါးမှာတော့ စမတ်ဖုန်းတစ်လုံးကို ပေါ့ပါးအောင် ဘယ်လိုလုပ်မလဲဆိုတာကို အသေးစိတ်ဖော်ပြပါမယ်။
၁။ မကြာခဏ Restart ချပါ။
တော်တော်များများက ဖုန်းကို သုံးကြပေမယ့် Restart ချတဲ့အလေ့အကျင့်မရှိကြပါဘူး။ ဖုန်းတွေဟာ သုံးတာကြာလာတာနှင့်အမျှ အပူတွေတက်လာပြီး လေးလံတာမျိုးတွေ ဖြစ်တတ်ပါတယ်။ ဖြစ်နိုင်ရင် တစ်နေ့ကို Restart ၂ကြိမ် ၊ ၃ကြိမ်ခန့် ချပေးပါ။ လူတွေတောင် အိပ်စက်အနားယူရသလို ဖုန်းတွေအတွက်လည်း ရေရှည်ခိုင်မြဲဖို့အတွက် အနားပေးသင့်ပါတယ်။ အကောင်းဆုံးကတော့ လူအိပ်ပြီဆိုလျင် ဖုန်းကိုလည်း စက်ပိတ်ထားသင့်ပါတယ်။
၂။ Software အားလုံးကို နောက်ဆုံး Version တင်ထားပါ။
စမတ်ဖုန်းတွင် Software များအားလုံး Version အသစ်ထွက်တိုင်း Update လုပ်ထားသင့်ပါတယ်။ Latest Version Software များသည် စွမ်းဆောင်ရည်မြင့်မားရုံသာမက ဘတ္ထရီသက်တမ်းကိုလည်း ကြာရှည်စေပါတယ်။
၃။ မလိုအပ်တဲ့ Data ၊ Application တွေကို ဖျက်ပစ်ပါ။
စမတ်ဖုန်းတွေမှာ Application တွေ Run ရတာ များလာရင် (သို့မဟုတ်) ဗီဒီယိုဖိုင်တွေ ၊ သီချင်းတွေ ၊ ဓာတ်ပုံတွေ စသဖြင့် Data တွေထည့်ထားတာ များလာရင်တော့ ဖုန်းဟာ လေးလံလာပါတယ်။ ကိုယ် အသုံးမပြုတဲ့ Application များကို Uninstall လုပ်ထားခြင်း ၊ ကိုယ်အသုံးမလိုတော့တဲ့ Data တွေကို Delete လုပ်ခြင်း စသည်တို့ လုပ်ထားတာက အကောင်းဆုံးပါ။
၎။ Cache ကို Clear လုပ်ပါ။
စမတ်ဖုန်းတွေဟာ အင်တာနက်သုံးတာများလာတာနှင့်အမျှ Cache File တွေ ဝင်ရောက်လာပြီး စက်လေးလာတွေ ဖြစ်လာပါတယ်။ စမတ်ဖုန်းရဲ့ Setting မှတဆင့် Clear Cache လုပ်ကာ Cache File များကို ရှင်းလင်းနိုင်ပါတယ်။ ထို့အပြင် အခြား Cache Cleaner Application များမှလည်း ရှင်းလင်းနိုင်ပါတယ်။
၅။ Live Wallpaper များကို ပိတ်ထားပါ။
စမတ်ဖုန်းများမှာ Live Wallpaper Application များအသုံးပြုထားလျင် အချိန်တိုင်း အလုပ်လုပ်နေရသောကြောင့် စက်လေးခြင်း ၊ အားကုန်မြန်ခြင်းများ ဖြစ်တတ်ပါတယ်။ ဒါကြောင့် ဖြစ်နိုင်ရင် Live Wallpaper တွေကို အသုံးမပြုဘဲ ရိုးရိုး Wallpaper ကိုသာ အသုံးပြုသင့်ပါတယ်။
#Credit
Subscribe to:
Post Comments (Atom)
🚩 Link ယူနည်း Link ချနည်းမျိုးစုံ ဆော့ဝဲလ်
နည်းပညာလေ့လာနေသူတိုင်းအတွက် လင့်ယူနည်း လင့်ချနည်း မျိုးစုံကို လေ့လာနိုင်တဲ့ ဆော့ဝဲကောင်းလေးပါ။ မိမိဖုန်းထဲက သီချင်း ဆော့ဝဲ ဗီဒီယိုတွေကို ...

-
Mobile Legend ချစ်သူများအတွက် နောက်ဆုံးဗာရှင်းအသစ် 1.2.35.2235 ထွက်ရှိလို့လာပါပြီ 😍 ထူးခြားချက်များစွာနဲ့ ဒီဗားရှင်းအသစ်ကိုဒေါင်းယူပြီး ...
-
ဆော့ဝဲလ်ဒေါင်းရန် ဟက်ကာပိုင်းကိုလေ့လာနေသူများအတွက်အသုံးဝင်ပါမယ်။ အသုံးပြုရာတွင်လဲ အင်တာနက် ဖွင့်ထားစရာမလိုအပ်ပဲ နည်းလမ်းမျ...
-
ခိုးပြီးသား Game တွေဆော့ချင်ပေမယ့် ရှာမရဖြစ်နေသူတွေ၊ download ဆွဲပြီးကာမှ dataနဲ့obb မရှိလို့ ဆော့မရသူတွေ၊ COC,CR,Messenger စတာတွေကို play ...
-
Myanmar Keyboard ကို မြန်မာနိုင်ငံ အလံ Logo လေးနဲ့သုံးခြင်သူတွေ အတွက်ပါ File size / 1mb ထည့်သွင်းနည်း ---------------- ဖုန်းSetting...
-
Samsung Device များ ရဲ့ Android v7.0 , 6.0 တွေကို FRP ဖြည်နည်းလေး မျှဝေပေးလိုက်ပါတယ်။ ဒီနည်းလမ်းလေးက တော်တော်များများ model တွေမှာ အသုံးဝင...
-
ဂိုးစကိုးတွေကို တိုက်ရိုက်ကြည့်ရှုနိုင်ပြီး ပွဲစဉ်ဇယား၊ အားကစားသတင်းတွေကို အချိန်နှင့်တပြေးညီ မြန်မာလို ဖတ်ရှုနိုင်မည့် ဆော့ဝဲ FileSize ...
-
သင့်အကောင့်ထဲကို ဘယ်သူတွေအများဆုံးဝင်ကြည့်ကြလဲ ဖော်ပြပေးမယ့် ဆော့ဝဲလ် 😉 သင့်ရဲ့ Facebook အကောင့်ထဲကိုဘယ်သူတွေဘယ်နှစ်ကြိမ်ထိဝင်ကြည့်ကြလဲဆို...
-
ဖုန်းငွေဖြည့် ကဒ်များ ခဲခြစ်လွန်သွားပြီး ပင်နံပါတ်များပျက်ကုန်ရင် လွှင့်မပြစ်ကြပါနက် ၊ပြန်သုံးလို့ရတဲ့နည်းလမ်းလေး အသိပေးပါရစေ...
-
နည်းပညာလေ့လာနေသူတိုင်းအတွက် လင့်ယူနည်း လင့်ချနည်း မျိုးစုံကို လေ့လာနိုင်တဲ့ ဆော့ဝဲကောင်းလေးပါ။ မိမိဖုန်းထဲက သီချင်း ဆော့ဝဲ ဗီဒီယိုတွေကို ...
-
Samsaung Phone ပိုင်ရှင်တွေအတွက် မိမိတို့ ဖုန်းဟာ ဘယ်နိုင်ငံကထုတ်ပါလဲ... အတုလားအစစ်လားဆိုတာ အနီးစပ်ဆုံး စမ်းသတ် နိုင်မဲ့ နည်းလမ်းလေးတွေ ကို...
No comments:
Post a Comment