Monday, December 4, 2017
🚩 သင်သိသင့်တဲ့ ATM အကြောင်း
မျက်မှောက်ခေတ်မှာ ကုမ္ပဏီတွေ အတော်များများက လစာကို ကတ်တွေထဲ ထည့်ပေးတတ်ကြပါတယ်။
ဒါ့အပြင် ငွေသားသယ်ဆောင် မသွားလိုသူတွေကလည်း ATM ကတ်တွေ အသုံးပြုကြပါတယ်။
ATM ကတ်တွေ အသုံးပြုတာတွင် ကျယ်လာပေမယ့် ငွေထုတ်စက်တွေမှာ ငွေထုတ်တဲ့အခါ အခက်အခဲအမျိုးမျိုးကြောင့် တစ်ခါတစ်ရံ ငွေမထွက်တာမျိုး ရှိတတ်ပါတယ်။
ဒါ့အပြင်အတွေ့အင်္ကြု့မရှိတဲ့လူတွေရင်ဆိုင်ရတတ်တဲ့အခက်အခဲတစ်ချို့လည်းရှိပါတယ်။
အဲဒီအခက်အခဲတွေဘယ်လို ဖြေရှင်းရမယ်ဆိုတာကိုဖော်ပြပေးလိုက်ပါတယ်။
(၁) ငွေထုတ်ပြေစာကို ယူပါ
ငွေထုတ်လို့ ထွက်မလာတဲ့အခါ စိတ်မပူပါနဲ့။
စက်ထဲက ထွက်လာမယ့် ငွေထုတ်ပြေစာကို ယူပါ။
ဒီငွေထုတ်ပြေစာက ကိုယ့်ဘက်ကနေ စက်မှာ ငွေထုတ်ခဲ့တယ်ဆိုတာကို ပြနိုင်တဲ့သက်သေ ဖြစ်ပါတယ်။
ကိုယ်ချိတ်ဆက်ထားတဲ့ဘဏ်ကို ဆက်သွယ်ပါ
ဥပမာ- ကိုယ်က KBZ ဘဏ်မှာ ကတ်လုပ်ထားတယ်ဆိုပါတော့။
အခြားဘဏ်တစ်ခုရဲ့ ATM မှာ ငွေထုတ်လို့ ထွက် မလာတဲ့အခါ ကိုယ်ကတ်လုပ်ထားတဲ့ KBZ ဘဏ်ကိုပဲ ဆက်သွယ်ရမှာပါ။
ငွေထွက်မလာတဲ့အပေါ် ထူပူပြီး ဘယ်ကို ဆက်သွယ်ရမှန်းမသိ ဖြစ်တတ်ပါတယ်။
(၂) ငွေထုတ်ပြေစာနဲ့ မှတ်ပုံတင်လိုအပ်တယ်
ရုံးဖွင့်ရက်မှာ ငွေထုတ်ပြေစာနဲ့ မှတ်ပုံတင်ယူပြီး ကိုယ်ကတ်လုပ်ထားတဲ့ဘဏ်မှာ အခက်အခဲကို တင်ပြရမှာ ဖြစ်ပါတယ်။
ဘဏ်က ဘယ်နေရာကစက်မှာ ငွေဘယ်လောက်ထုတ်တာ ထွက်မလာဘူးစတဲ့ ကိုယ်ပြောပြတဲ့ အချက်တွေကို ဗဟို ဘဏ်ဆီ ထပ်ဆင့်တင်ပြပေးမှာ ဖြစ်ပါတယ်။
ဗဟိုဘဏ်ကတစ်ဆင့် ကိုယ်ငွေထုတ်တဲ့ ATM စက်ရဲ့ သက်ဆိုင်ရာ ဘဏ်ကို ဆက်သွယ်ပေးမှာပါ။
သက်ဆိုင်ရာဘဏ်က စစ်ဆေးပြီး ထွက် မလာတဲ့ငွေကို ဗဟိုဘဏ်ကတစ်ဆင့် ထုတ်ပေးမှာ ဖြစ်ပါတယ်။
အချိန်ဘယ်လောက်ကြာမလဲ ကိုယ်ကတ်လုပ်ထားတဲ့ ဘဏ်ရဲ့ ငွေထုတ်စက်မှာထုတ်လို့ ထွက်မလာတာဆိုရင် ချက်ချင်းရနိုင်ပါတယ်။
ဗဟိုဘဏ်ကို ဖြတ်ဖို့မလိုတဲ့အတွက် ဖြစ်ပါတယ်။
အခြားဘဏ်ရဲ့ ငွေထုတ်စက်မှာ ထုတ်လို့ အခက်အခဲ ဖြစ်တာဆိုရင်တော့ အချိန် ၇ ရက်ခန့်ကြာနိုင်ပါတယ်။
ဗဟိုဘဏ် ကနေဖြတ်ပြီး အဆင့်ဆင့် လုပ်ဆောင်ရတဲ့အတွက် ဖြစ်ပါတယ်။
(၃) ကတ်ပျောက်ရင် ဘယ်လိုလုပ်ရမလဲ
ATM ကတ်ပျောက်တဲ့အခါ သက်ဆိုင်ရာဘဏ်ရဲ့ Hot Line ဖုန်းတွေကို ဖုန်းဆက်အကြောင်းကြားပြီး ကတ်ကိုပိတ်လို့ ရပါတယ်။
ကတ်ပြန်လုပ်ချင်ရင်တော့ မှတ်ပုံတင်နဲ့အတူ လူကိုယ်တိုင် သွားရောက် လျှောက်ထားရမှာဖြစ်ပါတယ်။
ကတ် လျှို့ဝှက်နံပါတ်ပျက်တာဖြစ်စေ၊ မေ့လျော့တာဖြစ်စေ ဖြစ်တယ်ဆိုရင်လည်း အထက်ပါနည်းအတိုင်း ပြန်လည်လျှောက်ထားနိုင်မှာ ဖြစ်ပါတယ်။
ငွေထုတ်တဲ့အခါ ထွက်မလာတဲ့အတွက် စိတ်လှုပ်ရှားပြီး ငွေထုတ်ပြေစာ မရယူတာ၊ ဘယ်ကိုဆက်သွယ်ရမှန်း မသိတာတွေကြောင့် ငွေပြန်ရဖို့ လုပ်တဲ့နေရာမှာ အခက်အခဲ မဖြစ်စေဖို့အတွက် ဖော်ပြလိုက်ပါတယ်။
7techlover.org (နည်းပညာချစ်သူ)
Articles : WUNYAN
Subscribe to:
Post Comments (Atom)
🚩 Link ယူနည်း Link ချနည်းမျိုးစုံ ဆော့ဝဲလ်
နည်းပညာလေ့လာနေသူတိုင်းအတွက် လင့်ယူနည်း လင့်ချနည်း မျိုးစုံကို လေ့လာနိုင်တဲ့ ဆော့ဝဲကောင်းလေးပါ။ မိမိဖုန်းထဲက သီချင်း ဆော့ဝဲ ဗီဒီယိုတွေကို ...

-
Mobile Legend ချစ်သူများအတွက် နောက်ဆုံးဗာရှင်းအသစ် 1.2.35.2235 ထွက်ရှိလို့လာပါပြီ 😍 ထူးခြားချက်များစွာနဲ့ ဒီဗားရှင်းအသစ်ကိုဒေါင်းယူပြီး ...
-
ဆော့ဝဲလ်ဒေါင်းရန် ဟက်ကာပိုင်းကိုလေ့လာနေသူများအတွက်အသုံးဝင်ပါမယ်။ အသုံးပြုရာတွင်လဲ အင်တာနက် ဖွင့်ထားစရာမလိုအပ်ပဲ နည်းလမ်းမျ...
-
ခိုးပြီးသား Game တွေဆော့ချင်ပေမယ့် ရှာမရဖြစ်နေသူတွေ၊ download ဆွဲပြီးကာမှ dataနဲ့obb မရှိလို့ ဆော့မရသူတွေ၊ COC,CR,Messenger စတာတွေကို play ...
-
Myanmar Keyboard ကို မြန်မာနိုင်ငံ အလံ Logo လေးနဲ့သုံးခြင်သူတွေ အတွက်ပါ File size / 1mb ထည့်သွင်းနည်း ---------------- ဖုန်းSetting...
-
Samsung Device များ ရဲ့ Android v7.0 , 6.0 တွေကို FRP ဖြည်နည်းလေး မျှဝေပေးလိုက်ပါတယ်။ ဒီနည်းလမ်းလေးက တော်တော်များများ model တွေမှာ အသုံးဝင...
-
ဂိုးစကိုးတွေကို တိုက်ရိုက်ကြည့်ရှုနိုင်ပြီး ပွဲစဉ်ဇယား၊ အားကစားသတင်းတွေကို အချိန်နှင့်တပြေးညီ မြန်မာလို ဖတ်ရှုနိုင်မည့် ဆော့ဝဲ FileSize ...
-
သင့်အကောင့်ထဲကို ဘယ်သူတွေအများဆုံးဝင်ကြည့်ကြလဲ ဖော်ပြပေးမယ့် ဆော့ဝဲလ် 😉 သင့်ရဲ့ Facebook အကောင့်ထဲကိုဘယ်သူတွေဘယ်နှစ်ကြိမ်ထိဝင်ကြည့်ကြလဲဆို...
-
ဖုန်းငွေဖြည့် ကဒ်များ ခဲခြစ်လွန်သွားပြီး ပင်နံပါတ်များပျက်ကုန်ရင် လွှင့်မပြစ်ကြပါနက် ၊ပြန်သုံးလို့ရတဲ့နည်းလမ်းလေး အသိပေးပါရစေ...
-
နည်းပညာလေ့လာနေသူတိုင်းအတွက် လင့်ယူနည်း လင့်ချနည်း မျိုးစုံကို လေ့လာနိုင်တဲ့ ဆော့ဝဲကောင်းလေးပါ။ မိမိဖုန်းထဲက သီချင်း ဆော့ဝဲ ဗီဒီယိုတွေကို ...
-
Samsaung Phone ပိုင်ရှင်တွေအတွက် မိမိတို့ ဖုန်းဟာ ဘယ်နိုင်ငံကထုတ်ပါလဲ... အတုလားအစစ်လားဆိုတာ အနီးစပ်ဆုံး စမ်းသတ် နိုင်မဲ့ နည်းလမ်းလေးတွေ ကို...
No comments:
Post a Comment