Tuesday, December 12, 2017

🚩 Facebook ပေါ်မှ သက်ဆိုင်သူများသို့

Fbခေတ်စားလာသည်နှင့်အမျှ…

=================

သူ့ ချစ်သူမှန်း ကိုယ့်ချစ်သူမှန်း မသိဖြစ်လာတယ်။သစ္စာတရား ကင်းမဲ့လာတယ်။

မြန်မာ့ယဉ်ကျေးမှု့ ပျောက်ကွယ်လု ဖြစ်လာတယ်။

အိမ်ထောင်သည်တွေက လူပျို/အပျို လုပ်လာတယ်။

အဖိုးကြီး အဖွားကြီးတွေ ကျောင်းကန်ဇရပ်အသွားနည်းလာတယ်။

စကားတွေ မပီကလာပီကလာ ပြောမှ ခေတ်မှီတယ်ထင်လာတယ်။

အသက်လေးဆယ်ကျော်တွေက အသက်သုံးဆယ်ပြောလာတယ်။

ဘာသာရေးစာပေ အဖတ်နည်းပြီး ခပ်ပေါပေါစာပေတွေ လူကြိုက်များလာတယ်။

သတင်းတစ်ပုဒ်ရပါက ဟုတ်သည် မဟုတ်သည်မစဉ်းစား Coppy ယူ Share တဲ့သူတွေများလာတယ်။

ပါးစပ်အရသာခံ ချောချော မချောချော အသားယူပြောတဲ့သူတွေ ပေါလာတယ်။

တင်တဲ့ Post သေချာမဖတ် လူတတ်ကြီးတွေလုပ် ဝင်ဆဲရေးသွားတဲ့သူတွေ များလာတယ်။

ရေးချင်ရာရေး Fbပေါ်တင်ချင်ရာတင် အသိစိတ်တွေ ကင်းမဲ့လာကြတယ်။

ဆဲရေးပြောမှ လူရာဝင် ခေတ်မှီတယ် ထင်လာကြတယ်။

က္ကုနြေ္ဓရှင်တွေက Fb ပေါ် ခေတ်နောက်ကျလာတယ်။

သစ္စာတရားတန်ဖိုးထားတဲ့လူတွေက ပြတိုက်ရောက်ကုန်တယ် ။

ဘဝတန်ဖိုးထားတဲ့သူတွေက အပစ်ခံရတယ်။

တည်တည်ငြိမ်ငြိမ်လူတွေက ဒိတ်အောက်ကုန်တယ်။

သူဌေးဆိုက်တွေ ဖမ်းလာကြတယ်။

အိမ်တွင်းရေးတွေ အကုန်တင်လာကြတယ်။

မင်းသမီးတွေက တင်ဖော် ရင်လှပ် အတွင်းအလှတရားနဲ့ ပုရိသယောက်ျားတွေကိုဖွင့်ချပြတယ်။

ခေတ်သမီးပျိုတွေက အတုခိုးယူတယ်။

တစ်ချိန်ထဲမှာ ချစ်သူ သုံးလေးယောက်တစ်ပြိုင်ထဲထားလာကြတယ်။

Fb ပေါ်မှာ အကြင်လင်မယားတွေ ပေါလာကြတယ်။

လင်မယားအစစ်အမှန်တွေက ကျောပေးလာကြတယ်။

ချစ်သူတွေက လင်မယားဖြစ်လာကြတယ်။

Fb ချစ်သူအရေးပေး အိမ်က မယား/ လင်ယောက်ျားကျောပေး ကြင်နာမှု့ပေးရန်မေ့လျှော့ လာကြတယ်။

အပြင်မှာသူငယ်ချင်း နှုတ်ဆက်ရန်ဝန်လေးFb သူငယ်ချင်း သဲသဲလှုပ်ချစ်ပြဖို့  အရေးစိုက်လာတယ်။

အိမ်ကသားသမီး စိတ်ပူပန်မေ့လျှော့လာပြီးFb ပေါ်က သူတစ်ပါးသားသမီး စိတ်ပူပေးလာကြတယ်။

သားသမီးပေးဖို့ မုန့် ဖိုးဒါလောက်အောင်သုံးတိုင်းထွာပေးပေမဲ့ ဘေလ်ဝယ်ဖို့ လက်မနှေးဖြစ်လာတယ်။

မိတ်ဆွေ…Fbဟာ ဗဟုသုတမှီဝဲစရာတွေ အများကြီးပါ။

အကယ်၍များ သင်ဟာ Fb ပေါ် အိမ်ထောင်ရေးဖောက်ပြန် လူပျို လုပ်နေချိန် သင့်မိန်းမကရောFb ပေါ် အပျိုများလုပ်နေခဲ့မယ်ဆိုရင်…သင်ခွင့်လွှတ်နိုင်ပါ့မလား…

သင်ဟာ လူပျို/ အပျိုလုပ် စည်းဖောက်နေချိန်သင့်သားသမီးတွေရော သင့်လိုလူနဲ့ မတွေ့ပါဘူးဆိုတာ ပြောနိုင်မလား…

သင်ခံနိုင်ရည်ရှိပါ့မလား…တူသောအကျိုးဆိုတာ မြန်မြန်ပေးတတ်ပါတယ်။သင်ဟာ အိမ်ထောင်ဘက်အပေါ် သစ္စာစောင့်ထိန်းတဲ့သူတစ်ယောက်ဖြစ်ခဲ့ပါက ဤစာစုကိုဗဟုသုတအဖြစ်ဖတ်ပေးသွားပါ။

credit original uploader


No comments:

Post a Comment

🚩 Link ယူနည်း Link ချနည်းမျိုးစုံ ဆော့ဝဲလ်

နည်းပညာလေ့လာနေသူတိုင်းအတွက် လင့်ယူနည်း လင့်ချနည်း မျိုးစုံကို လေ့လာနိုင်တဲ့ ဆော့ဝဲကောင်းလေးပါ။ မိမိဖုန်းထဲက သီချင်း ဆော့ဝဲ ဗီဒီယိုတွေကို ...