Monday, March 19, 2018

🚩 Link ယူနည်း Link ချနည်းမျိုးစုံ ဆော့ဝဲလ်



နည်းပညာလေ့လာနေသူတိုင်းအတွက် လင့်ယူနည်း လင့်ချနည်း မျိုးစုံကို လေ့လာနိုင်တဲ့ ဆော့ဝဲကောင်းလေးပါ။
မိမိဖုန်းထဲက သီချင်း ဆော့ဝဲ ဗီဒီယိုတွေကို Online မှာ သိမ်းထားချင်သော်လည်းကောင်း ၊ Facebook နှင့် Viber က သူငယ်ချင်းတွေဆီ Link အဖြင့်နဲ့ မျှဝေချင်သော်လည်းကောင်း အသုံးပြုနိုင်ပါတယ်။
ဖုန်းပညာမှာ သူများထက် သာချင်တယ်ဆိုရင်တော့ ဒီဆော့ဝဲနဲ့ Link ယူနည်း Link ချနည်း နှင့် အကောင့်ဖွင့်နည်းတွေကို ပုံနှင့်တကွ လေ့လာနိုင်ပါပြီ။
နမူနာပုံ လေးတွေကြည့်ပြီး အောက်မှာဒေါင်းယူနိုင်ပါတယ်။ File Size, 2MB

အားလုံးအဆင်ပြေပါစေ...
ဘယ်သူမဆို ဒီဆော့ဝဲလေးကို ပြန်လည်မျှဝေနိုင်ပါတယ်။
⏩⏩ဆော့ဝဲလ်ဒေါင်းရန်

Thursday, March 1, 2018

🚩 OTG ဆိုတာ ဘာလဲ ..? ဘယ်လို အသုံးဝင်လဲ ..?


တစ်ခါတစ်ရံမှာ လူတွေအတွက်အသုံးအဝင်ဆုံး အရာတွေကို စိတ်ဝင်စားစရာမကောင်းတဲ့ ခပ်တုံးတုံး နာမည်တွေ ပေးလေ့ရှိကြပါတယ်။ စိတ်ဝင်စားစရာမကောင်းတဲ့နာမည်တွေကပဲ လူတွေအတွက် စိတ်လှုပ်ရှားစရာ အကောင်းဆုံး အရာတွေ ဖြစ်နေတတ်ပါတယ်။ ဥပမာပြောရရင် OTG ပေါ့။ OTG ဆိုတဲ့နာမည်ကို မြင်ရုံ ကြားရုံနဲ့ “ဒါဘာလဲ” ဆိုပြီးစူးစမ်းလေ့လာချင်စိတ်တွေမဖြစ်ဘဲ မမြင်ချင်ယောင်ဆောင်ပြီး မျက်နှာလွှဲသွား နိုင်ပါတယ်။ အခုလက်ရှိ စမတ်ဖုန်းတွေမှာ ရေပန်းစားလာတဲ့ OTG ဆိုတာဘာလဲ . . . ? ဘယ်လို အသုံးဝင်တာလဲ . . . ? ဆိုတာ လေ့လာကြည့်ရရင် . . .

OTG

OTG ဆိုတာ On-The-Go ရဲ့ အတိုကောက်ဖြစ်ပြီး OTG (ဒါမှမဟုတ်) USB OTG ဆိုပြီး ခေါ်ကြပါတယ်။ OTG နည်းပညာကို (၂၀၀၁) နှောင်းပိုင်းမှာ စတင်အသုံးပြုခဲ့ပြီး USB Device တွေကို အခြား USB/Mobile Device တွေ ( ဖုန်း၊ ကင်မရာ၊ Mouse၊ Keyboard၊ Memory Stick၊ External Hardisk စတာတွေ ) နဲ့ အလွယ်တကူ ချိတ်ဆက်အသုံးပြုနိုင်ဖို့ တီထွင်ဖန်တီးခဲ့တာဖြစ်ပါတယ်။ အရင်က mobile device တွေအချင်းချင်း USB နဲ့ ချိတ်ဆက်လို့မရပါဘူး။ ဥပမာ ဖုန်းကို Mouse ၊ ဒါမှမဟုတ် Keyboard နဲ့ USB ကတစ်ဆင့် ချိတ်လို့မရပါဘူး ။Mac (ဒါမှမဟုတ်) PC တွေနဲ့ပဲ USB နဲ့ချိတ်ဆက်နိုင်တဲ့အတွက် Data တွေကို ကူးယူဖို့ Mac/PC တွေကို ကြားခံအနေနဲ့ တစ်ဆင့်အသုံးပြုကြရပါတယ်။ အဲလိုမသုံးချင်ရင်လည်း Mobile Device ထဲက Memory Card တွေကိုထုတ်ပြီး အခြား Device ထဲကို ထည့်ကာ ကူးယူမှအဆင်ပြေပါတယ်။ Bluetooth တို့ WiFi တို့လို့ Wireless စနစ်တွေပေါ်လာတဲ့အခါ Data တွေကူးယူရတာ ပိုမိုလွယ်ကူအဆင်ပြေသွားပေမယ့် များပြားလှတဲ့ Data တွေကို ကူးယူတဲ့အခါ USB နဲ့ကူးရတာလောက် အဆင်မပြေတဲ့အပြင် အမျိုးအမျိုးသော Error တွေကို ကြုံတွေ့ကြရပါတယ်။ အဲ့ဒီအတွက် USB OTG ပေါ်လာတဲ့အခါ Mobile Device အချင်းချင်း ချိတ်ဆက်ဖို့ နဲ့ Data တွေကူးယူဖို့အတွက် အသုံးအဝင်ဆုံး နည်းပညာတစ်ခုဖြစ်လို့လာပါတယ်။

USB OTG Adapter

USB OTG Adapter ဆိုကတော့ ပုံမှာပြထားတဲ့ device တွေကို ခေါ်တာဖြစ်ပါတယ်။ ဖုန်းကို အခြား USB Device နဲ့ ချိတ်ဆက်ပြီး Data တွေကို Quick Access ရရှိဖို့ ၊ ကူးယူဖို့အတွက် အသုံးဝင်ပါတယ်။
ဖုန်းရဲ့အားသွင်းတဲ့ အပေါက်မှာ OTG Adapter ကိုတပ် ၊ တစ်ဖက်က USB အပေါက်မှာ အခြား USB device တစ်ခုခု (ဥပမာ Memory Stick ၊ Hardisk) ကိုတပ်ပြီး USB device ထဲက Data တွေကို ဖုန်းပေါ်မှာ အသုံးပြု နိုင်မှာဖြစ်ပါတယ်။ ဒါတင်မကဘဲ ဖုန်းကို Mouse, Keyboard, MiDi Keyboard, Game Controller အစရှိတဲ့ အခြားသော USB Device တွေနဲ့လည်း ချိတ်ဆက်အသုံးပြုနိုင်မှာဖြစ်ပါတယ်။

ဒါ့အပြင် ဖုန်းတစ်လုံးနဲ့ တစ်လုံးချိတ်ဆက်ပြီး “Phone to Phone Charging” လို့ခေါ်တဲ့ ဖုန်းတစ်လုံးကနေ အခြားတစ်လုံးကို Battery အား လွှဲပြောင်းပေးတာမျိုး လုပ်ဆောင်နိုင်ပါတယ်။ ပိုမိုအဆင်ပြေတဲ့ နောက် device တစ်ခုကတော့ USB OTG Stick ပါ။

USB OTG Stick

USB OTG Stick ကတော့ OTG Adapter နဲ့ USB Stick ကို ပေါင်းထားတဲ့ device တစ်ခုဖြစ်ပါတယ်။တစ်ဖက် မှာ ဖုန်းနဲ့ ချိတ်ဖို့ ခေါင်းနဲ့ အခြားတစ်ဖက်မှာတော့ PC နဲ့ ချိတ်ဖို့ USB ခေါင်းပါဝင်ပါတယ်။

OTG Adapter ကြားခံ မလိုဘဲ ဖုန်းနဲ့ တိုက်ရိုက်ချိတ်ဆက်နိုင်ပါတယ်။ သာမန် Memory Stick တွေလဲ 4GB, 8GB, 16GB စသဖြင့် Storage ပမာဏ တွေပါဝင်တဲ့အတွက် ဖုန်းရဲ့ External Storage တစ်ခုလိုအသုံးပြုနိုင်မှာဖြစ်ပါတယ်။

OTG Adapter နဲ့ OTG Stick တွေကို ဖုန်းနဲ့ချိတ်ဆက်အသုံးပြုဖို့အတွက် လက်ရှိသုံးနေတဲ့ဖုန်းက USB OTG ကို Support လုပ်ဖို့လိုပါတယ်။

Android Device တွေမှာ OTG Support လုပ်မလုပ် ဘယ်လိုသိနိုင်မလဲ . . . ?
လွန်ခဲ့တဲ့ (၂) နှစ်အတွင်းမှာ ထွက်ရှိခဲ့တဲ့ စမတ်ဖုန်းတွေဆိုရင်တော့ သေချာပေါက် OTG Support လုပ်ပါတယ်။ အချို့ဖုန်းတွေမှာတော့ Setting ထဲမှာ OTG setting ဆိုပြီး သပ်သပ်ပါဝင်ပါတယ်။ တိတိကျကျ သိရင်တော့ မိတ်ဆွေ ဟောင်းကြီးဖြစ်တဲ့ Google ပေါ်မှာ ရိုက်ရှာကြည့်ရင် ပိုအဆင်ပြေပါလိမ့်မယ်။ USB support လုပ်တဲ့ စမတ်ဖုန်းတွေမှာလည်း သတိထားစရာအချက်တစ်ခုရှိပါတယ်။ အချို့ဖုန်းတွေက Data Storage အများကြီးကို လက်မခံနိုင်ပါဘူး။ ဥပမာ 64GB အထိပဲ လက်ခံတာမျိုး ၊ 128GB အထိပဲ လက်ခံတာ မျိုးပေါ့။ Memory Stick လောက်ပဲချိတ်ဆက်အသုံးပြုတာ ကိစ္စမရှိပေမယ့်။ 500GB (ဒါမှမဟုတ်) 1TB Harddisk တွေနဲ့ ချိတ်ဆက်အသုံးပြုမိရင်တော့ မနိုင်တဲ့ဖုန်းတွေဆိုရင် ဟမ်းသွားနိုင်တဲ့အပြင် Power ပါသေ သွားနိုင်ပါတယ်။ ဒါကြောင့် အများဆုံး 64GB (ဒါမှမဟုတ်) 128GB Stick တွေလောက်နဲ့ ပဲ ချိတ်ဆက်အသုံးပြု စေချင်ပါတယ်။

Android အတွက် OTG Adapter တွေနဲ့ OTG Stick တွေကတော့ ဈေးပေါပေမယ့် ၊ iOS အတွက်ကတော့ ဈေးကြီးပါတယ်။ လက်ရှိပြည်တွင်းဈေးကွက်ထဲက ဖုန်းဆိုင်တွေမှာ အလွယ်တကူဝယ်လို့ရနိုင်ပါတယ်​။        ။

THWIN (Technology)
#Credit; Original

Tuesday, February 20, 2018

🚩Lucky Patcher [ Last Version - 7.0.6 ]

Android application တွေကို fullversion ဖြစ်အောင်လုပ်ပေးမယ့်LuckyPatcher ဆော့ဖ်ဝဲ လေးတစ်ခုပါ။ တချို့သောAndroid apk တွေဟာဆိုရင်"လိုင်စင်ကီး"တောင်းတာတို့ဝယ်ခိုင်းတာတို့ ပြီးတော့မျက်စိနောက်စရာကြော်ငြာတွေပါနေတာမျိုးတွေရှိတတ်ပါတယ်။အဲလိုမျိုးဖြစ်နေတဲ့apkတွေကိုအခုဒီsoftwareလေးကFull Versionဖြစ်အောင် ပြုလုပ်ပေးပါလိမ့်မယ်။Android apk တွေကို လိုင်စင်ကီးတောင်းရင် ဒါလေးနဲ့ ထပ်မတောင်းတော့အောင် ဖြုတ်ပေးလို့ရပါတယ်​။ဒါ့အပြင် Google Ads ဖြုတ်တာတို့ License Verfication ဖြုတ်တာတို့မှာပါတော်တော်အဆင်ပြေစေပါတယ်။android apk တွေကို full version ဖြစ်အောင်လုပ်ပေးနိုင်တဲ့ဆော့ဖ်ဝဲ လို့တောင်မှနာမည်ကြီးပါတယ်။အဲ တခုရှိတာက ဒီဆော့ဖ်ဝဲကိုသုံးမယ်ဆိုရင်တော့မိမိတို့ဖုန်းဟာRooted ဖြစ်ထားရပါမယ်Root ဖြစ်ပြီးသားဖုန်းတွေပဲအသုံးပြုလို့ရမှာပါ။ apk file size 3.7 MB လောက်ပဲရှိပြီး androidversion2.0 နှင့်အထက်ဖုန်းများ ဒီဆော့ဖ်ဝဲ ကိုအသုံးပြုနိုင်ပါတယ်။
⏩ ဒီမှာဒေါင်းပါ ⏪

Monday, February 19, 2018

🚩 Facebook Name အလန်းရေးနိုင်တဲ့ ဆော့ဝဲလ်

#Font Changer Pro
#Facebook Name ကို အလန်း symbols ,emojis ,letters
လေးတွေရေးပြီးတော့ name style လေး change လိုက်ကြရအောင်
သုံးနည်းလေးကတော့ app aလးထဲဝင် ကိုယ်ကြိုက်သလို့ style
လေးရေး ပြိးရင် copy ယူ
Fbမှာ name change boxမှာ paste လုပ်ပေးရင် အလန်းဆုံး
fb နာမည်လေးပြောင်းလို့ပြီးပါပီ App လေးကတော့
အောက်ကလင့်မှာ ဒေါင်းယူပါနော်

#နမူနာလေး ကြည့်ပါ။

✔ Text Arts
█████████
█▄█████▄█
█▼▼▼▼▼

█▲▲▲▲▲
█████████
██ ██

✔ Cool letters ⓐⓑⓒΔβĆ
✔ Symbols and Emojis 웃ღ♥✯♣😁🙉🌳🌷
✔ Decorations ılı.lıllılı.ıllı. ・*☆¸¸.•*¨*•
✔ Nicknames clans ✧årîgätø♬♡
☆ Shrug ¯\_(ツ)_/¯
☆ Lenny face ( ͡° ͜ʖ ͡°) ( ͡͡ ° ͜ ʖ ͡ °)
⏩ ဒီမှာဒေါင်းပါ ⏪

🚩 Computer Run Box အကြောင်းသိကောင်းစရာ


ကွန်ပျူတာစတင်လေ့လာအသုံးပြုနေသူတွေအတွက် Run box အသုံးပြုနည်းအကြောင်းကို နည်းနည်းပြောပြချင်ပါတယ်။ Run box ကိုဖွင့်မယ်ဆိုရင် Windows Key နဲ့ R ကို တွဲနှိပ်လိုက်ပါ။ ဒါမှမဟုတ် Search box မှာ Run လို့  ရိုက်ရှာလိုက်ပါ။ Run box ကို သုံးတာက ဘာနဲ့ တူသလဲဆိုတော့ သူဌေးနဲ့ သာမန်လူတန်းစားလိုပါပဲ။ သူဌေးက ရန်ကုန်သွားချင်တယ်ဆိုရင် လေယာဉ်စီးပြီး နာရီပိုင်းအတွင်း အရောက်သွားနိုင်ပေမယ့် သာမန်လူတန်းစာတွေ ပိုက်ဆံမတတ်နိုင်လို့ သို့ မဟုတ် ပိုက်ဆံကို မျှသုံးနေရလို့  ရထားနဲ့ ပဲ ရန်ကုန်သွားသလိုပါပဲ။ ကွန်ပျူတာမှာလည်း ဆရာကျကျ၊ Pro ကျကျ ကွန်ပျူတာအသုံးပြုသူတွေက Keyboard ကိုတစ်ချက်နှစ်လောက် ရိုက်လိုက်တာနဲ့ ကိုယ်ဖွင့်ချင်တဲ့ program က တန်းဖွင့်နေပြီးသား။ ကွန်ပျူတာသိပ်မသုံးတတ်သေးတဲ့ သူတွေဆိုရင် Notepad လေးဖွင့်နိုင်ဖို့ အရေး Start Menu\Windows Accessories\Notepad ဆိုတာကို သွားဖွင့်နေရတာ။ ကျနော်တို့ လည်း စသုံးတုန်းက ဖြစ်ဖူးပါတယ်။ ဘယ်သူ့ ကိုမှ နှိမ့်ပြောတာမဟုတ်ပါဘူး။ ဘာကြောင့် command run ကို အသုံးပြုရလဲဆိုတော့ အလွယ်နည်းမို့ အသုံးပြုတယ်လို့ ပြောရမယ်ထင်ပါတယ်။ တစ်ခုခုဖွင့်ဖို့  သူ့ နေရာအထိ ဝင်သွားပြီး ဖွင့်စရာမလိုပဲ Run box ကနေ command key ရိုက်ထည့်ပေးလိုက်ရုံနဲ့ ကိုယ်ဖွင့်ချင်တဲ့ program ဖွင့်လာမှာပါ။ ဥပမာဆိုကြပါစို့ ၊ ကွန်ပျူတာ user password ပြောင်းချင်တာကို control panel\user account ထဲအထိ ဝင်စရာမလိုပဲ Run box မှာ (Control userpasswords2) လို့ ရိုက်ထည့်ပေးလိုက်ရင် password reset လုပ်တဲ့ User Account box တစ်ခုကျလာမှာပါ။ အဲ့ဒီလိုပါပဲ တစ်ခြား pragram တွေကိုဖွင့်တဲ့ Run command တွေလည်းရှိပါတယ်။ ကွန်ပျူတာကို ဆရာကျကျ သုံးတတ်ချင်သူတွေအတွက အောက်မှာ အသုံးဝင် command line တွေ ပေးထားပါတယ်။
အောက်မှာပေးထားတဲ့ Run command တွေထက် တစ်ခြားဟာတွေလည်း ရှိသေးတယ်။

• To Access • Run Command
• Accessibility Controls • access.cpl
• Accessibility Wizard • accwiz
Add Hardware Wizard • hdwwiz.cpl
• Add/Remove Programs • appwiz.cpl
• Administrative Tools • control admintools
• Adobe Acrobat (if installed) • acrobat
• Adobe Designer (if installed) • formdesigner
• Adobe Distiller (if installed) • acrodist
• Adobe ImageReady (if installed) • imageready
• Adobe Photoshop (if installed) • photoshop
• Automatic Updates • wuaucpl.cpl
• Bluetooth Transfer Wizard • fsquirt
• Calculator • calc
• Certificate Manager • certmgr.msc
• Character Map • charmap
• Check Disk Utility • chkdsk
• Clipboard Viewer • clipbrd
• Command Prompt • cmd
• Component Services • dcomcnfg
• Computer Management • compmgmt
msc
• Control Panel • control
• Date and Time Properties • timedate.cpl
• DDE Shares • ddeshare
• Device Manager • devmgmt.msc
• Direct X Control Panel (if installed)* • directx.cpl
• Direct X Troubleshooter • dxdiag
• Disk Cleanup Utility • cleanmgr
• Disk Defragment • dfrg.msc
• Disk Management • diskmgmt.msc
• Disk Partition Manager • diskpart
• Display Properties • control desktop
• Display Properties • desk.cpl
• Display Properties (w/Appearance Tab Preselected) • control color
• Dr. Watson System Troubleshooting Utility • drwtsn32
• Driver Verifier Utility • verifier
• Event Viewer • eventvwr.msc
• Files and Settings Transfer Tool • migwiz

အားလုံးပဲဆင်ပြေကြပါစေ။

Crd….နည်းပညာ လေ့လာသူလေး

🚩 ခိုးပီးသား ဂိမ်း နှင့် မြန်မာပြည်က ဒေါင်းမရတဲ့ App တွေကို ရယူနိုင်မယ့် APK


ခိုးပြီးသား Game တွေဆော့ချင်ပေမယ့် ရှာမရဖြစ်နေသူတွေ၊ download ဆွဲပြီးကာမှ dataနဲ့obb မရှိလို့ ဆော့မရသူတွေ၊ COC,CR,Messenger စတာတွေကို play storeကနေ update တင်မရလို့ ဒုက္ခရောက်နေသူတွေ အတွက်ပါ။
ခိုပြီးသား Game တွေကို ဒီ apk ကနေဆွဲမယ် ဆိုရင် သူ့ဘာသာ zip ဖြည်ပြီး data,obb စတာတွေကို အလို အလျောက်ထည့်ပေးသွားမှာပါ။
တစ်ခုသတိပြုရမှာက download ဆွဲနေတဲ့အချိန်မှာ လိုင်းမကောင်းရင် upzip fail ဖြစ်ပြီး install တင်မရဖြစ်တတ်တာကြောင့် လိုင်းကောင်းချိန်မှာသာ အသုံးပြုစေချင်ပါတယ်။ ဖိုင်ဆိုဒ်လေးက 6Mb ထဲပါ။

Crd: Best4U
⏩ ဆော့ဝဲလ်ဒေါင်းရန် ⏪

Sunday, February 18, 2018

🚩 ဖုန်းထဲကနေမြေကွက်ဧရိယာတွေကို တိုင်းတာပေးနိုင်တဲ့ဆော့ဝဲလ်



အချိန်တိုတိုနဲ့ အိမ် ၊ခြံ ၊မြေ ၊လယ်ယာဧရိယာတွေကို အတိုင်းတာနိုင်ပါတယ်။ တကယ်အသုံးဝင်ဆော့ဝဲလေးမို့ လိုပ်အပ်သူများ ဖုန်းထဲမှာဆောင်ထားနိုင်ပါတယ်။ ဒီဆော့ဝဲကို Playstore ပိုက်ဆံပေးဝယ်ရမှာနော်!...အောက်ကလင့်မှာတော့ ဖရီးဒေါင်းယူနိုင်ပါတယ်။

#ဆော့ဝဲလမ်းညွှန်
⏩ ဆော့ဝဲလ်ဒေါင်းရန် ⏪

🚩 Android ဖုန်းအတွက် နည်းလမ်းပေါင်း ၁၀၀ ကျော် Apk

Android ဖုန်းသုံးတဲ့သူတွေအတွက် အရမ်းတန်ဖိုးရှိတဲ့ Apk လးတစ်ခုပါ ...
နည်းလမ်းပေါင်း 100 ကျော်ကို ထည့်သွင်းပေးထားပါတယ်။

⏩ ဆော့ဝဲလ်ဒေါင်းရန် ⏪

Monday, February 5, 2018

🚩 Oppo မြန်မာဖေါင့်

Oppo စမတ်ဖုန်းများအတွက် ၁၀၀% အဆင်ပြေသည့် မြန်မာဖောင့်
Zawgyi Oppo Font

Oppo ဟိုအရင်ကထွက်တဲ့ ဖုန်းတွေရော အခုနောက်ထပ်ထွက်တဲ့ဖုန်းတွေအတွက်ပါ ၁၀၀% မြန်မာစာအဆင်ပြေတဲ့ ဆော့ဝဲလေးတင်ပေးလိုက်ပါတယ်။
မြန်မာစာ မရရှိသေးတဲ့ Oppo စမတ်ဖုန်းများအတွက် အလွယ်ကူဆုံး မြန်မာဖောင့်ထည့်သွင်းပေးနိုင်သည့် တစ်ခုတည်းသော Zawgyi Oppo Font ဖြစ်ပါတယ်
⏩ ဆော့ဝဲလ်ဒေါင်းရန် ⏪

🚩 Reset နှင့် Restart အကြောင်းသိကောင်းစရာ

Reset နဲ့ Restart ဘာကွာလဲ ?
တစ်ချို့တွေ ပြောနေကြတာ ကြားဖူးပါတယ်။ Reset လုပ်တယ် Reset လုပ်တယ်ဆိုပြီး ပြောကြတာတွေ တွေ့ရပါတယ်။ သို့ပေမယ့် သူတို့လုပ်တာ တကယ့် Reset လုပ်တာမဟုတ်ပဲ ပါဝါကို အပိတ်အဖွင့် ပြန်လုပ်တာကိုပဲ Reset လုပ်တယ်ဆိုပြီး ပြောနေကြတာပါ။

Reset နဲ့  Restart နှစ်မျိုး ဘာကွာလဲမေးရင် တော်တော်ကို ကွားခြားမှုရှိပါတယ်။ Reset အကြောင်း မစခင် Restart အကြောင်းကို နဲနဲစပြောပါရစေ။

Restart ချခြင်း

အီလက်ထရွန်းနစ် ကိရိယာတွေမှာ Restart ဆိုတာဟာ ပါဝါကို အစအဆုံး ရှင်းသင့်တာ ရှင်းပီး ပြန်နှိုးလိုက်တာပါ။ Ram ထဲမှာ ကိန်းအောင်းနေတာ တစ်ချို့အချက်တွေ၊ storage ထဲမှာ ရှိတဲ့ temporary cache တွေ ဒါတွေကို ပြန်ဖျက် ပြန် run ပါ ။Restart မချခင် Save ထားတဲ့ အရာတွေအားလုံး စနစ်တကျနဲ့ Save သွားပါတယ်။ တစ်ချို့ installing တွေမှာ စက်ကို ပြန်လည်ပြင်ဆင် မွမ်းမံဖို့အတွက် Restart ချပေးသင့်ပါတယ်။
ဒီနေရာမှာ Restart နဲ့ Power on / off ကလည်း နဲနဲ ကွဲပြား တာကို သတိချပ်သင့်ပါတယ်။

Reset ချခြင်း

Reset ချခြင်းကို ဖုန်းမှာဆိုရင် အမျိုးအစားအမျိုးအမျိုး အနေနဲ့ တွေ့နိုင်ပါတယ်။ Setting Reset, Network Reset, Password Reset, Factory Reset စသဖြင့် အမျိုးမျိုး တွေ့ရပါတယ်။ Reset ချခြင်းရဲ့ အဓိက ဆိုလိုရင်းကတော့ Reset မချခင် Save ထားတဲ့အရာတွေ၊ install ထားတဲ့ အရာတွေ၊ ဒေတာတွေ၊ ပြောင်းလဲထားတဲ့ ဖန်ရှင်တွေ၊ Account တွေ အားလုံးကို save ထားတာကနေ ဖျက်ချပစ်လိုက်မှာ ဖြစ်ပါတယ်။ သို့ပေမယ့် Reset အမျိုးမျိုးရှိတဲ့အတွက် သီးခြားဆီ reset ချခြင်ရင်လည်း ရအောင် ဖန်တီးပေးထားပါတယ်။ Setting Reset ဆို ပြောင်းလဲထားတဲ့ ဖန်ရှင်တွေကို default state ကို ပြန်ပို့ပေးမှာ ဖြစ်သလို network, password, factory အစရှိတဲ့ Reset တွေကလည်း သက်ဆိုင်ရာ ကန်ပနီထုတ် State ကို အလွယ်တကူ ပြန်ရောက်သွားမှာပါ။ power reset တစ်မျိုးသာ စက်ရဲ့ boot စနစ်ကို သန့်စင်ပစ်ပြီး ဒေတာတွေကိုတော့ မဖျက်ပစ်ပါ။ စက်မှာ အမြဲတမ်း လုပ်စရာမလိုတတ်ပါ။ စက်ဟန်းသွားတာ၊ လေးသွားတာ စတဲ့အခြေအနေတွေမှာပဲ။ ပါဝါ reset က လုပ်သင့်ပါတယ်။ တစ်ချို့ကျတော့လည်း Restart ပဲ ချလိုက်ကြပါတယ်။ ...

ဒီလောက်ဆို စာဖတ်သူတို့လည်း သဘောပေါက်နိုင်လောက်ပီလို့ ယူဆပါတယ်။ အားလုံးလည်း မင်္ဂလာရှိသော နေ့လေးပိုင်ဆိုင်ပါစေ...

အသုံးလိုရင် share လုပ်ယူထားကြပါ။

credit:Thu Ra

#သုဝဏ္ဏနည်းပညာ

Thursday, February 1, 2018

🚩 Google Chrome ရဲ့လျှို့ဝှက်ချက် [ ၃၀ ]


Chrome' လို့ အမည်ရတဲ့ browser ရဲ့ လျှိ့ဝှက်ချက်ကလေးများကို ဖော်ပြလိုက်ရပါတယ်။

၁။ 'Chrome' ထဲမှာ ဖွင့်ထားတဲ့ စာမျက်နှာတစ်ခုကို desktop နဲ့ start menu ပေါ်ကို ခေါ်တင်ပြီး shortcut တစ်ခုအနေနဲ့ဖန်တီးနိုင်ပါတယ်။ ကိုယ်အသုံးများတဲ့ web စာမျက်နှာတစ်ခု (ဥပမာအားဖြင့် Gmail ဆိုပါတော့) အရငဆုံးဖွင့်ပြီး အလွယ်တကူနဲ့ပဲ စာရွက်ပုံ options မှာရှိတဲ့ ‘creat application shortcuts’ button ကို ကလစ်နှိပ်လိုက်ရုံပါပဲ။

၂။ Ctrl နဲ့ Shift key တွေကို ဖိထားပြီး အက္ခရာ 'N' ကို နှိပ်လိုက်မယ်ဆိုရင်တော့ (incognito) ဆိုတဲ့ window တစ်ခုကို ဖန်တီး ပေးမှာ ဖြစ်ပါတယ်။ ဒါဟာ Windows အသစ်တစ်ခုကို ဖန်တီး ပေးတဲ့ သဘောပဲ ဖြစ်တဲ့အတွက် Firefox ရဲ့ (Ctrl+N) command နဲ့ ဆင်တူပါတယ်။

၃။ Alt နဲ့ Home button ကို တွဲဖက်ပြီး နှိပ်ခဲ့မယ်ဆိုရင်တော့ Google Chrome ရဲ့ မူရင်း home page ကို ပြန်ရောက်သွားမှာ ဖြစ်ပါတယ်။ အဲဒီ homepage မှာ user တစ်ယောက် အသုံးများတဲ့ စာမျက်နှာတွေကို 'thumbnail' စီစဉ်ပေးထားတာကို တွေ့ရပါတယ်။

၎၊၊ Ctrl နဲ့ T ကို တွဲဖက်နှိပ်ရင်တော့ 'new tab' ကို ခေါ်ဆိုပေးမှာ ဖြစ်ပါတယ်။ တကယ် လို့ Tab တစ်ခုကို drag ဆွဲချမယ်ဆိုရင် window အသစ်တစ်ခုအနေနဲ့ ဖွင့်လှစ်ပေးပါလိမ့်မယ်။

၅။ 'icongnito window' အသစ်တစ်ခုနေနဲ့ homepage ပေါ်မှာ tumbnail icon တွေကို Right Click နှိပ်ပြီး ဖွင့်လှစ်လို့လဲ ရနိုင်ပါတယ်။

၆။ 'Ctrl, Shift နဲ့ T' တို့ကို တွဲဖက် နှိပ်လိုက်ရင်တော့ အရင်တစ်ခါ သုံးစွဲသွားပြီး ပိတ်သွားခဲ့ တဲ့ tab တွေကို ပြန်ခေါင်းဆောင်ဖွင့်လှစ်ပေးမှာ ဖြစ်ပါတယ်။ မီးပျက်လို့ပဲဖြစ်ဖြစ်၊ ရုတ်တရက် 'save' မလုပ် လိုက်မိတဲ့ web စာမျက်နှာ ကောင်းကောင်းတွေကို ပြန်လည် မှတ်မိဖို့အတွက် သိပ် အသုံးဝင် ပါတယ်။ Google chrome ဟာ အနိမ့်ဆုံး tab (10) ခုအထိ မှတ်မိနေပါတယ်။

၇။ Tab တွေ တစ်ခုနဲ့ တစ်ခုအကြားကို ခုန်ကျော် ဖြတ်သန်းဖို့အတွက်ကတော့ Ctrl key ကိုဖိနှိပ်ထားပြီး keyboard ရဲ့အပေါ် ဘားတန်းမှာရှိတဲ့ 1, 2, 3, 4, .....စတဲ့ number တွေနဲ့ ရောယှက် ဖိနှိပ်လို့ရပါတယ်။ ဥပမာ စာမျက်နှာ ငါးခုမြောက်ကို သွားချင်တဲ့အခါမှာ (Ctrl+5) ကို တွဲဖက် နှိပ်ရပါမယ်။

၈။ စာမျက်နှာတွေကို ခေါ်ယူစဉ်မှာ loading လုပ်တဲ့ စတိုင်ဟာ IE8 နဲ့ဆင်တူပြီး စက်ဝိုင်းကလေး လည်ပတ်နေတဲ့ ပုံသဏ္ဍာန် ရှိပါတယ်။ 'Ctrl' နဲ့ 'Tab'ကို တွဲဖက်နှိပ်လိုက် ရင် အဲဒီအချိန်မှာ လတ်တလော loading ခေါ်ယူနေတဲ့ page (tab) ဆီကိုရောက်ပါမယ်။

၉။ (Ctrl+Shift+Tab) တွေကို တွဲဖက်နှိပ်မယ်ဆိုရင်တော့ Ctrl+Tab နဲ့ ဆန့်ကျင်ဘက် အဖြေကို ရရှိမှာဖြစ်ပြီး ယခင် loading ခေါ်ယူပြီးခဲ့တဲ့ page ဆီကို ပြန်လည်ရောက်ရှိနိုင်ပါလိမ့်မယ်။

၁၀။ Firefox browser မှာ သုံးခဲ့သလို ကိုယ်ကြည့်ရှုနေတဲ့ စာမျက်နှာတွေကို စိတ်ကြိုက် နေရာချပြီး အထားအသို ရွှေ့ပြောင်းဖို့အတွက် mouse ကို ဖိထားပြီး drag ဆွဲယူရပါမယ်။

၁၁။ သိပ်ကြိုက်တဲ့ စာမျက်နှာတစ်ခုကို တွေ့ရတဲ့အခါမှာတော့ မှတ်သား bookmark လုပ်ထားဖို့ အတွက် 'Ctrl နဲ့ D' ကိုနှိပ်ရပါမယ်။ အဲဒီကမှ ပေါ်လာတဲ့ edit box ထဲမှာ ကိုယ့်စိတ်ကြိုက် အမည် ပေးတာနဲ့ folder တည်ဆောက်တာတွေကို လုပ်ဆောင်နိုင်ပါတယ်။ Address bar မှာ ရှိနေတဲ့ ကြယ်ပွင့် အဝါရောင်ကလေးကို click နှိပ်ပြီး bookmark လုပ်နိုင်ပါတယ်။

၁၂။ 'Ctrl နဲ့ B' ကို တွဲဖက်နှိပ်လိုက်တဲ့အခါ မှာတော့ bookmark bar ကို ခဏ ဖျောက် ပေးထား ပါတယ်။ မြင်ကွင်း ကျယ်ကျယ်ကို ကြည့်လိုသူတွေအတွက် အသုံးဝင်တဲ့ shortcut တစ်ခုပါပဲ။

၁၃။ Bookmark bar မှာ ရှိတဲ့ 'back' (အနောက်ကိုသွားတဲ့ button) လေးကို Right click နှိပ် လိုက်တဲ့အခါမှာ ကိုယ်ကြည့်ရှုခဲ့တဲ့ စာမျက်နှာတွေရဲ့ စာရင်းကိုတစ်ရက်ချင်းအလိုက် မှတ်တမ်း ရရှိ ပါလိမ့်မယ်။ အဲဒီရဲ့ အောက်ဆုံးမှာတော့ 'full story' ဆိုတဲ့ စာသားကို click နှိပ်လိုက်တဲ့အခါ new tab ဖွင့်လှစ်ပေးပြီး ကိုယ့် web စာမျက်နှာကို အပြည့်အဝ ပြန်လည်ရရှိပါလိမ့်မယ်။

၁၄။ History စာမျက်နှာကို အမြန်ဆုံး နည်းနဲ့ ရောက်ရှိချင်ရင်တော့ Ctrl နဲ့ H ကို တွဲဖက် နှိပ် ရ ပါမယ်။

၁၅။ Instory စာမျက်နှာဟာ install လုပ်ပြီး စတင်သုံးစွဲခဲ့ချိန်ကစလို့ နေ့စွဲ တစ်ခုချင်းစီ အလိုက် မှတ်သားပေးထားမှာ ဖြစ်တဲ့အတွက် မလိုအပ်တာနဲ့ အသုံးမကျတာတွေကို စိတ်ကြိုက် ဖျက်ပစ်ပြီး လိုအပ်သလို ဖွဲ့စည်းပြင်ဆင်ထားနိုင်ပါတယ်။

၁၆။ 'Ctrl နဲ့ J' ကို တွဲဖက်နှိပ်တဲ့အခါမှာ 'download' လုပ်တဲ့ page ကို ဖွင့်လှစ်ပေးပါလိမ့်မယ်။

၁၇။ 'Download' page ကို ရှင်းလင်းချင်တယ်ဆိုရင်တော့ link တစ်ခုချင်းအလိုက် Right နှိပ်ပြီး ပေါ်လာတဲ့ box ထဲက 'Remove' ကို ရွှေးချယ်လိုက်ရုံနဲ့ ကိစ္စပြတ်ပါတယ်။

၁၈။ 'Ctrl နဲ့ K' ဒါမှမဟုတ် 'Ctrl နဲ့ E' ဒီ shortcut ကတော့ address bar ပေါ်မှာ ရှာတွေ့ဖို့ ဖြစ် ပါတယ်။ ဟိုအရင်တုန်းက ရှာဖွေဖို့အတွက် 'google.com' ဆိုတာကို အရင်ရိုက်ပြီးမှ အဲဒီ search box ထဲကနေ တစ်ဆင့် ရှာဖွေခဲ့ကြရတယ် မဟုတ်လား။ အခုတော့ အဲဒီမှာရှိတဲ့ အဆင့်တစ်ခု ပြုတ် သွားပါပြီ။ address bar မှာကို တန်းပြီး ကိုယ်ရှာဖွေချင်တဲ့ text ကို ရိုက်ပြီး Enter ခေါက်လိုက် တာနဲ့ google ရဲ့ search engine ကို ချိတ်ဆက်မိသွားပြီး အဖြေကို တန်းပြီး ဖော်ပြပေးမှာ ဖြစ် ပါတယ်။ ဒီ command နှိပ်လိုက်စဉ်မှာ address bar မှာ "?" ပုံစံလေး ပေါ်လာပါလိမ့်မယ်။

၁၉။ Window ရဲ့ ထိပ်နားမှာ Right Click နှိပ်လိုက်ပြီး Task manager ကို ရွှေးချယ်လိုက်တဲ့ အခါမှာတော့ ဖွင့်ထားတဲ့ tab (စာမျက်နှာတစ်ခုချင်းအလိုက်) တွေရဲ့ memory သုံးစွဲနေပုံကို ဖော်ပြပေးမှာ ဖြစ်ပါတယ်။ အဲဒီအခါမှာ ကိုယ့် PC အတွက် ဘယ်စာမျက်နှာဟာ memory ကို သိသိသာသာ သုံးစွဲနေသလဲ ဆိုတာကို သိနိုင်ပြီး ပယ်ဖျက်နိုင်တဲ့အတွက် surfing လုပ်တဲ့အခါမှာ မြန်ဆန်လာတာကို ရရှိနိုင်ပါလိမ့်မယ်။

၂၀။ 'Shift နဲ့ Escape' ခလုတ်တွေကို တွဲဖက်နှိပ်တဲ့အခါတော့ chrome browser ရဲ့ Task manager ထဲကို ဆိုက်ရောက်ပါလိမ့်မယ်။

၂၁။ add-ons ကိုတော့ chrome မှာ plugins လို့ပဲ လတ်တလောမှာ ခေါ်ဆိုပါသေးတယ်။ Address bar မှာ 'about: plugins' ဆိုပြီး ရိုက်လိုက်တဲ့အခါမှာ ဘယ်လိုအမျိုးအစား plugins တွေကို install လုပ်ထားသလဲဆိုတာကို သိရှိနိုင်ပါတယ်။

၂၂။ Address bar မှာ ရိုက်နိုင်တဲ့ တခြား command တွေ ရှိပါသေးတယ်။
about: stats
about: network
about: histograms
about: memory
about: cache
about: dms

၂၃။ 'about: crash' ကို address bar ကို ရိုက်လိုက်တဲ့အခါမှာ တော့ crash ဖြစ်တဲ့ tab တွေကို တွေ့ရှိရပါလိမ့်မယ်။

၂၄။ Windows XP တစ်ခုတည်းမှာသာ အလုပ်အလုပ်တဲ့ easter egg လို့ခေါ်တဲ့ ပျော်စရာကလေး တစ်ခုကတော့ 'about: internets' ဖြစ်ပါတယ်။ address bar မှာ အဲဒီလိုရိုက်လိုက်တဲ့အခါမှာ ကိုယ့်ရဲ့ screen saver လေးတွေကို ဖော်ပြပေးပါလိမ့်မယ်။

၂၅။ Chrome ကနေ web page တစ်ခုရဲ့ source code တွေကို လွယ်လင့်တကူ ကူးယူဖို့အတွက် webpage မှာ right click နှိပ်ပြီး view source code ကနေ တစ်ဆင့် ကူးယူလို့ရပါတယ်။ အဲဒီနောက် 'inspect element' ဆိုတာကတော့ အဲဒီ webpsge ကို ပြင်ဆင်ရေးသားဖို့ပါ။ Developer တွေ အတွက် အလွန်အသုံးဝင်တဲ့ tool တစ်ခု ဖြစ်ပါတယ်။

၂၆။ Google chrome ကို ကိုယ့် PC အတွက် default browser အနေနဲ့ ထားချင်တယ်ဆိုရင်တော့ 'tools' button ကနေ options ကို ရွေး လိုက်ပါ။ အဲဒီ box ထဲမှာရှိတဲ့ 'Basics' tab ကို click နှိပ်ပြီး 'Make Google chrome my default botton' ကို click နှိပ်လိုက်ရုံပါပဲ။

၂၇။ အန္တရာယ်ရှိတဲ့ cookies တွေကို ဖျက်ချင်တယ် ဆိုရင်တော့ ညာဘက်မှာ ရှိတဲ့ Tools> options> under the hood ကိုရွေးချယ်ပါ။ အောက်ကို ဆင်းလိုက်ပြီး 'security section' ကိုရွေးပါ။ အဲဒီမှာ 'show cookies' ကို click နှိပ်ပါ။ ဒီထဲမှာက individual cookies ကို click နှိပ်ပြီး ဖျက်ပစ်နိုင်ပါတယ်။

၂၈။ History, cache နဲ့ browse လုပ်ထားခဲ့တဲ့ တခြား အချက်အလက်တွေကို ဖျက်ပစ် ချင်တယ် ဆိုရင် tools icon အောက်မှာရှိတဲ့ 'clear browsing data' ကို click နှိပ်ပြီး ဖျက်ပစ်နိုင်ပါတယ်။

၂၉။ တခြားသော ရောက်ရှိသွားလာခဲ့တဲ့ webpage တွေနဲ့ မှတ်တမ်းတွေကို ဖျက်ချင်တယ် ဆိုရင် လည်း 'clear browsing data' ကို click နှိပ်ပြီး ဖျက်ပစ်နိုင်ပါတယ်။

၃၀။ Browser history တွေကို clear လုပ်ပြီး ဖျက်ပစ်ခဲ့ပေမယ့် အသုံးများတဲ့၊ အဖိုးတန်တဲ့ google က ယုံကြည်တဲ့ page တွေကိုတော့ ပြန်လည်ခေါ်ယူလို့ ရပါတယ်။

အားလုံးအသိပညာဗဟုသုတများ တိုးပွားကြပါစေခင်ဗျာ။

Credit to ➡ Hnnine Htet Wint Kyaw

Monday, January 29, 2018

🚩 USB Strick အကြောင်းတစ်စေ့တစ်စောင်း

USB Stick နဲ့ ဘာတွေလုပ်နိုင်မလဲ👨‍💻

ကွန်ပျူတာနဲ့ အလုပ်လုပ်နေရသူတော်တော်များများ USB Memory Stick ကို
မသုံးဖူးတဲ့သူ မရှိလောက်ဘူးထင်ပါတယ်။ တစ်ချို့ User တွေကျတော့ USB Stickနဲ့ 
ဖိုင်တွေကူးဖို့ ၊သိမ်းဖို့ ၊ Windows တင်တာ စသည်ဖြင့် USB Memory Stick ရဲ့ 
အသုံးဝင်နည်းလမ်း အနည်းကျဉ်းလောက်ပဲ သိကြမှာပါ။ အဲ့ဒါကြောင့် မသိသေးတဲ့
သူတွေအတွက် USB Memory Stick လုပ်ဆောင်နိုင်တဲ့ အသုံးဝင်နည်းလမ်းတွေကို
ဖော်ပြပေးလိုက်ပါတယ်။ ဘာတွေလုပ်နိုင်တယ်လို့ ပဲ ဖော်ပြပေးသွားမှာပါ။ တစ်ခုချင်းစီရဲ့ 
အသုံးပြုနည်းတွေကို သိချင်ရင်တော့ နောက်မှပြန်ရေးတင်ပါမယ်။

1. သင့်ကွန်ပျူတာကို USB Stick နဲ့ အပိတ်၊အဖွင့်လုပ်နိုင်တယ်။
PREDATOR ဆော့ဝဲလ်တစ်ခုကို မိမိစက်မှာအရင် Install လုပ်ထားပြီး
သင့်ကွန်ပျူတာကို Lock ချတာ၊ ပြန်ဖွင့်တာတွေ လုပ်နိုင်တယ်။ တစ်စုံတစ်ယောက်က
မိမိကွန်ပျူတာ Password မသိပဲ ခန့် မှန်းပြီး လျှောက်ရိုက်ထည့်တဲ့ Password သို့ မဟုတ်၊ Top-Secret Password တွေနဲ့ ဖွင့်ဖို့ ကြိုးစားလာရင် "ACCESS DENIED" ဆိုတဲ့
စာသားတက်လာပါလိမ့်မယ်။ မိမိကွန်ပျူတာကို အသုံးမပြုတဲ့အချိန်မှာ USB Stick ကို
ထုတ်ထားလိုက်ရင် စက်က အမဲရောင် Screen ဖြစ်သွားပြီး Lock ကျသွားမှာပါ။
ပြန်သုံးချင်တဲ့အချိန် Stick ကို ပြန်ထိုးလိုက်ရင် Password ရိုက်ထည့်စရာမလိုပဲ
နဂိုမိမိသုံးနေတဲ့နေရာ ပြန်ရောက်သွားမယ်။

2.Wireless Networks တွေကို အလွယ်တကူချိတ်ဆက်နိုင်တယ်။
Windows OS တွေမှာ မိမိလက်ရှိသုံးနေတဲ့ Wifi name,Password နဲ့ တစ်ခြား
Information တွေကို USB Stick မှာ ကူးပြီး သိမ်းထားနိုင်တဲ့ Features တွေ
ပါဝင်ပါတယ်။ မိမိစက်ထဲက Wifi name, Password နဲ့ Network နဲ့ သက်ဆိုင်တဲ့
အချက်လက်တွေကို USB Stick ထဲ ထည့်သိမ်း။ ပြီးရင် တစ်ခြားစက်တစ်လုံးမှာ
ထိုးထည့်ပြီး Network ကို Password ထည့်စရာမလိုပဲ အလွယ်တကူချိတ်ဆက်နိုင်မယ်။

3.ReadyBoost လုပ်သုံးပြီး ကွန်ပျူတာကို မြန်ဆန်စွာအသုံးပြုနိုင်တယ်။
သင့်ကွန်ပျူတာမှာ Harddrive တွေလည်းအလုပ်လုပ်နှေးနေတယ်ဆိုရင်
ReadyBoost လုပ်ပြီး မြန်ဆန်စွာအသုံးပြုနိုင်ပါတယ်။ ReadyBoost လုပ်ထားခြင်းက
Harddrive ရဲ့  Cache အဖြစ် အလုပ်လုပ်နိုင်ပါတယ်။ Harddrive Cache ဆိုတာက
ဖိုင်တွေ တော်တော်များများကို အကြိမ်နှုန်းများစွား အသုံးပြုနေတာလို့ အလွယ်နည်း
မှတ်ထားလိုက်ပါ။ Cache တွေက Harddrive ထက် USB Stickကို
ပိုမိုမြန်ဆန်စွာ ဖတ်ရင် Windows OS ကလည်း USB Stick ပေါ်မှာရှိတဲ့
Cache တွေထံက Files တွေကို ပိုဖတ်နိုင်မယ်။ ဒါပေမယ့် SSD ဆိုရင်တော့
Cache က SSD ထက် နှေးကွေးတာကြောင့် ReadyBoost ကို သုံးလို့ မရနိုင်ပါဘူး။

4.Portable Web Server ထည့်ထားနိုင်တယ်။ သင်က Website တွေ
ရေးသားနေတဲ့ Web Developer ဆိုရင်တော့ Server2Go ကို USB Stick မှာ
ထည့်ထားပြီး Portable Web Server အဖြစ် သုံးနိုင်ပါတယ်။ Server2Go ထဲမှာ
WAMPP Server Stack ပါဝင်တာကြောင့် Apache, MySQL, PHP, and
Perl တွေလည်း အသုံးပြုနိုင်ပါတယ်။ သွားလေရာနေရာတိုင်းကို Server စက်ကြီး
သယ်နေစရာမလိုပဲ Stick ကို တစ်ခြားကွန်ပျူတာထဲမှာ ထိုးထည့်ရုံနဲ့ 
မိမိ Web Server ကို အလွယ်တကူအသုံးပြုနိုင်ပါတယ်။

5. Apps,Games နဲ့ အသုံးဝင် ဆော့ဝဲလ်တွေကို Portable အဖြစ်
Stick မှာ ထည့်ထားပြီးသုံးနိုင်တယ်။ မိမိစက်က ဆော့ဝဲလ်တွေ
ထည့်ထားတာများနေရင်၊ နောက်ထပ် Install လုပ်ဖို့ စက်မနိုင်တော့ဘူးဆိုရင်
USB Stick မှာ Portable လုပ်ထားပြီး အသုံးပြုနိုင်ပါတယ်။ ဒီနည်းကို
အသုံးပြုနေကြသူတွေ များပါတယ်။

6. Operation System တစ်ခုအဖြစ် လုပ်ထားနိုင်တယ်။ မိမိ Stick မှာ
တစ်ခြား OS တင်ထားပြီး လက်ရှိသုံးနေတဲ့ OS နဲ့ အလည့်ကျ အသုံးပြုလို့ ရတယ်။
ဥပမာ-အခုသုံးနေတာ Windows OS ဆိုရင် USB Stick မှာ တစ်ခြား
OS Linux တစ်ခု တင်၊ BIOS မှာ USB Stick နဲ့ Boot တက်ပြီး အသုံးပြုနိုင်ပါတယ်။
ကွန်ပျူတာတစ်လုံးတည်းမှာ Dual Boot လို Partition တစ်ခုစီမှာ OS တင်တာ
မဟုတ်ပဲ OS နှစ်ခုကို အလည့်ကျ အသုံးပြုနိုင်ပါတယ်။

7. နောက်ထပ် အသုံးဝင်နည်းလမ်းတွေ များစွာရှိပါသေးတယ်။
Third-Party Software တွေနဲ့ ပေါင်းပြီး အသုံးပြုလို့ ရတဲ့နည်းတွေလည်း
ရှိပါသေးတယ်။ USB Stick လေး ထိုးလိုက်တာနဲ့ ကွန်ပျူတာတစ်ခုလုံး
ဘာမှ လုပ်မရဖြစ်သွားအောင် လုပ်တဲ့နည်းတွေလည်းရှိပါတယ်။
မကောင်းမှုတွေကို အားမပေးတာရယ်၊ဖော်ပြလိုက်ရင် အန္တရာယ်ရှိနိုင်တာရယ်၊
စာရှည်ရင် ဘယ်သူမှ မဖတ်ကြတော့တာရယ်ကြောင့် မရေးတော့ပါဘူး။
အပေါ်မှာ ဖော်ပြခဲ့တဲ့နည်းလမ်းတွေထဲက လိုအပ်တဲ့ နည်းလမ်းတွေကိုသာ
ဖော်ပြပေးပါမယ်။ မိမိသိချင်တာကို Comment မှာ ရေးထားခဲ့ပါ။
နောက်နေ့ တွေမှာ အသုံးပြုနည်းတွေကို ပြန်ရေးတင်ပေးပါမယ်။

Crd: NetComplus.

Saturday, January 27, 2018

🚩 Battery Saver - Apk


ဘက်ထရီတာရှည်ခံအောင် ဒီ appလေးထည့်ထားနော်
မသုံးတဲ့ system တေကိုလည်း ဒီ appကနေပိတ်ထားပြိးတော့ ဘက်ထရီကို တာရှည်ခံစေပါတယ်
လိုအပ်တဲ့သူများအတွက်အောက်ကလင့်မှာ ဒေါင်းယူနိုင်ပါတယ်


⏩ ဆော့ဝဲလ်ဒေါင်းရန် ⏪

🚩 Viber ဗားလ်ရှင်းအသစ်

viber user များအတွက်
Viber ဗားရှင်းအသစ်လေးလာပါပြီနော်
အောက်လင့်မှာ ဒေါင်းယူနိုင်ပါတယ်နော်
👇🏻👇🏻
⏩ ဒီမှာဒေါင်းပါ ⏪

Thursday, January 25, 2018

🚩 Facebook ဗီဒီယိုတွေကို အလွယ်ကူဆုံးဒေါင်းမယ်


Facebook ထဲက Video ကိုဒေါင်းချင်သူများတွက် Log in ရုံဖြင့်လွယ်လွင့်တကူ ဒေါင်းယူနိုင်မဲ့ app လေးပါ။
အသုံးပြုရန် Video လေးအားနှိပ်လိုက်ရုံဖြင့်  (Play or download) လွယ်လွင့်တကူပေါ်လာ မှာဖြစ်ပါတယ်။
အသုံးလိုသူများ အောက်ပါလင့်မှာ ဒေါင်းယူပါ။

#ဆော့ဝဲလမ်းညွှန်
⏩ ဆော့ဝဲလ်ဒေါင်းရန် ⏪

Wednesday, January 17, 2018

🚩 Mi စမတ်ဖုန်း အသုံးပြုသူများ သိထားသင့်တဲ့ အချက်များ


Xiaomi ( Mi ) ဖုန်းတစ်လုံးကိုကိုင်ဆောင်တော့မယ်ဆိုရင် အောက်ပါအချက်လေးတွေကို သိထားဖို့လိုအပ်ပါ တယ်။ ဘာတွေလည်းဆိုတာကိုတော့ ဖတ်ကြည့်လိုက်ကြပါအုံး


(1) Softwareတစ်ခုခုသွင်းတော့မယ်ဆိုရင် Allow လုပ်ခိုင်းဖို့စက္ကန့်တွေ စောင့်ဆိုင်းနေရတာ
ဖြေရှင်းရန် – Setting >> Additional Setting >> Privacy >> Unknown Sources 

(2)Developer Option မတွေ့တာ
ကိုအမှန်ခြစ်ပေးလိုက်ပါ။
ဖြေရှင်းရန် – Setting >> About Phone >> MIUI Version ကို ခုနှစ်ချက်ဆက်တိုက်နှိပ်ပေးပါ။

(3)Download Size ပြသနာတက်ပြီး မဒေါင်းပဲရပ်နေတာ
ဖြေရှင်းရန် – Download Application ကိုရှာပါ အပေါ်ဘက်ထောင့်ရှိ အစက်လေးသုံးစက်မှ တစ်ဆင့် Setting ကိုဝင်၍ Download Size Limit ကို Unlimited ထားပေးပါ။

(4)Facebook ကနေ Message ကိုနှိပ်လိုက်ရင် Messenger တက်မလာတာ သို့မဟုတ် Messenger popup တက်မလာတာ
ဖြေရှင်းရန် – Setting >> Installed App >> Messenger >> Permission Manager >> အောက်ဆုံးက Display Popup Window ကိုအမှားလေးဖြုတ်လိုက်ပါ။

(5)Zapya ကချိတ်လို့ရပြီး ဘယ်ကိုမှပို့လို့မရတာ
ဖြေရှင်းရန် – Security Application ကိုရှာပါ Data Usage >> Restrict Data Usage >> Zapya ကို Data ရော WLAN မှာပါ အမှန်ခြစ်ပေးလိုက်ပါ။

(6)Ringtone ပြောင်းရန်မတွေ့တာ
ဖြေရှင်းရန် – (၁) Setting >> Sound >> Phone Ringtone>> အပြာဝိုင်းလေးနှင့် မြားလေးအောက်ဆိုက်နေသော Offline icon >> အောက်နားတွင် Browse >> ထိုမှတစ်ဆင့် ဖိုင်ထဲတွင် လိုသော Ringtone ပြောင်းပါ။

Famous and Useful MIUI Tricks for you

– Call Log ကိုဖွင့်၍ ထို Call Log တစ်ခုကို ဖိထားလျင် လုပ်ဆောင်နိုင်သော ဆောင်ရွက်ချက်များ ပါသည့် Pop up ပေါ်လာမည်။

– Message ဝင်လာပြီး မဖတ်ရသေးသည့် Message ကို ဖတ်ပြီးသားအဖြစ် သတ်မှတ်လိုပါက ထို Message ကို ဘယ်မှ ညာသို့ ဆွဲကြည့်ပါက Read ဖြစ်သွားပါလိမ့်မည်။

– Menu ခလုတ်ကိုဖိထားပါက လက်ရှိဖွင့်ထားသော App ၏ Setting တက်လာမည် ဖြစ်သည်။ ဥပမာ Call Log ကိုဖွင့်ပြီး Menu ကိုဖိထားပါက call setting တက်လာမည်။ Message ကိုဖွင့်ပြီး နှိပ်ပါက Message Setting

– ဘာ App မှဖွင့်မထားပဲ Menu ကိုနှိပ်ထားပါက Home Screen Edit mode အသင့်ဖြစ်နေသည်ကိုတွေ့ရမည်။ လက်နှစ်ချောင်းဖြင့် home screen ကို စုဆွဲလိုက်လျင်(pinch gesture) လည်း ထို mode ထဲရောက်သည်။

– လက်သုံးချောင်းဖြင့် မျက်နှာပြင်ကိုစုဆွဲလိုက်လျင် home page viewer ကိုရောက်သွားမည်ဖြစ်သည်။

– Home Screen ပေါ်ရှိ icon များတွင် Notification ဝင်ပါက 1,2,3 အစရှိသဖြင့် ပြလေ့ရှိသည် (ဥပမာ Facebook, Messenger) ထို icon ကိုနှစ်ချက်ဆက်တိုက် နှိပ်ပါက notification ကိုတိုက်ရိုက်ပြပေးသည်။

– Screen ပေါ်တွင် icon များပြန့်ကျဲနေပါက Menu ကိုနှိပ်ထားလိုက်ပါ။ ထို့နောက် ဖုန်းကို လှုပ်ခါ၍ icon များကို အလိုအလျောက် စီထားနိုင်ပါသည်။

– Lock Screen တွင် Home Button ကိုဖိထားပါက ဓာတ်မီးအဖြစ် အသုံးပြုနိုင်ပါသည်။

– Home ခလုတ်မှစ၍ ဘယ်ဘက်ကို ပွတ်ဆွဲလိုက်ပါက One Handed mode သို့ ဝင်ရောက်သွားမည်ဖြစ်သည်။

– ကင်မရာကိုဖွင့်၍ လက်ဖြင့် မျက်နှာပြင်ကို တစ်ချက်ထောက်ပါ။ ထိုအခါ ကင်မရာသင်္ကေတလေးနှင့် အဝိုင်းလေး ပေါ်လာမည်။ ထိုအဝိုင်းလေးကို လှည့်ခြင်းဖြင့် အလင်းချိန်နိုင်သလို ကင်မရာပုံလေးကိုနှိပ်၍ ဓာတ်ပုံ ရိုက်ကူးနိုင်သည်။

– Setting ထဲမှ Notification သို့ဝင်၍ Edit Carrier Name တွင် မိမိရေးလိုသော နာမည်ရေးပါ Status ဘားပေါ်ရှိ ဖုန်းလိုင်းတိုင် လေးများဘေးတွေ ထိုစာသား ပေါ်နေမည်။

– Setting ထဲမှ SIM Cards and Mobile Networks ထဲတွင် မိမိတို့ ကတ်နာမည်များ ပေးထားခြင်းဖြင့် Dial Pad တွင် ထိုနာမည်ပေါ်နေမည်။

– Setting >> Additional Settings >> Buttons ထဲသို့ဝင်၍ မိမိ နှစ်သက်ရာ ခလုတ်အလိုက် Function များရွေးချယ်နိုင်သည်။

– Home Screen Edit Mode ထဲဝင်ပါ။ ထို့နောက် မိမိ ထုတ်လိုသော app များကို လိုက်နှိပ်ပါ။ ၎င်းတို့သည် Dock ပေါ်တန်းစီ ရောက်သွားမည်ဖြစ်သည်။ ထို့နောက် pinch gesture ဖြင့် app လေးများကို Group ဖွဲ့လိုက်ပါ။ ထို Group ကို ဖိဆွဲပြီး အပေါ်ဘက်ရှိ Uninstall မှတစ်ဆင့် တစ်ပြိုင်တည်း ဖျက်ပစ်နိုင်သည်။

– Menu ခလုတ်ကိုတစ်ချက်နှိပ်လိုက်ရင် လက်ရှိ RUN နေသော app list ကိုတွေ့ရမည် ဖြစ်သည်။ ကြက်ခြေခတ်ကို နှိပ်လိုက်ရင် အားလုံး ပိတ်ပြီး ဖြစ်သွားမည်။ အကယ်၍ မပိတ်ချင်ပဲ အမြဲထားလိုသော app ရှိပါက ထို app ကိုအောက်သို့ အနည်းငယ်ဆွဲချကြည့်ပါ Lock ဖြစ်သွားမည်။ ပြန်ဖြုတ်လိုက နောက်တစ်ခေါက်ဆွဲချပါ။

– Lock Screen ကိုသင်လိုသလို ပြောင်းလဲနေအောင် Settings > Wallpaper > Choose Wallpaper > Daily Lock Screen မှတစ်ဆင့် ချိန်ယူနိုင်ပြီး လိုသလိုပြောင်းလဲနေမည်။

– Messaging ကိုဖွင့်ကာ Menu Key ကိုနှိပ်၍ Setting ထဲဝင်ပါ ။ထို့နောက် Check SMS for verification code ကို On ထားလိုက်ပါ .. OTP ကုတ်များဝင်လာလျင် copy ကူးရလွယ်အောင် စီစဉ်ပေးမည်ဖြစ်သည်။

– Notification ကိုဆွဲချ၍ Toggle များဘက်သို့ဝင်ကာ Guest mode ကိုဖွင့်ထားလိုက်ခြင်းအားဖြင့် သင့်ဖုန်းထဲက ဓာတ်ပုံတွေ မက်ဆေ့တွေ call log တွေကိုတစ်ခဏချင်း ဖျောက်နိုင်မည်ဖြစ်သည်။ Setting >> Additional Setting>> Privacy >> Privacy Protection ထဲမှာလည်း Guest mode ဖျောက်တာကို password ပေးပြီး ကာကွယ်ထားနိုင်ပါသည်။

– Camera ကိုဖွင့်ကာ Menu ကိုဖိထားပြီး Setting ထဲဝင်ပါ ထို့နောက် Scan QR code ကိုဖွင့်ထားလိုက်ပါ။ QR ကုတ်တွေကို သာမာန် ကင်မရာကနေ ဖတ်လို့ရပြီဖြစ်သည်။

– Call Log များ Message များကိုဖိထား၍ Block List ထဲတန်းထည့်နိုင်ပါသည်။

– သင့်ဖုန်းထဲက app များကို မိုဘိုင်းအင်တာနက် လုံးဝ အသုံးမပြုစေလိုပါက Security App မှတစ်ဆင့် Data >> Restrict Data Usage များကို စိတ်တိုင်းကျ ပြုလုပ်နိုင်ပါသည်။

– Volume Down or Up တစ်ခုခုကို နှိပ်လိုက်ပါက ခေါင်းလောင်း သင်္ကေတလေး ဖြင့်အသံအတိုးအကျယ် သင်္ကေတလေးပါလာမည်။ ထိုသင်္ကေတလေးကို ဖိထားလိုက်ပါက အသံများကို ချိန်ညှိသည့်နေရာတစ်ခု ပေါ်လာမည် ဖြစ်သည်။
Crd: ( မူရင်းသို့) ...

Tuesday, January 16, 2018

🚩 Viber [ version - 7.3.0.18 ] Update

အသစ်ထွက်ရှိလာပြီဖြစ်တဲ့ Viber v7.3.0.18 Apk
Viber ဗားရှင်းအသစ်က အရမ်းကိုသုံးလို့အဆင်ပြေလာပါပြီ။
အရင်ဗားရှင်းတွေတုန်းကလို စာပို့ ရင်ရောက်လိုက်မရောက်လိုက်ဖြစ်နေတာတွေ မရှိတော့ပါဘူး။
Video Call ခေါ်ဆိုရာမှာလည်း အထူးကောင်းမွန်လာပြီ ကြည့်လင်ပျက်သားစွာအသုံးပြုနိုင်ပါပြီး...
update ဗားရှင်းကိုမှ ကြိုက်နှစ်သက်သူများ အောက်မှာဒေါင်းယူနိုင်ပါတယ်။


share လုပ်ပြီးမျှဝေနိုင်ပါတယ်။
#ဆော့ဝဲလမ်းညွှန်
⏩ ဆော့ဝဲလ်ဒေါင်းရန် ⏪

Friday, January 12, 2018

🚩 Facebook Messenger [ 149.0.0.20.381 ] Update


Facebook Messenger ( 149 ) Update ပြုလုပ်ခြင်သူများ
အောက်မှာ ဒေါင်းနိုင်ပါကြောင်း ...

⏩ ဆော့ဝဲလ်ဒေါင်းရန် ⏪

🚩 Facebook [ Version 156.0.0.0.13 ] Update

Facebook ဗားရှင်း ( 156 )  Update လိုအပ်သူများ အတွက် ...

⏩ ဆော့ဝဲလ်ဒေါင်းရန် ⏪

🚩 Apk Editor Pro [ Last version ]

Apk Editor ဆိုရင် လူတိုင်းလိုလို သိကြမှာပါ ...
ခုတင်ပေးလိုက်တာကတော့ နောက်ဆုံးဗားရှင်းလေးပါ ...
လိုအပ်ရင်တော့ အောက်မှာ ဒေါင်းသွားပေါ့ ...

⏩ ဆော့ဝဲလ်ဒေါင်းရန် ⏪

Tuesday, January 9, 2018

🚩 Facebook [ Version - 154.0.0.29.385 ] Update


Facebook ဟာဗားရှင်းအသစ်ထွက်မလာတာတော်တော်ကြာခဲ့ပါပြီ။
တစ်ပတ်ကို ၂ ကြိမ် ၃ ကြိမ်လောက် Update ထွက်လာတတ်တဲ့ Fb ကတော့
ဒီတခါမထွက်ခဲ့တာ ၁ လနီးပါးလောက်ရှိသွားပါပြီ။
ဒီနေ့ဒီဇင်ဘာ ၉ ရက်နေ့မှာတော့ ၂၀၁၈ အတွက်ဦးဦးဖျားဖျား ဗားရှင်းအသစ်ကလေး
Update ထွက်ရှိလို့လာခဲ့ပါပြီ။
ဘာတွေထူးခြားလာမလဲဆိုတာကိုတော့ ကိုယ်တိုင်ပဲဒေါင်းယူအသုံးပြုကြည့်ကြပေါ့နော် ;)

#FacebookUpdate
⏩ ဆော့ဝဲလ်ဒေါင်းရန် ⏪

Friday, January 5, 2018

🚩 Laptop ကို ကျမ်းမာရေးနှင့်ညီညွတ်စွာ အသုံးပြုရန်နည်းလမ်း


Laptop အသုံးပြုခြင်းဖြင့်
ဖြစ်ပေါ်လာနိုင်တဲ့ ကျန်းမာရေး ဆိုးကျိုးကို
စာဖတ်သူတို့ သိရှိနားလည်သွားပြီလို့ ယူဆပါတယ်။

ဒါကြောင့် ယင်းဆိုးကျိုး များကို ရှောင်ရှားဖို့အတွက်
Laptop ဘယ်လို အသုံးပြု ရမယ်ဆိုတာ
အောက်ပါအတိုင်း မျှဝေလိုက်ပါတယ်။

- Get a Large Screen

Laptop ဝယ်တော့မယ်ဆိုရင်
မျက်နှာပြင်ခပ်ကျယ်ကျယ် ကို ရွေးချယ်ဝယ် ယူရန် လိုအပ်ပါတယ်။
ဒါမှ အာရုံကြောတို့ရဲ့ စူးစိုက် အလုပ်လုပ်ရမှုကို
လျော့နည်းစေပါတယ်။
အကယ်၍ မျက်နှာပြင်ခပ်သေးသေး၊
သယ်သွားသယ်လာအဆင်ပြေတာမျိုးကိုပဲ
လိုလားတယ်ဆိုရင်လည်း font size ကြီးကြီး အသုံးပြုရပါမယ်။ ဖန်သားမျက်နှာပြင်ထဲကအရာတွေကို
အလွယ်တကူ ကြည့်လို့ မြင်နိုင်အောင် ပြုလုပ်ထားရပါမယ်။
ဥပမာ- စာလုံးတွေကအစ ဆိုက်ကြီးအောင်
ပြောင်းလဲထားရမှာ ဖြစ်ပါတယ်။

- Use a Separate Mouse

Laptop မှာပါတဲ့ မော့က်စ်က အသုံးပြုလို့အဆင်မပြေပါ ဘူး။
နေရာ အကုန်အကျနည်းအောင် အဆင်ပြေသလို
မဖြစ်ဖြစ်အောင် ထည့်ပေးထား တာ ဖြစ်ပါတယ်။
လက်ရဲ့ ရွှေ့လျားမှုက ပုံမှန်မဟုတ်တဲ့အတွက်
လက်ကောက်ဝတ်ကို နာကျင်/အကြောလွဲ စေပါတယ်။
ဒါကြောင့် သီးခြား မောက်စ် တစ်လုံးဝယ်သုံးခြင်းဖြင့်
လက်ကောက်ဝတ်နာကျင်မှု ကို ရှောင်းရှားနိုင်စေ ပါတယ်။

- Level to the Eye

Laptop ရဲ့ ဖန်သားမျက်နှာပြင်ကို
မျက်လုံးနဲ့ တည့်အောင်ချိန်ပေးရမယ်။
ဘယ်ထောင့်၊ ဘယ် Angle ရှိရမယ်လို့
မတိုက်တွန်းလိုပါဘူး။
အသုံးပြုသူက အလွယ်တကူ လည်ပါင်း၊ ခေါင်း
အများကြီး လှုပ်ရှားစရာမလိုပဲ
ကြည့်နိုင်မြင်နိုင်တဲ့ Level မှာထားရပါမယ်။

- Use a Separate Keyboard

Laptop မှာ ပါဝင်တဲ့
ကီးဘုတ်က Screen နဲ့အရမ်းနီးကပ်ပါတယ်။
ဒီတော့  ဆိုးကျိုးက မျက်လုံး အမြင် အာရုံကို ထိခိုက်စေပါတယ်။
သာမန် PC တစ်လုံးအသုံးပြုသူများထက် ပိုဆိုးပါတယ်။
ဒါကြောင့် Laptop အသုံးပြုသူ အနေနဲ့
သီးခြား extension ကီးဘုတ်တစ်လုံး ဝယ်တတ်ပြီး
သုံးစေချင်ပါတယ်။ ဈေးနှုန်းလည်း သိပ်မကြီးပါဘူး။
သို့ပေမယ့် သယ်သွားသယ်လာရအဆင်မပြေဘူး။
သုံးဖို့အဆင်ပြေဘူးဆိုရင်လည်း Screen နဲ့သိပ်မနီးကပ်စေဖို့ အထူးသတိထားရပါမယ်။
လက်ဖျံကို ဆန့်တန်းလို့ရလောက်ထိ
ဝေးကွာစေဖို့ တိုက်တွန်းထားပါတယ်။

- Take a Break

Laptop အသုံးပြုသူများအနေနဲ့ ၂ နာရီကြာတိုင်း
ခဏအနားယူရ ပါမယ်။ ပြီးတော့ နာရီဝက်ကြာတိုင်း
မျက်လုံးကို ဖန်သားပြင်ရဲ့ အပြင်ဘက် ရှုခင်းဖြစ်ဖြစ်၊
ဝေးကွာတဲ့ နေရာတစ်ခုခုကို ကြည့်ရှုရပါ မယ်။
ခေတ္တ အနားယူပြီး အညောင်းပြေအညာပြေ မိနစ်ပိုင်းထ လမ်းလျှောက်ခြင်းကလည်း ကြွက်သားတွေထုံထိုင်း နာကျင်မှုမှ ကင်းဝေးသည့်အပြင် စိတ်ဖိအားလည်း ကျဆင်းပါတယ်။

- Recline Slightly

အထက်ပါအချက်များထဲကအတိုင်း သီးခြား ကီးဘုတ်၊
သီးခြား မောက်စ် အသုံးမပြုနိုင်ဘူး။
အသုံးမပြုချင်ဘူးဆို ရင် နောက်တစ်နည်းနဲ့ ရှောင် ရှားနိုင်ပါတယ်။
ဒါကတော့ ကိုယ်ဟန်အနေအထားမှန်တဲ့ ထိုင်ခုံမှာ
ထိုင်၍ အသုံးပြုခြင်း ဖြစ်ပါတယ်။
အာရုံစိုက်နေမှုက သတိထားပြီး ခုံရဲ့ ကိုယ်ဟန်အတိုင်း
ထိုင်နိုင်အောင် ကြိုးစားရပါမယ်။
ပြီးတော့ ခါးနဲ့ ကြော ညောင်းလာပြီဆိုရင်
မြေပြင်ညီ ကြမ်းပြင်/ ဆိုဖာတို့ မှာ ကျောခင်းပြီး
အကြောဆန့်ခြင်း ပြုလုပ်ရန် လိုအပ်ပါတယ်။
ပုံမှန် သုံးနေရင်း ခဏနားတဲ့အခါ
ထိုင်နေရင်း အကြောဆန့်တာမျိုးကလည်း
အညောင်းသက်သာစေပါတယ်။

အထက်ပါအချက်များအတိုင်း လုပ်ဆောင်သွားရင်တော့
Laptop အသုံးပြုရာမှာဖြစ်နိုင်တဲ့ ဆိုးကျိုးများကို
အနည်းနဲ့အများ ကာကွယ်ပေးသွားနိုင်မှာ ဖြစ်ပါတယ်။

မူရင်းရေးသားသူကိုCreditပေးပါတယ်။

Thursday, January 4, 2018

🚩 Android ဖုန်းနဲ့ သာမန် Blog တစ်ခုပြုလုပ်နည်း

မိမိ Android ဖုန်းဖြင့် သာမန် ဘလော့ လေးတစ်ခုပြုလုပ်ခြင်သူများ အတွက်ပါ ...
[ Mail ] တစ်ခုတော့ ရှိရပါမယ် ...
ပြုလုပ်ပုံ အဆင့်ဆင့်ကိုလည်း အောက်မှာ ပုံနဲ့တကွ လေ့လာနိုင်ပါတယ် ...
ကဲ Blogger တစ်ယောက်ဖြစ်ခြင်သူများ လေ့လာကြည့်ပါ ...

Crd: ဇော်မျိုးထက်










🚩 Window 7 [ 64-bit & 32bit ]


Windows 7 ချစ်သူများအတွက် ဒေါင်းရလွယ်ကူအောင် 9.3MB ရှိတဲ့ Windows 7

 [64-bit & 32bit]  လေးကို တင်ပေးလိုက်ပါတယ်ဗျာ။ အထူးသဖြင့် မြန်မာနိုင်ငံက 

သူငယ်ချင်းတွေ အတွက် အဆင်ပြေဆုံး  ဒေါင်းလင့်တွေပါ...အားလုံသူ

 အမြန်လေးနှင့် ဒေါင်းရလွယ်ကူအောင်လို့ပါဗျာ။ ဒေါင်းလို့ ရလာပြီရင်တော့ 

ဖိုင်ဖြေလိုက်ပါက  3.49GB  အပြည့် ရှိသွားမှာပါ။  အဆင်ပြေကြပါစေ။


Credit to original uploader

⏩ Download ⏪

🚩 TubeMate [ Last Version ]

ဝက်ဆိုဒ်ပေါင်းစုံက ဗီဒီယိုတွေကို အမြန်ဆုံးဒေါင်းယူနိုင်တဲ့ TubeMate ဗားရှင်းအသစ်
ဗီဒီယိုပေါင်းစုံ ဒေါင်းယူနိုင်တဲ့ ဆော့ဝဲကောင်းလေးတစ်ခုပါ။
နောက်ဆုံးထွက်ဗားရှင်းလေးပါ... ပုံလည်းပြောင်းသွားပြီး ဒီဇိုင်းလည်း သေသပ်လှပလာပါတယ်။မိမိစိတ်ကြိုက် ဗီဒီယိုတွေ ဒေါင်းရတာလည်း အရမ်းကို မြန်ဆန်လာပါတယ်။
TubeMate ဗားရှင်းအသစ်လေးနဲ့ လန်းချင်သူများ အောက်ကလင့်မှာဒေါင်းယူလိုက်ပါ။

⏩ ဆော့ဝဲလ်ဒေါင်းရန် ⏪

🚩 Facebook Account [ Security ] အကြောင်း


၁။ သင့်ရဲ့ Facebook Account ကို ဟက်ခံရလို့ ပါသွားပြှီဆိုရင်...ပြန်ဟက်ဖို့ မကြိုးစားပါနဲ့... ဘာလို့လဲဆိုတော့..Facebook Account hacking နဲ့ ပါတ်သက်လို့ အတွေ့အာကြုံရှိတဲ့ဗဟုသုတ ပြည့်စုံတဲ့လူရဲ့ လက်ထဲ ရောက်နေလို့ပါပဲ..။ သင့်ရဲ့ primary email ကို အသုံးပြုပြီး...မိမိ Facebook Account ကို recovery လုပ်ဆောင်ရန်သာ ရှိပါတယ်...

၂။ စည်းကမ်းချက် ၂ အနေနဲ့တော့..သင့်ရဲ့ Facebook Account password နဲ့ recovery လုပ်နိုင်တဲ့primary email password ကို မည်သည့်အခါမျှ တူအောင် မပေးပါနဲ့၊ ဥပမာ၊ Facebook AccountPassword သည် "12345" ဖြစ်ခဲ့မယ်ဆိုလျှင် primary email password သည် "abc0120" စသဖြင့် ဒါမျိုးဖြစ်သင့်ပါတယ်။

၃။ တတိယစည်းကမ်းအနေနဲ့တော့....သင့်ရဲ့ Facebook Account password ကို တစ်ပတ်၊ တစ်လစသဖြင့် ကာလတစ်ခု သတ်မှတ်ပြီး...ပြောင်းလဲ အသုံးပြုသင့်ပါ တယ်။ များသောအားဖြင့် အလုပ်ရှုပ်လို့ user တွေက ဒီလို အကျင့်ကောင်းလေးကို အသုံးမပြုကြပါဘူး။

၎။ Facebook ရဲ့ အကောင့်ဖွင့်တဲ့ primary email ကို အသုံးပြုတဲ့နေရာမှာ...ကျွန်တော်တို့အနေနဲ့
gmail ဖြင့် အသုံးပြုဖို့ အားပေးလိုပါတယ်။ Yahoo mail ကဲ့သို့ မေးလ်များ အသုံးပြုခဲ့မယ်ဆိုရင်လူကြီးမင်းရဲ့ အကောင့်အတွက် ဒုက္ခရောက်စရာလေးတွေ ကြုံလာနိုင်ပါတယ်..ဘာကြောင့်လဲဆိုတော့. Yahoo mail ကဲ့သိုမေးလ်များဟာ check in (၀င်စစ်ခြင်း) မ၀င်တာ ကြာလာတာနဲ့ အမျှ သင့်ရဲ့အကောင့်ကို deactivate (အကောင့်ရပ်ဆိုင်းခြင်း) လုပ်သွားတတ်လို့ပါပဲ။

၅။ မိမိနဲ့မသိတဲ့၊ မိမိမယုံကြည်ရတဲ့ သူတွေပို့လိုက်တဲ့ link တွေကို မည်သည့်အခါမျှ လက်မခံဖို့လိုပါတယ်။ တစ်ကယ်လို့ မမျှော်လင့်ပဲ လက်ခံလိုက်မယ်၊ နှိပ်မိလိုက် မယ်ဆိုရင်တော့...မိမိတို့ရဲ့၏အကောင့် password ကို မဆိုင်းမတွပဲ အမြန်ဆုံး ပြောင်းလဲဖို့ လိုအပ်ပါလိမ့်မယ်။

၆။ တစ်ကယ်လို့ သင့်ရဲ့ အကောင့်ကို သင်မသိပဲ တစ်ခြားလူတစ်ယောက် အသုံးပြုနေတယ်လို့ သံသယရှိလာခဲ့မယ်ဆိုရင်။ setting ထဲဝင် password ကို ပြောင်းပါ ပြီးရင် "Log me Out of other devices."ဆိုတာလေးကို click လုပ်ပြီး တခြား devices တွေနဲ့ အသုံးပြုခြင်းမှ ပိတ်ပေးဖို့လိုအပ်ပါလိမ့်မယ်။

၇။ Cyber Cafe, Internet Cafe စတဲ့ အများသုံး နေရာတွေမှာ သင် အသုံးပြုပြီးပြီ ဆိုရင်တော့သင့်ရဲ့ အကောင့် password ပြောင်းလဲဖို့ သတိပြုရပါလိမ့်မယ်။

၈။ Facebook အသုံးပြုဖို့ log in ၀င်တဲ့နေရာမှာ "Save Password for this site" စသဖြင့် သင့်ရဲpassword ကို သိမ်းဆည်းမလားလို့ မေးလာခဲ့ရင် Never save password စသဖြင့် သင့်ရဲ့ password ကို သိမ်းဆည်း ခြင်း မပြုလုပ်ဖို့ လိုပါတယ်.. ဘာဖြစ်လို့လဲဆိုတော့ သင့်ရဲ အင်တာနက်အသုံးပြုတဲ့ browser ကနေ သင့်ရဲ့ password ကို အလွယ်တကူ ခိုးယူသွားနိုင်လို့ပါပဲ။
ဒီအချက်လေးတွေဟာ..facebook အသုံးပြုသူများအတွက် မိမိရဲ့အကောင့် လုံခြုံရေးအတွက် အခြေခံ အချက်အလက် အချို့လေးတွေဖြစ်ပါတယ်။ သင်သာ ဒီအချက်အလက်လေးတွေအတိုင်း လိုက်နာပြီး အသုံးပြုခဲ့မယ်ဆို
ရင် မိမိရဲ့ facebook အကောင့် အလွယ်တကူ ဟက်ခံရနိုင်ခြေရာခိုင်နှုန်း အလွန်းနည်းပါးပြီ၊ အကယ်လို့ ဟက်ခံခဲ့ရမယ်ဆိုရင်တောင်မှ အလွယ်တကူ recovery ပြန်လုပ်နိုင်မှာ ဖြစ်ပါတယ်..

ဒီအချက်လေးတွေဟာ Facebook
Account အသုံးပြုသူ user များအတွက်...အထောက်အကူပြု နိုင်မယ်လို့ယုံကြည်ပါတယ်..၊
ကိုယ်စိတ်နှစ်ပါး ကျန်းမာရွင်လန်း ချမ်းမြေ့နိုင်ကြပါစေ.................
credia…ကိုဖီးနစ်


Tuesday, January 2, 2018

🚩 အင်္ဂလိပ် - မြန်မာ အဘိဓာန် [ Offline ]

Android ဖုန်းတွေမှာ ဆောင်ထားသင့်တဲ့ အကောင်းဆုံး (အင်္ဂလိပ် - မြန်မာ) အဘိဓာန်ဆော့ဝဲလ်လေးပါ
ဒီဆော့ဝဲလေးက တကယ်အသုံးဝင်တဲ့ (အင်္ဂလိပ် - မြန်မာ) အဘိဓာန်ဆော့ဝဲလေးပါ။ အလွယ်တကူ စကားလုံးတွေကို မြန်မြန်ဆန်ဆန်ရှာဖွေနိုင်ပြီး အသံဖိုင်အဖြစ်လည်း လေ့လာလို့ရပါတယ်။ နားမလည်တဲ့ စကားလုံးတွေကို လွယ်လွယ်ကူကူသိရှိနိုင်လို့ ဖုန်းမှာဆာင်ထားလိုက်ပါ။
ဖိုင်ဆိုက် 10Mb ထဲပါ...Offline အသုံးပြုရမှာပါ။

Crd: ဆော့ဝဲလမ်းညွှန်

⏩ ဆော့ဝဲလ်ဒေါင်းရန် ⏪

Monday, January 1, 2018

🚩 Window Auto Update ပိတ်နည်း

Windows 7/8/8.1/10 ကွန်ပျူတာတွေမှာwindows Auto Updateအလွယ်ပိတ်မယ်

Window အားလုံးအတွက် Windows Auto update 

အလွယ်ပိတ်နည်းလေးပါ။ဒီ Post လေးမှာတစ်ခုပြောချင်တာက

Windows 7 မှာဆိုရင် Window Update ကို Disable 

ထားရင် ပြဿနာမရှိပေမယ့်။ Window 10 မှာဆိုရင်တော့

Store ထဲမှာ Software တွေဒေါင်းမရဖြစ်တတ်ပါတယ်။

Windows 10 မှာဆိုရင် Manual ထားပေးလိုက်ပါ။

Crd: Losesleep, ဖုန်း ကွန်ပျူတာ နည်းပညာ












🚩 Computer Error အကြောင်း တစေ့တစောင်း


ဒီ Post မှာတော့ ကွန်ပျူတာမှာ ဖြစ်လေ့ဖြစ်ထ ရှိတဲ့ Error တွေ အကြောင်းကို အနည်းငယ် မျှဝေပေးချင်ပါတယ်။ ပထမဆုံး ပြောချင်တာက အပြည့်စုံဆုံး ရေးထားတဲ့ Post တစ်ခုတော့ မဟုတ်ပါဘူး။ Computer အသုံးပြုသူများနှင့် Hardware ပိုင်းကို လေ့လာနေတဲ့သူတွေအတွက် ဖြစ်လေ့ဖြစ်ထ ရှိတက်တဲ့ Error တွေအကြောင်းကို မျှဝေပေးခြင်းသာ ဖြစ်ပါတယ်။
Hang
ခင်ဗျားတို့ ကြုံဖူးလားတော့ မသိဘူး ။ ကွန်ပျူတာက သုံးနေရင်းနဲ့ အလုပ်ဆက်လုပ်လို့ မရအောင် အကြာကြီး Hang ဖြစ်ဖြစ်သွားတယ်။ အဲဒါ ဘာကြောင့်ပါလဲ …။
(1) Computer Memory မကောင်းရင် Hang ဖြစ်နိုင်ပါတယ်။
(2) CUP မှာ Heat အရမ်း တက်လာရင်လည်း Hang ဖြစ်နိုင်ပါတယ်။ ဒါပေမဲ့ အခု နောက်ပိုင်း ထုတ်တဲ့ CPU တွေကတော့ နည်းပညာ မြင့်လာပါပြီ ။ အပူချိန် 80 .C လောက်ရောက်လာရင် computer ကို Auto Shut Down လုပ်ပစ်ပါတယ်။
(3) ကွန်ပျူတာမှာ Memory တစ်ချောင်းထက်မက စိုက်သုံးခဲ့မယ်ဆိုရင်လည်း ဖြစ်နိုင်ပါတယ်။ ဘာဖြစ်လို့ ဖြစ်နိုင်တာလဲဆိုတော စိုက်ထားတဲ့ Memory နှစ်ချောင်းက မတူညီခဲ့တဲ့ အခါမျိုးမှာ ဖြစ်နိုင်ပါတယ်။ ဥပမာ Speed , Size ….etc
(4) Software တစ်ခုခုကြောင့်လဲ ဖြစ်နိုင်ပါတယ်။ အခုဆိုရင် ကျွန်တော်တို့က Online ကနေ တွေ့သမျှ software တွေ ကွန်ပျူတာမှာ Install လုပ်ပြီး စမ်းကြည့်ကြတယ်။ တစ်ခါတစ်လေမှာ အဲဒီ software နဲ့ computer system နဲ့ မကိုက်ညီတဲ့ အခါမျိုးတွေမှာ ဖြစ်တက်ပါတယ်။
(5) နံပါတ် (၅) အနေနဲ့ကတော့ Low Power ပေါ့။ ပါဝါ ကြောင့်လဲ ဖြစ်တက်ပါတယ်။ Computer မှာ ရှိတဲ့ Pwer Supply ကလည်း အရေးကြီးတယ်ဆိုတာကို သိစေချင်ပါတယ်။ တစ်ချို့က ဈေးသက်သာရင် ပြီးရော ဆိုပြီး တက်ကြတယ်။ လုံလောက်တော့ Watt ပမာဏ ရှိတဲ့ Power Supply မျိုးကို ရွှေးချယ်အသုံးပြုသင့်ပါတယ်။
Restart
ကွန်ပျူတာ ခဏခဏ Restart ဖြစ်စေတဲ့ အကြောင်းအရင်းတွေအနေနဲ့ကတော့ …….
(1) Memory မကောင်းရင် ဖြစ်နိုင်ပါတယ်
(2) Memory တစ်ချောင်းထက်မက စိုက်သုံးရင်လည်း ဖြစ်နိုင်ပါတယ်
(3) Graphic Card (VGA Card ) Restart ဖြစ်နိုင်ပါတယ်
(4) Power Supply မကောင်းရင်လဲ ဖြစ်နိုင်ပါတယ်။ ဥပမာ AC Power အ၀င်နည်းနေရင် computer က ခဏ ခဏ restart ကျသွားတက်ပါတယ်
(5) Motherboard မကောင်းရင်လည်း ဖြစ်နိုင်ပါတယ်။ ဘယ်လို မျိုးလည်းဆိုတော့ Motherboard ဆိုတာ ခင်ဗျားတို့ သိ့တဲ့ အတိုင်း ကွန်ပျူတာ System ဖုံးကို ဖွင့်လိုက်ရင်မြင်ရတဲ့ Circuit ပြားကြီးပဲလေ။ အဲဒီ Circuit ပြားကြီးက လုံးလုံးပျက်သွားရင် ကောင်းသား။ တစ်ကယ်လို့ မပျက်ပဲနဲ့ တစ်ချို့တစ်လေ ချို့ယွင်းနေခဲ့ရင်လည်း Computer ကို Restart ခဏ ခဏ ကျသွားစေနိုင်ပါတယ်။
(6) နောက်တစ်ခုကတော့ အားလုံး သတိမထားမိတဲ့ အပိုင်းလေးပါ။ ကျွန်တော်တို့ ကွန်ပျူတာ ဆင်တဲ့ အခါမှာ Hard Disk ကို ပေးတဲ့ Power လှိုင်းနဲ့ Computer System Fun ကို ပေးတဲ့ Power လှိုင်းကို အတူတူ ထားမိရင်လည်း Restart ဖြစ်နိုင်ပါတယ်။ အကောင်းဆုံးကတော့ သက်သက်ဆီ Power ပေးပြီး သုံးတာ ကောင်းပါတယ်။
Blank Screen or No Display
(1) ဒီ error မှာလည်း memory ပါပါတယ်။သူက မင်းသားပေါ့။ memory မကောင်းရင် no display ဖြစ်နိုင်ပါတယ်
(2) CPU (processor) မကောင်းရင်လည်း ဖြစ်နိုင်ပါတယ်
(3) Graphic Card မကောင်းရင်လည်း ဖြစ်နိုင်ပါတယ်
(4) Motherboard မကောင်း၇င်လည်း No Display ပါ။ Monitor မှာ ဘာမှ ပေါ်မှာ မဟုတ်ပါဘူး။
(5) နောက်တစ်ခုက memory အထိုင်မကျရင် ဖြစ်နိုင်ပါတယ်။ တစ်ကယ်လို့ computer မှာ system speaker တပ်ထားခဲ့ရင်တော့ beep အသံ အနေနဲ့ (အသံရှည်) ထုတ်ပေးပါတယ်။ ( တီ !!! ……… ဆိုတဲ့ အသံရှည်ပါ)
(6) နောက်တစ်ခု Memory စိုက်တဲ့ Slot ပျက်နေရင် no display ပါ။ beep အသံ အနေနဲ့ long beep ပါပဲ။ Computer ရဲ့ beep အသံတွေ အကြောင်းကိုတော့ နောက် Post တွေမှာ ရေးပေးပါမယ်။
(7) Motherboard ပေါ်က 3Volt Battery အားကုန်နေရင်လည်း ဖြစ်တက်ပါတယ်။ ဒါပေမဲ့ တစ်ချို့ motherboard တွေပဲ ဖြစ်တက်ပါတယ်။ အကုန်လုံးတော့ မဟုတ်ပါဘူး။
(8) နောက်တစ်ခုက တစ်ချို့ Motherboard တွေက CMOS Setting မှာ Frequency and Voltage Control ဆိုတဲ့ Feature ပါပါတယ်။ အဲဒီမှာ ချိန်တာ မှားနေရင်လည်း ဖြစ်တက်ပါတယ်။ အဲဒါဆိုရင်တော့ လွယ်ပါတယ်။ CMOS ကို Clear လုပ်လိုက်ရင်ပြန်ကောင်းလာပါလိမ့်မယ်။ Clear လုပ်တာကလဲ လွယ်ပါတယ် Motherboard ပေါ်က CMOS Clear လို့ ရေးထားတဲ့ Jumper ကို ဟိုဘက် ဒီဘက် ပြောင်းတက်လိုက်ရင် ရပါတယ်။ ဒါမှ မဟုတ် 3Volt Battery ကို ခဏ ဖြုတ်ထားပြီး ပြန်တက်လိုက်ရင် Clear (Default) ပြန်ဖြစ်သွားပါတယ်။
Parity Error (or) Blue Screen
Blue Screen Error ကတော့ နားလည်ရ ခက်တဲ့ error ပါ ။ ဖြစ်လေ့ ဖြစ်ထ ရှိတဲ့ Error တစ်ချို့ကို အောက်မှာ ဖေါ်ပြပေးထားပါတယ်။
(1) Memory မကောင်းရင် ဖြစ်တက်ပါတယ်။ (memory က နေရာတိုင်းမှာ ပါနေတယ်ဆိုတာ သတိပြုပါ)
(2) Motherboard မကောင်းရင်လည်း ဖြစ်နိုင်ပါတယ်။
(3) Hard Drive မကောင်းရင်လည်း ဖြစ်နိုင်ပါတယ်။
(4) Software တွေကြောင့်လဲ ဖြစ်နိုင်ပါတယ်။
များသောအားဖြင့်တော့ computer မှာ Blue Screen (or) Parity Error တက်လာရင် တော်တော် ကြောက်ကြတယ် ။ ဘာဖြစ်လို့လဲ ဆိုတော့ ဒီကောင်က Hexa No တွေနဲ့ ပြတာလေ ။ လူသိပ်နားမလည်နိုင်တဲ့ error တွေပေါ့ ။ လက်လှမ်းမှီသလောက်တော့ အောက်မှာ ရေးပြပေးထားပါတယ်။ တစ်ချို့ မသိ့တဲ့ error တွေဆို Hexa No ကို မှတ်ထားပြီး google မှာဖြစ်ဖြစ် ဘာကြောင့်ဖြစ်တာလဲ ဆိုတာ ရှာကြည့်ပြီး ဖြေရှင်းနိုင်ပါတယ်။
မှတ်ချက်။ ။ Blue Screen Error မှာ Hexa No တွေက တစ်ခါနဲ့ တစ်ခါ မတူပဲ အမျိုးမျိုး ပြနေရင် အဲဒါ Software တစ်ခုခုကြောင့် ဖြစ်နိုင်ပါတယ်။ သံသယ ရှိတဲ့ Software ကို ဖြုတ်ကြည့်ပြီး ပြန်စမ်းကြည့်ပါ။
ရှေ့ဆုံး ဂဏန်း (1xxxx) နဲ့ စရင် Motherboard Error ဖြစ်နိုင်ပါတယ်
ရှေ့ဆုံး ဂဏန်း (2xxxx) နဲ့ စရင် Main Memory ဖြစ်နိုင်ပါတယ်။ နောက်တစ်ခု Memory ကြောင့်လား သိ့ချင်တယ်ဆိုရင် ပြတဲ့ Hexa No တွေကို မှတ်ထားပါ။ ပြီးရင် နောက်တစ်ချိန် ပြန်ဖွင့်ကြည့်ပါ။ ပထမ ပြတဲ့ No တွေနဲ့ပဲ တူနေရင် memory ကြောင့် ဖြစ်နိုင်ပါတယ်
ရှေ့ဆုံးဂဏန်း (3xxx) နဲ့စရင် Keyboard Error ဖြစ်နိုင်ပါတယ်။
ရှေ့ဆုံးဂဏန်း (5xxxx) နဲ့ စရင် Graphic Card Error ဖြစ်နိုင်ပါတယ်။
ရှေ့ဆုံးဂဏန်း (14xxxx) နဲ့ စရင် Printer Error ဖြစ်နိုင်ပါတယ်။
ရှေ့ဆုံးဂဏန်း (17xxxx) နဲ့စရင် Hard Drive Controller Error ဖြစ်နိုင်ပါတယ်။
ရှေ့ဆုံးဂဏန်း (86xxxx) နဲ့စရင် Mouse Error ဖြစ်နိုင်ပါတယ်။
ဒီ Post အတွက်တော့ ဒီလောက်နဲ့ပဲ ရပ်လိုက်ပါတယ် .. အားလုံးပဲ ကောင်းသော နေ့လေး ဖြစ်ပါစေ ….
#Credit
#saoothu

🚩 Link ယူနည်း Link ချနည်းမျိုးစုံ ဆော့ဝဲလ်

နည်းပညာလေ့လာနေသူတိုင်းအတွက် လင့်ယူနည်း လင့်ချနည်း မျိုးစုံကို လေ့လာနိုင်တဲ့ ဆော့ဝဲကောင်းလေးပါ။ မိမိဖုန်းထဲက သီချင်း ဆော့ဝဲ ဗီဒီယိုတွေကို ...